Tuesday, May 31, 2011

Disappear hard disk partition clusters

ကျန်းမာရေးက တစ်ကြောင်းနဲ့ ဘလော့လ်ဘက်ကို မရေးဖြစ်တာပါ။ကျန်းမာရေးဆိုတာကလည်း နှာခေါင်းသွေးတွေ လျှံနေတာ လေးရက် ဆက်နေပီ တိတ်လည်း မတိတ်ဘူး အပူများတာလား ဘာလည်း တော့မသိတော့ဘူး။ဒီခတ်လ်ကိုက ရောဂါကပေါတာကိုး။အရင်ဆို ဘလော့လ်ပို့စ်ကို တစ်နေ့ကို တစ်ပို့စ်လောက်တော့ တက်အောင်ရေးနေကြပါ။ကိုယ်လည်း စိတ်ဝင်စားမှု ရှိတာကိုး ဒီအပိုင်းကို နောင့်ပိုင်း အရေးကျဲလာတယ် စာမေးပွဲက တစ်ဘက်နဲ့ ဆိုတော့ အားချိန်မျှရေးရတာ ခုလည်း ကျောင်းပိတ်တော့မယ်လေ အဲ့ကြမှ ပဲ အတိုးချ ရေးလိုက်တော့မယ်။ဂိမ်းကလည်း ဆော့လို့ကောင်းဆိုတော့ ဂိမ်းဘက်လှည့်လှည့်သွားတာ လည်း တစ်ကြောင်းပေါ့။


တစ်နေ့က ဝင်းဒိုးသုံးနေရင်းနဲ့ hard disk က partition နစ်ခန်းပျောက်သွားတယ်။ဒါနဲ့ My computer ကို r click ပေးပြီး Manage ကနေ Disk Management ကို သွားတော့ အပေါ်က ပြထားသော နေရာမှာ အားလုံး ဘာမှ လုပ်လို့မရပဲ ပျောက်သွားသော(စာလုံးတွေ မှိန်သွားပြီး Help တစ်ခု လောက်ပဲ နှိပ်လို့ရတာ) Partition အခန်းက Help ကြီးပဲတောင်းနေတယ်။အဲ့ဒါနဲ့ ဟက်ဒစ်က ရှိတာက ၃၂၀ ဂစ်လေ ပျောက်သွားတာက partition နစ်ခန်း ဂစ် ၁၀၀ လောက်နီးပါးလောက် ပျောက်နေတာ။ကိုယ်တိုင်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတာနဲ့ restart ချပီး ဟက်ဒစ်ကြိုး sata cable and power cable တွေ ပြန်တပ်ကြည့်တယ်။ပြီးတော့ motherboard က port sata ကြိုးတပ်တဲ့ ports များကို တစ်ခု ခြင်းဆီတပ်ပြီး detect ဖြစ်မဖြစ် တစ်ချက်ကြည့်တယ်။ဒါလည်း ဝင်းဒိုးတက်တယ်။ဒါလည်း ပျောက်သေးတယ်။ဒါနဲ့ မထူးဘူး အတွေးတစ်ခု ရတာနဲ့ ဟိုးအရင်တုန်းက partition manager နဲ့ paragon partition manager တွေနဲ့ပိုင်းပြဖူးပါတယ်။ဒါနဲ့ သတိရတာနဲ့ ဒီ paragon partition manager နဲ့ပဲ ပျောက်နေတဲ့ partition နစ်ခန်းကို ပြန်ပီး format ထုတ်ကြည့်တာ အဲ့မှာတော့ ပျောက်နေတဲ့ partition အခန်းက သွားပေါ်နေတာကို တွေ့ရတယ်။Format ရိုက်လို့၇တာလည်း တွေ့ရတယ်။အဲ့ကြမှ နစ်ပိုင်း ဂစ် ၁၀၀ လောက် တော့ပြန်ထွက်လာတယ်။ပီးမှ hard disk partition အခန်းများက Drive rename (drive letter) တွေကို ပြန်စီ ကြည့်မှ ကျွှန်တော် သုံးလို့ရသွားတယ်။ဒါပေမယ့် ကျွှန်တော်ဓတ်ပုံတွေ အားလုံးတော့ ပျောက်သွားတယ်။ဝင်းဒိုး ဒေါင်းထားတာတွေ လည်း တော်တော်များများပါသွားတယ်။
ဖြစ်ရသည့်အကြောင်းရင်းများ စပ်လျှဉ်းမိသလောက်-ကျွှန်တော့် စက်က ဟက်ဒစ်တွေကို ကျွှန်တော်က format အသေ ရိုက်နေကြပါ။ဥပမာ ဝင်းဒိုး တစ်ခုတင်တိုင်း ကျွှန်တော်ကိုယ်တိုင်က ငပျင်းလေ :P အဲ့လို drive cd or dvd room ကနေမတင်ပဲကျွှန်တော်က hard disk အချင်းချင်းကို ပြန်တင် အဲ့လိုတွေ လုပ်တာများလို့နဲ့တူတယ်။အောင့်ကလင့်မှာဖတ်ကြည်ပါ။ဝင်းဒိုးကို ဟက်ဒစ်က တင်ထားသည့် အကြောင်း ရင်းကို ယခင်ပို့စ်တွေက ကျွှန်တော်ရေးခဲ့ပြီးဖြစ်ပါတယ်။
http://www.phoothar.co.cc/2010/10/paragonpartitionmanagerv90professionalr_31.html
http://www.phoothar.co.cc/2011/02/easeus-partition-master-v651.html
Paragon partition manager ကိုသုံးချင်လျှင် အောင့်ကလင့်ကနေ ဒေါင်းယူပါ။နောင့်တစ်ခုက ဂျီတော့လ်မှာ တော်တော်များများ မြန်မာဖောင့်လ်ချက်ဘောက်မှာ ရိုက်လိုက်လျှင် ရပီး ကိုယ်ချက်ဘောက်ကနေ enter ခေါက်လိုက်လျှင် တစ်ဘက်မှာ လေးထောင့်ဖြစ်သွားတာ တော်တော်များများမေးတာနဲ့ ကျွှန်တော် သိသလောက် ဖြေပြထားပါ့မယ်။
တစ်ချို့က window ကို update ပေးတိုင်း ဥပမာ ie – 8 ကို update ပေးလိုက်လျှင် ie – 9 ကိုပြောင်းလိုက်တိုင်း Ie မှာ Internet Option ကနေ Zaw-gyi font ကိုရွှေးပေးလိုက်ရုံပဲ။အဲ့လိုတော့ တော်တော်များများ အဆင်ပြေတယ်။Exam ပီးမှပဲ ဆက်လက်ရေးသားတော့မယ်..။

