Showing posts with label Error. Show all posts
Showing posts with label Error. Show all posts

Friday, June 3, 2011

ESET NOD32 file on-access scanner


Nod 32 anti virus တင်ပြီးမှ kas and kis (Kaspersky and Kaspersky internet security) ပြောင်းသုံးသူများ က အပေါ်က error မျိုးကိုတွေ့ဖူးကြမှာပါ။ဥပမာ Nod 32 တင်ပြီးမှ Kas and Kis ကို Install လုပ်တဲ့အခါမှာ nod 32 ကို c panel ကနေ သွားဖြူတ်ရတယ်။အဲ့လို ဖြူတ်ပေမယ့်လည်း nod 32 ရဲ့ file တစ်ချို့က ဝင်းဒိုးမှာ တော်တော်များများ ကျန်သေးတယ်။Kis and Kas (Kasper)တွေ Install လုပ်တဲ့အခါ အခက်တွေ့တယ် အဲ့ဖိုင်လ်ကို ဖျက်ပေးမှ ဆက်ပြီး Next အဆင့်ကို တောင်းတာ..
မျိုးစုံစမ်းကြည့်တယ်။တစ်နေ့က သူငယ်ချင်းတစ်ယောက် စက်မှာ anti kasper တင်ချင်တာနဲ့ အဲ့လို error မျိုးကို တောင်းနေတာ အဲ့ဒါနဲ့ registry ကနေ path လမ်းကြောင်းမျိုးစုံဖျက်ကြည့်တယ်။ဒါလည်းရှေ့ဆက်မရ ဖြစ်နေတယ်။အဲ့ဒါနဲ့ nod 32 uninstaller တွေနဲ့လည်း ဖြူတ်ကြည့်တယ်မရဘူး။ဒါနဲ့ video file တစ်ဖိုင်လ်ကြည့်မိတာနဲ့ အဲ့ လမ်းကြောင်းအတိုင်း registry မှာ delete သွားလုပ်မှ ok သွားတာ တွေ့ရတယ်။စက်လည်း ဆက်ပီး Kaspersky ကို ဆက်တင်လို့ရတယ်။

