Sunday, September 25, 2011

Adjustment of simple photo effect


ဘလော့လ်ကို ပစ်ထားလိုက်တာ တစ်လနီးပါးလောက်တော့ ရှိလောက်ပီ ထင်ပါတယ်။မရေးဖြစ်တဲ့ အကြောင်းရင်းကလည်း ကိုယ်တိုင်လည်း ကျောင်းက တတိယနှစ်စတက်ရတော့ မပြင်ဆင်သေးရတဲ့ အရာတွေ ပြင်ဆင်ရင်း ကိုယ်တိုင်လည်း ကျောင်းတက်ချိန်က အရင်နှစ်ကလောက် များလာတဲ့အတွက် လှည့်မကြည့် ဖြစ်သေးတာပါ။ခုနောင့်ပိုင်း ပြန်ရေးတော့မယ်လို့ စိတ်ကူးထားပါတယ်။တစ်ချို့ comments တွေက မေးထားတာတွေကို mail ကနေ တစ်ဆင့်မေးပါ။ခု တစ်ပတ်ကို ကျောင်းလေးရက်တက်ရတော့ အားလပ်ချိန်သုံးရက်ကို မျှပြီး ဘလော့လ်မှာ ရေးသွားပါ့မယ်။ကိုယ်တိုင်လည်း စိတ်ဝင်စားမှုရှိတာကိုး  အဲ့တော့ နောင့်ပိုင်း ပို့စ်တွေကို pdf file တွေ အလှည့်ကျတင်သွားပေးပါ့မယ်။ဘလော့လ်ကို မလာသည့်တိုင်အောင် ပို့စ်တွေကို ဒေါင်းလော့လ်ဆွဲယူပီးသားဖတ်ပါ။အကုန်လုံးက လေ့လာသမျှတွေ သိသမျှ မှတ်သလောက်နဲ့ ဖြစ်နိုင်သလောက်ကို ရေးတာပါ။

http://photoshoptutorials.ws/ ကို သွားရင်းနဲ့ photo effects လုပ်နည်းကို ကြည့်မိတာနဲ့ ဓတ်ပုံတစ်ပုံကို photo shop နဲ့ အလွယ်တကူ adjustment လုပ်တက်အောင်ပါ။အရင်ဆုံး photo effets ဆိုတာမှာ photo shop သုံးဖူးသူတိုင်း လုပ်နေကြဟာတွေ ရှိပါတယ် animation အပိုင်းတွေ plug in ပိုင်းတွေ ပီးတော့ text effets ပိုင်းတွေ ပြီးတော့ photo effects ပုံကို ဘယ်လို ပြင်မလည်းပေါ့။Easy ways လည်းဖြစ်တယ် လုပ်ရတာလည်း စိတ်တိုင်းကျတယ်။ခုတော့ cs အသီးသီးကိုဖွင့်ယူလိုက်ပါ။

အရင်ဆုံး နှစ်သက်ရာ ပုံတစ်ပုံကို Open ကနေရွှေးထည့်ပြီးတာနဲ့ photo shop layer ကနေ ပြထားသော တစ်ခြမ်းဖြူ တစ်ခြမ်းမည်းကနေ r click ခေါ်ယူပြီး နဂို layer ကို black and white လုပ်မည်ဖြစ်တဲ့အတွက် ပြထားတဲ့အတိုင်း Black & Whit … ကို ပေးလိုက်ပါတယ်။

ရလာသော black and white layer ကို အမည်းပြထားတဲ့အတိုင်း Soft light ယူပါတယ်။Black and white ကနေ Soft light ယူလိုက်ခြင်းပါ။ပြီးတာနဲ့ Window ကနေ Adjustments ကိုသွားပါတယ်((adjustment)လုပ်မည်ဖြစ်တဲ့အတွက် layer ကို))

ပြထားသော လက်ညိုးကို click ပေးပြီး ပုံတစ်ပုံမှာရှိတဲ့ (သစ်ရွှက်ရောင် စိမ်းဆို အစိတ်းကို ကလစ်ပီးလိုက်ညှိကြည့်ပါ အပွင့်ပေါ်မှာရှိတဲ့ အဝါဆို အဝါနဲ့ ပတ်သတ်သာကို လိုက်ညှိမယ်)(ဆိုလိုတာက ကလစ်ထောင့်ပြီး ပုံပေါ်က အစိမ်းရောင်ထောင့်မိတယ်ဆို အစိမ်းကို ပဲညှိမှာဖြစ်ပါတယ်)အားလုံးအဆင်ပြေ ပါစေဗျာ။အပေါ်ဆုံး တက်နိုင်သလောက် ညှိပီး simple ပြထားပေးတယ် ပုံတစ်ပုံပေါ့။
this post pdf ဒေါင်းယူပါ