Tuesday, May 24, 2011

Delete window boot screen choice and window - error


မရေးဖြစ်တာကြာသွားပီ ဖြစ်တဲ့အတွက် စာမေးပွဲ တစ်ဘက်နဲ့ ဘလော့လ်ပိုင်းကို မရေးဖြစ်တာပါ။နောင့်ပိုင်း ကျွှန်တော်က စာဖတ်ဖြစ်တာနဲ့ တက်နိုင်သလောက် ပြန်ရေးမယ်လို့တော့ စိတ်ကူးထားရှိထားတယ်။ခုလည်း စာမေးပွဲက သုံးလေးရက်လောက် ဆိုပြီးတော့မှာ ဖြစ်ပါတယ်။ရေးမယ့် error နစ်ခုကို အခြေခံပြီး ရေးသားမှာ ဖြစ်ပါတယ်။အပေါ်က ပြထားတာက window os partition နစ်ခန်းမှာ ဝင်းဒိုး နစ်ခု ဆောင်းထားခြင်းပါ။တစ်ခုက window vista and window 7 ပေါ့။Window 7 က partition D နှင့် Window Vista က partition C မှာ( အဲ့မှာမှ အနီပြထားတာက အဲ့ပါတီးရှင်း D မှာ os 7 systems files များကို format ၇ိုက်ထားပြီး ကွန်ပျူတာ ဝင်းဒိုးအတက်မှာ Boot ပေါ်တာကို တွေကို မြင်ဖူးမှာပါ။အောင့်က ပုံကို ဆက်လက်ကြည့်ပါ။