Sunday, July 25, 2010

BLUE SCREEN ဖြေရှင်းနည်း


Saturday, July 24, 2010

NTLDRismissingPressCtrl+Alt+Deltorestart

MYSTERYZILLONနည်းပညာဆိုက်ဒ်မှကျွှန်တော်ဖော်ပြလိုက်ပါသည်

~~~~@NTLDR က ၀င်းဒိုးကိုမတွေ့တဲ့ error ပါ။ H.D ကြိုး(IDE/Sata)တွေ ချောင်/မချောင်စစ်ကြည့်ပါအုံး။နောက်တစ်ခုက တစ်ချို့ Virus တွေက Boot တက်မဲ့ဖိုင်တွေကိုဖျက်ပြစ်တတ်တယ်။အဲလိုဆိုH.Dကိုဖြုတ်၊တစ်ခြားစက်မှာတပ်ပြီးBootဖိုင်တွေပြန်ထ
ည့်မှရမယ်ဗျ။နောက်ဆုံး Vista ခွေထည့်ပြီး Repairသာလုပ်ဗျာ။

Thursday, July 22, 2010

BLUESCREENOFDEATH-နှင့်ပတ်သတ်သမျှ



ဘာကြောင့်တက်တာလဲကျွှန်တော်နဲ့အတူဝိုင်းစဉ်းစားကြည့်ပေးပါ

P-THARထင်မြင်ချက်

(Hard disk) မကောင်းလို့ပြတတ်သလို (Hardisk) ပါဝါကြိုးလွတ်လွတ်သွားခြင်းကြောင့်လည်း ပြတတ်ပါတယ်။(Run) မကောင်းလို့ပြတတ်သလို (Run) လွတ်ခြင်းကြောင့်လည်းပြတတ်ပါတယ်။ တစ်ချို့ (Run) ဆိုရင် (Window) ပေါ်က (Operation) အားလုံးအလုပ်လုပ်ပါတယ်။ အမျိုးအစားတူ (Mhz(run - speed ) တူ နှစ်ချောင်းစိုက်တာတောင် (Dual) မရတာတို့ နောက်ဆုံး windows တင်လို့မရတာတောင်ရှိပါတယ်။


ဆက်ကြည့်ပေးပါအောက်မှာBLUE SCREEN OF DEATH - နှင့်ပတ်သတ်သမျှ

(VGA_ကဒ်မကောင်းတာကဒ်လွတ်တာကြောင့်လည်းဖြစ်တတ်ပါတယ်။windowsတင်ဖို့ခက်ခဲတယ်အ
ချိန်မရှိဘူးဆိုရင်တော့ဖြစ်တတ်တာလေးတွေအရင်စစ်ကြည့်ပေါ့။

Memory, Hard Disk, Capacitor, CPU စသဖြင့် အများကြီး ရှိပါတယ် ပထမဆုံး memory ကို slot ပြောင်းခြင်းသို့လဲတတ်ကြည့်ခြင်းတွေလုပ်ကြည့်ပါ/ နောက် Hard Disk bad sector ရှိမရှိစစ်ဆေးပြီး Windows ကို chkdsk /p /r , repair , reinstall လုပ်ကြည့်ပါ capacitor တွေဖေါင်းနေရင် တော့ board လဲရဖို့များသွားပါပြီ ---- Hard Disk မှာ error ရှိပြီး NTFS နဲ့ တက်မရခဲ့ရင် FAT 32 နဲ့တက်ပြီး windows ပေါ်ရောက်မှ ပြန်ပြောင်းပေးပါ များသောအားဖြင့် memory slot ပြောင်းရုံ သို့ memory လဲလိုက်ရုံ နှင့် ကောင်းသွားတတ်ပါတယ် ---- မရရင်တော့ CPU, Power supply, Graphic card ရှိခဲ့ရင် Graphic card, Motherboard တွေစစ်ဆေးဖို့ လိုပါ လိမ့်မယ် (အားလုံးကုန်နေပြီးနော် ) တယ်ကယ်တမ်း စစ်ကြည့်ရင် ဒီအတိုင်ပါဘဲ တစ်ခုပြီး တစ်ခု စစ်သွားရပါတယ် Power supply က Power good မထွက်ခဲ့ရင် လည်း error အမျိုးမျိုး ပေးတတ်ပါတယ် အကောင်းဆုံးက ၀ရမ်းသီး ရှိနေသေးရင် ဆိုင်ပြန်ပို့လိုက်ပါ (သူပြောမှလား ) မရှိတော့ဘူး ကိုယ်တိုင်လည်း မစမ်းရဲ ဘူး ဆို ရင် ဆိုင်ပို့လိုက်ပါ { မဟုတ်ရင် တော့ အပေါ်က ပြောထားတဲ့ အတိုင်း တစ်ခုပြီး တစ်ခု စမ်းကြည့်ပါ။ capacitor တွေကိုအရင် ကြည့်ကြည့် ပါ ဖောင်းနေလား၊ စူနေလား၊ ပေါက်နေပြီလား၊ စိမ့်ထွက်နေပြီး လား ကြည့် ပြီး ဖြစ်နေ ရင် ဆိုင်ပို့ပြီးပြင်လိုက်ပါ electronic ပါပြင်တဲ့ဆိုင်ကတော့ computer ဆိုင်တွေထဲမှာ ကျွန်တော် MRS ဘဲကြားဖူးတယ် ဘိုကလေးဈေးလမ်းမှာ။ မဟုတ်ခဲ့ရင်memory, Hard Disk / တစ်ခုပြီး တစ်ခုစမ်းကြည့်သွားပါ}