ဒါကို ဆိုလိုခြင်းပါ အဲ့မှာ ကွန်ပျူတာ အတက်မှာ ပေါ်နေသော window 7 boot choice ကို ဖျက်ထုတ်မှာပါ။(စဉ်းစားစရာ အချက်က ဝင်းဒိုး နစ်ခု ကို partition နစ်ခန်းမှာ တင်းထားမယ်ဆို ကိုယ်ဖျက်ချင်သော ဝင်းဒိုးကို အရင် format ဖိုင်အားလုံးကို ရိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ဒါဆို window systems များအားလုံးကုန်ပေးမယ့် အပေါ်က ပြတဲ့ choice boot တော့ပေါ်နေဆဲဖြစ်တယ်)အရင်တုန်းက window partition အခန်းတွေမှာဝင်းဒိုး နစ်ခု တင်တာကို ရေးထားပြီးဖြစ်ပါတယ်။Blogger Categories မှာ ရှာဖတ်ကြည့်လိုက်ပါ။)
အပေါ်ဆုံးက ဝင်းဒိုး 7 ကိုေ၇ွှးချယ်ပြီး Delete ကိုေ၇ွှးပေးလိုက်ပြီး အဆင့်လိုက် restart တောင်းပါလိမ့်မယ်။ပေးလိုက်ပါ။ပေးမှပဲ ဝင်းဒိုးအတက်မှာ အပေါ်က choice boot screen က တစ်ခု ပျောက်သွားမှာ ဖြစ်ပါတယ်။

နောင့် error တစ်ချက်က window မတက်ခင် (ဥပမာ ဝင်းဒိုး နစ်ခုကို ဟက်လ်ဒစ် နစ်လုံးမှာ တစ်လုံးချင်း ဆီ တင်ထားမယ်ဆို Boot Screen ကို ခေါ်ပေးရတယ်။လက်ရှိ ကျွှန်တော့် စက်က Foxcoon board ဆို Esc ကီးနဲ့ ခေါ်ယူရတာ ဖြစ်ပါတယ်)အောင့်က ပြထားတဲ့ ပုံကို ဆက်ကြည်ပ့ါ။

အပေါ်မှာ ပြထားတာက google ကနေ လွှယ်တကူလင့် ရှာဖွေထားတဲ့ပုံပါ။အဲ့စက်မှာ Esc နဲ့ boot screen ကို ခေါ်ယူပြီး ကွန်ပျူတာ စစဖွင့်ခြင်းပေါ့။ပြီးတာနဲ့ motherboard မှာ တပ်ဆင်ထားတဲ့ floppy ဝင်မယ် ပြီးတော့ Hard disk နစ်လုံး ဖြစ်တဲ့ SAMSUNG (company) hd (IDE လား sata လား Scsi ) လားတော့ မသိဘူး Delete နဲ့ Bios ထဲကို ဝင်ကြည့်မှ ဖြစ်ပါတယ်။ပြီးတော့ အောင့်မှာ ဝင်နေတဲ့ Sata အမျိုးအစား Cd-Room ကို ဆက်ပြပေးတယ် ပြီးတော့ Usb စက်မှ ထိုးထားလျှင် Usb စတစ်များနဲ့ သက်ဆိုင်ရာ Devices များကို ပြသပေးထားတာ ဖြစ်ပါတယ်။အဲ့အဆင့်က Boot deviceေ၇ွှးချယ်မယ့် အပိုင်းပါ။Memory stick နဲ့တင်လိုသူများ ဝင်းဒိုးကို မဟုတ်လည်း hard disk နစ်လုံး တပ်ဆင်ထားသူများ ဘယ်ဟက်ဒစ်လ်က ဝင်းဒိုးကို တက်စေခြင်သလည်းပေါ့။

ခု ပြောမယ့် error က safe mode က အပေါ်မှာ ပြထားတဲ့ အတိုင်းပါ။တော်တော်များများ Safe Mode ကို ဝင်းဒိုး ဘယ်လို အပိုင်းတွေမှာ ခေါ်ယူပြီး အသုံးပြုလို့ ရမှာကို သိပြီးသားဖြစ်ပါတယ်။ဆိုလိုချင်တာက ကွန်ပျူတာ တစ်နေ့က စက်ကိုဖွင့်လိုက်တယ်။Window 7 ကိုတက်ခိုင်းလိုက်ပြီး Welcome screen မှာ ရပ်နေတယ်။ဒါနဲ့ စက်ကို restart ပြချ ပြန်လုပ်ကြည့်တယ် ဒါလည်း ဒီနားမှာ ရပ်နေတုန်းပဲ။ဝင်းဒိုးက ဘာဖြစ်တာလည်း မသိဘူး။ဝင်းဒိုးလည်း မတင်ချင်ဘူး ပျင်းတယ်လေ ကိုယ်တိုင်ကို က :P အဲ့တော့ ကွန်ပျူတာကို ထပ် restart ချပြီးတာနဲ့ esc နဲ့ Boot device ကို ရွှေးချယ်ပီး f8 ကီးကို ခေါ်ယူ (board အလိုက် ကီးဘုတ်ခေါ်ယူမှု ကွာ ခြားနိုင်ပါတယ်)ပြီးတာနဲ့ အပေါ်က ကျွှန်တော်က အစက Last Known configuration ( ဝင်းဒိုးနောင့်ဆုံးအခြေအနေကို ခေါ်ယူကြည့်တယ်)ဒါလည်းရပ်နေတုန်းပဲ ။အဲ့ဒါနဲ့ မထူးဘူး ဆို Dubbing ကို ခေါ်ယူကြည့်တယ်။ဒါက တော့ window က စက်မှာ graphic ကဒ်တပ်ထားတော့ အကုန်ဖတ်တယ် နက်လည်း ရတယ်လေ ပုံမှန် application softwares များ install လုပ်ထားတာကလည်း သုံးလို့ရတယ်လေ။ဒါဆို ဝင်းဒိုးအသစ်တင်လိုသူများက အဲ့ကနေ hard disk ကနေ တစ်ခါတည်း တင်ယူသွားလို့၇တယ်(ယခင်ပို့စ်များကေ၇းထားပြီးသား ဖြစ်ပါတယ်။ဒီ Setting လေးကို တော်တော်လေးကို ကြိုက်သွားတယ်။ဝင်းဒိုးတော့ မတင်ချင်ဘူးလေ ထပ်ပျင်းတာနဲ့ Safe Mode နဲ့တက်ပြီး window start menu ကနေ system restore ကိုရိုက်ထည့်ပြီး ကျွှန်တော်က ဒီနေ့ ၂၄ ရက်ဆို ကျွှန်တော်က choice different points များက မနေ့က အသုံးပြုတဲ့ ၂၃ ရက်ကို ပြန်ခေါ်လိုက်တာနဲ့ window က hardisk က window backup တစ်ခု system restore point တစ်ခုကိုခေါ်ယူပြီး restart ကျတာနဲ့ ပြတက်လာတယ်။လေ့လာရင်း ပျော်ရွှင်ပါစေခင်ဗျာ:P

Monday, May 23, 2011

မဟာမြိုင်ဆရာတော် ဦးဇောတိက၏ အသိပေးစကားစုများ။


ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပ ပစ္စည်းတွေထက် ကိုယ့်ရင်ထဲကသဘောထားက ပိုပြီးအရေးကြီးပါတယ်။ သင်္ချာမှာ ပုံသေနည်းဆိုတာရှိတယ်။ ဘဝမှာပုံသေနည်း မရှိဘူး။ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှု၊ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုဟာ ကိုယ့်ဘဝတိုးတက်ရေးမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ခွင့်မလွတ်နိုင်ရင် ငါ့ဘဝဟာ နာကြည်းမှုနဲ့ လက်စားချေမှု သံသရာထဲမှာပဲ လည်နေတော့မယ်။ကံကို ယုံပါ။ ဒါပေမဲ့ စိုက်ခင်းကိုတော့ ရေလောင်းပါ။ဒုက္ခကို ရှောင်နေရုံနဲ့ အရည်အသွေးပြည့်တဲ့ဘဝကို နေလို့မရနိုင်ဘူး။ လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ်။ အဲဒီအလုပ်ကို လုပ်လို့ ဒုက္ခတွေ့မယ်ဆိုရင် တောင့်ခံနိုင်သလောက် ဒုက္ခကိုခံပြီး ဆက်လုပ်ရမယ်။လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲဆိုတာကိုကြည့်ပါ။ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့အမြင်က ကိုယ့်ဘဝကိုကျဉ်းမြောင်းအောင် လုပ်နေတယ်။ကိုယ့်အမှားကို အမှားပါလို့ လက်ခံပြီး ပြင်ရဲတဲ့ သတ္တိဖြစ်ပါတယ်။အခက်အခဲနဲ့တွေ့တဲ့အခါမှာ ကံဆိုးလေခြင်းလို့မတွေးပါနဲ့။ ဘာသင်ခန်းစာယူရမလဲလို့တွေးပါ။လကွယ်မရှိရင် လပြည့်ညဟာ ပျော်စရာ သိပ်ကောင်းမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုရှိတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို အသက်နဲ့လဲမယ်။ ငွေနဲ့မလဲဘူး။