Blue screen တက်ရင် စိတ်မပူဘဲနဲ့ တက်နေတဲ့ စာကို သေချာ ဖတ်ရပါမယ်။ တစ်ခါတစ်ရံ အဲဒီမှာ ဘာလို့ error တက်လဲဆိုတာကို ပြထားပါတယ်။ {{ အဲဒီမှာ မပြရင် Blue screen Death stop codes တွေကို သေချာမှတ်ပြီး အင်တာနက်မှာ ပြန်ရှာနိုင်ပါတယ်။ ( အစတည်းက ရှာထားပြီး pdf လုပ်သိမ်းထားရင် လိုတဲ့အခါ အဆင်သင့် ကြည့်နိုင်ပါလိမ့်မယ်။ ) }} Blue screen မတက်ခင် က ကွန်ပြူတာကို တစ်ခုခု အပြောင်းအလည်း လုပ်မိလားဆိုတာ ပြန်စဉ်းစားပြီး Driver တင်လိုက်လို့ update လုပ်လိုက်လို့ဆိုရင် ပြန်ပြီး (Safe Mode) မှာ ၀င်ပြင်လိုက်ရင် ရပါတယ်။ ဘာအကြောင်းမှကို ရှာမတွေ့ဘဲ ခဏခဏ တက်နေရင် Window ပြန်တင်ကြည့်သင့်ပါတယ်။ registry ထဲမှာ တစ်ခုခု ပြောင်းမိရင်လည်း BSOD တက်တတ်ပါတယ်။ ဟာ့ဝဲ ပိုင်းကို လည်း သေချာ စစ်ကြည့်သင့်ပါတယ် ။ Network card တွေ လွတ်ရင်လည်း တက်တတ်ပါတယ်။ တစ်ခါတစ်လေ တက်လိုက် Restart ကျလိုက် chkdisk လုပ်လိုက် ကောင်းလိုက် ပြန်ကျလိုက်နဲ့ ပုံမမှန်အဲလိုဖြစ်နေရင် တစ်ခုခု အထိုင်မကျလို့ ဖြစ်တတ်ပါတယ် အဲဒါဆိုရင် အစအဆုံး သေချာပြန်ဆင်လိုက်ရင် ကောင်းသွားတတ်ပါတယ်/ blue screen error တက်ရခြင်း အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ် ။ဘာဘဲဖြစ်ဖြစ် BSoD တက်ရင် error ကို သေချာဖတ်တာ အကောင်းဆုံးပါဘဲ။

Question ---- (1) --ကျွန်တော့် ကွန်ပြူတာမှာ မကြာခဏ သုံးရင်းနဲ့ bluse screen တတ်လာပါတယ်.. အဲလိုဖြစ်ရင် restart ချလိုက်ရပါတယ်.. ပြီးရင်တော့ ပြန်ကောင်းသွားပေမယ့် နောက်သုံးရင် ပြန်ပြန်ဖြစ်ပါတယ်.. window XP sp2 တင်ထားတာမကြာသေးပါ.. Memory ကို ခဲဖျက်နှင့် တိုက်ပေးပါဆိုပြီးအသိတစ်ယောက်က ပြောသည့်အတိုင်းတိုက်ပြီးသော်လည်းပြန်မကောင်းပါ ... ဘာကြောင့် ပါလဲ...Mcafeeantivirusupdateရှိပါသည်...ဖြေကြားပေးပါ..?
Answer-(1)
အစ်ကို့ ကွန်ပျူတာ ဝင်းဒိုးမတတ်ခင် Disk checking တက်သေးလားမသိဘူး....အဲ့ဒါတက်လာ တတ်တယ်ဆိုရင်တော့ ကီးတစ်ခုခု ကိုနှိပ်ပြီး မကျော်သင့်ပါဘူး/ hard disk ကြောင့်လဲတခါတလေဖြစ်တတ်ပါတယ/ disk checking နဲ့ repair ပါတခါထဲတွဲလုပ် ချင်တယ်ဆိုရင်တော့ window xp-2 CD နဲ့ boot လုပ်ပြီးတော့ စစတက်ချင်း repair လုပ်ချင်ရင် r ကိုနှိပ် ပါလို့ မေး တဲ့ နေရာမှာ r ကိုနှိပ်ပြီး ဝင်လိုက်ပါ command promp ပေါ်လာရင် C:\chkdsk /r/p/ ကိုရိုက်ပြီး အန်းတာခေါက်လိုက်ပါ သူ့ဟာသူဆက်လုပ်သွား ပါလိမ့်မယ် ပြီးတဲ့အထိစောင့် ပြီး CD ထုတ်ကာ restart လုပ်လိုက်ပါ hard disk ကြောင့်ဖြစ်တာဆို ရင် အဲ့လို စစ်လိုက် ရင် ကောင်းသွားတတ် ပါတယ်...သိသလောက်လေးပြော ကြည့်တာပါနော်....