ဘဝဆိုတာဟာအမြဲတမ်းပြောင်းလဲနေတယ်။

ပြောင်းလဲမှုကိုဆန့်ကျင်နေရင် ဘဝပျောက်သွားမယ်။ အလုပ်များများလုပ်ဖို့ထက် အလုပ်ကိုစေတနာမှန်မှန်နဲ့ လုပ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ကိုယ့်ကိုယ်ကို မြှင့်ချင်ရင် သူတစ်ပါးကိုလည်းမြှင့်ပေးပါ။ သူတစ်ပါးကိုမြှင့်ပေးလေလေ၊ ကိုယ်လည်း မြင့်သွားလေလေပဲ။လမ်းမှားနေတဲ့ လူဟာ မြန်မြန်သွားလေလေ၊ လိုရာပန်းတိုင်နဲ့ ဝေးလေလေပဲ။ဘယ်လောက်အသက်ရှည်ရှည်နေရမယ်ဆိုတာက ပြဿနာမဟုတ်ဘူး။ ဘယ်ပုံဘယ်နည်း နေသွားမယ်ဆိုတာကမှ ပြဿနာ။ရနေတဲ့ အခွင့်အရေးထက် ဆုံးရှုံးသွားတဲ့ အခွင့်အရေးက ပိုကြီးတယ်လို့ထင်ရတယ်။မဖြစ်မနေ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တယ်။အနာဂတ်အတွက် မျှော်လင့်ချက်မရှိရင် ပစုပန်မှာ အင်အားမရှိဘူး။
စိတ်ချရတဲ့ အခြေအနေဆိုတာ တကယ်တော့မရှိပါဘူး။ အမြဲတမ်း နိုးနိုးကြားကြားနဲ့လိုလိုမယ်မယ် ကြိုတင်ပြင်ဆင်ထားရမယ်။တာဝန်ကျေရုံ မလုပ်ပါနဲ့။ နည်းနည်း ပိုလုပ်လိုက်ပါ။မှတ်ဥာဏ်ကောင်းရုံနဲ့ ပညာတတ်မဖြစ်ဘူး။ ဆက်စပ်ပြီး တွေးခေါ်စဉ်းစားတတ်မှ ပညာတတ်ဖြစ်မယ်။ကိုယ့်သားသမီးတွေကို ပေးနိုင်တဲ့ အမွေတွေထဲမှာ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ချင်စိတ် ကိုပေးတာက အကောင်းဆုံး အမွေဖြစ်တယ်။စည်းကမ်းနဲ့နေ၊ စည်းကမ်းနဲ့ပြောတတ်၊ လုပ်တတ်တဲ့သူဟာ အင်အားကြီးမားတယ်။ သြဇာရှိတယ်။မှန်တဲ့သဘောထားဟာ အကောင်းဆုံး မိတ်ဆွေဖြစ်တယ်။ မှားနေတဲ့သဘောထားဟာ အဆိုးဆုံး ရန်သူဖြစ်တယ်။ကိုယ်ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို ကိုယ့်သဘောထားကပဲ ဟောကိန်းထုတ်နေပါတယ်။ကိုယ့်သဘောထားက ကိုယ့်အပြုအမူကို လွှမ်းမိုးတယ်။ ကိုယ့်အပြုအမူ ကိုယ့်အောင်မြင်မှုကို လွှမ်းမိုးတယ်။အောင်မြင်မှုဆိုတာကို အခက်အခဲတွေကြားထဲမှာ ဝှက်ထားတယ်။
ကိုယ်လုပ်တဲ့ အလုပ်ကို မချစ်တဲ့သူဟာ စစ်မှန်တဲ့အောင်မြင်မှုကို မရနိုင်ဘူး။အသက်ရှည်ရှည် စိတ်ချမ်းချမ်းသာသာ နေချင်ရင်
သဘောထားမှန်မှန်နဲ့နေဖို့လိုတယ်။အမှားဆိုတာ ဥာဏ်ကြီးကြီးနဲ့ ထပ်ကြိုးစားဖို့အခွင့်အရေးပါ/