Answer-(2)
နောက်တစ်ခုက...restart ပြန်ထောင်းပြီး....F8 နဲ့ တတ်...safe mode ထဲ ဝင်ပြီး..VGA resolution ကို သွားပြောင်းပေးလိုက်ပါ...ပြီးရင်...restart ပြန်ချ ပြီး.ရိုးရိုးနဲ့ ပြန်တတ်ကောင်းသွားလိမ့် မယ်ခင်ဗျ..
Answer-(3)
စဉ်းစားရသလောက် က ၃ ခုရှိပါတယ် ၁။ RAM ၂။ hard-disk ၃။ OS ပါ.... အစီအစဉ်အတိုင်း အရင်ဆုံး RAM ကို စစ်ကြည့်ရပါမယ်.... ပြီးရင် hard-disk ပါ... တစ်စုံတာရာထိမိခိုက်မိလို့ ပဲဖြစ်ဖြစ် Bad sector တွေများလာရင်ပဲ ဖြစ်ဖြစ် ဖြစ်တတ်ပါတယ်.... နောက်ပြီး သူ့ထဲမှာအလုပ်လုပ်မဲ့ File system (NTFS, FAT 32) တစ်ခုခုဖြစ်သွားတာ လဲဖြစ်နိုင်ပါတယ်.... ထိခိုက်မိလို့ပျက်စီးသွားတာ ဆိုရင်တော့ မပြောတတ်ပါဘူး... နောက်နှစ်ခုကတော့ chadsk နဲ့အစဉ်ပြေနိုင်ပါတယ်... OS ကတော့အဖြစ်နဲ ပါတယ်ဖြစ်လာရင် လဲ repair တို့ အသစ်တို့သာပြန်လုပ်လိုက် ပေါ့ အစဉ်ပြေသွားမှာပါ....
Answer-(4)
Hardware error တစ်ခုခုကြောင့် ဖြစ်တတ်ပါတယ် .. Software conflict ကြောင့်လည်း ဖြစ်တတ်ပါ သေးတယ် .. အဖြစ်များတတ်တာကတော့ .. CPU heat တွေအရမ်းတက်လာရင် ၊ Motherboard ပေါ်မှာ hardware device တစ်ခုခု တပ်လိုက်လို့ compatible မဖြစ်ရင် ၊ System Unit အတွင်းထဲမှာ ဖုန်တွေအရမ်းတက်လာရင် ၊ Virus က Windows system ဖိုင်တစ်ခုခု ကို ဖျက်စီးလိုက်ရင် .. ၊ မီးခဏခဏ ပျက်လွန်းအားကြီးလို့ ကွန်ပျူတာကို ပုံမှန် shutdown မပိတ်တာကြာရင် ၊ VGA card သော် လည်း ကောင်း RAM သော်လည်း ကောင်း တစ်ခုခု ဖြစ်ရင် (ချောင်နေလို့သော်လည်းကောင်း၊ RAM ဆိုရင် chipset error checking parity တွေမကိုက်ညီလို့သော်လည်းကောင်း၊ Speed မတူလို့သော်လည်းကောင်း စသည့်ြ့ဖင်) ... ပြီးတော့ .. Powersupply က Volate တွေပုံမှန်မဟုတ်တော့ရင် .. Software တစ်ခုခုသော်လည်းကောင်း Install လုပ်ပြီး windows နဲ့ match မဖြစ်ရင် ၊ နောက်ပြီး .. Windows ရဲ့ Task ကို လုပ်ဆောင်နိုင်စွမ်းထက် ပိုပြီး အများကြိး ခေါ် နေလို့လည်း ဖြစ်တတ်ပါတယ် .. ဒါပေမဲ့ .. သေချာအောင်တိတိကျသိဖို့ကတော့အတွေ့အကြုံအများကြီးရှိတဲ့သူကိုခေါ်ပြရင်ကောင်းလိမ့်မယ်/

မှတ်ချက်
စာသားအပြာသည်ကျွှန်တော်သိသမျှလေးရေးသားခြင်းဖြစ်သည်။ကျန်စာသားများသည်နည်းပညာFO
RUMများမှစုစည်းမှုဖြစ်သည်။

ဒီပို့စ်ကို PDF FILE လိုချင်ရင်