Sunday, April 24, 2011

premium link generator

ခုလည်း premium link generator တွေသုံးနေကြဆိုတော့ ကိုယ့်ဘလော့သူငယ်ချင်းများလည်း သုံးရအောင် ရေးလိုက်ခြင်းပါ။တစ်ချို့ share ware softwares တော်တော်များများ ဥပမာ hot file / file serve / file sonic / multiupload and rapid share တွေကနေ ဒေါင်းလော့လင့်တွေ ညွှန်းထားတာ ဆို ဆော့ဝဲလ်တစ်ခု application ဒေါင်းဖို့ကို မိနစ်အနည်းငယ် သို့မဟုတ်လည်း hot file ဆိုနာရီဝက်တွေ စောင့်ရလေ့ရှိတယ်။ဘယ်လို တွေဒေါင်းကြမှာလည်း?အ၇င်ဆုံး premium link generator တွေကို သက်ဆိုင်ရာ cookies တွေသုံးပြီးဒေါင်းကြည့်ရအောင်။ယခင်က မေးလ်က ညီလေး မေးတာကို ဖြေပြထားခြင်းပါ။
http://www.mediafire.com/?c3b8ee34i5324k3 ဒီ media fire ကနေ ဒေါင်းလော့ဆွဲယူလိုက်ပါ။သုံးနည်း ညွှန်းနည်းကို ဆက်လက်ရေးသားသွားပါ့မယ်။




Premium link generator ကို နှိပ်လိုက်တာနဲ့ add your own cookies ကို နှိပ်လိုက်တာနဲ့သီးခြား ထည့်ချင်ရာ cookies ကိုရွှေးပေးလိုက်ပါ။လက်၇ှိတော့ hot file ကနေ premium user တစ်ယောက် အနေနှင့်ဒေါင်း ပြလိုက်တော့မယ်။ရွှေးလိုက်ပါ Hot file ကို..


http://livecookies.info/ ဒီလင့်မှာ သူက ရက်အလိုက် update ဖြစ်တဲ့ sever cookies များကို ပြထားတယ်။လက်ရှိ 5x hot file update အဖြစ်ဆုံး cookies ကိုဒေါင်းယူလိုက်လျှင် .txt file နဲ့ cookies တွေကိုရမှာဖြစ်ပါတယ်။(မှတ်ချက် cookies တစ်ခုကို တစ်ရက်သာ ဒေါင်းခွင့်၇မယ် ကုန်သွာရင်နောင့်နေ့ ဒီဆိုဒ်ကိုသွား ထပ်ဒေါင်း)ကဲ ဒီက cookies ကိုဒေါင်းယူလိုက်ပီး hot file cookies ကို ဒေါင်းယူလိုက်မယ်။

အဲ့မှာပါတဲ့ .txt မှာပါတဲ့ hot cookies တွေကို add လိုက်ပီး Add ကိုပေးလိုက်ပါ။လင်ရှိ အဆင်ပြေတဲ့ cookies

81f6cb06d24440607b101c3bfb55817cb5676a919bfb3dae6c67b2bdcf3e4325



ဒါကို အပ်ပီး ကိုဒေါင်းချင်တဲ့ hot file လင့်ကို ထည့်ပေးလိုက်တာနဲ့ premium link ကို ထုတ်ပေးမှာပါ။တစ်လင့် မဟုတ်ပါဘူး လင့်တွေ အများကြီးထည့်ဒေါင်းနိုင်ပါတယ် Convert သာ နှိပ်ပေး(မှတ်ချက်က လင့်ပျက်တဲ့ hot file တွေဆို ဒေါင်းလို့မှာမဟုတ်ပါ) ကဲအောင့်က ထုတ်ပေးတဲ့လင့်ကို browser မှာ past ပေး

ဒါလောက် ဆို သဘောပေါက်မှာပါ။အဲ့ အပေါ်က ညွှန်းဆိုသော ဆိုဒ်ကိုသာသွား cookies sever လိုက်ကို တစ်နေ့ချင်းအလိုက်ကို update ဖြစ်မယ့်ဟာသာ cookies ဒေါင်းယူ hot file မှ မဟုတ်ပါဘူး ကျန်တဲ့ file sever / rapid share / file sonic / multiupload အစားစား ကို ဒေါင်းလော့ premium link generator နဲ့ဒေါင်းယူလို့ရမှာ ဖြစ်ပါတယ်။ကဲ comment ပေးခဲ့ဦးဗျာ သူငယ်ချင်များ။



Thursday, April 21, 2011

Core I 7



နာမည်ရနေတဲ့ intel company ကနေ 2008 အကုန်လောက်က core I 7 processor ကိုဈေးကွက်ကို စတင်မိတ်ဆက်ခဲ့တာ သိထားပြီး ဖြစ်ပါတယ်။တကယ်လို့ ထုတ်လုပ်မှု အသစ်တစ်ခု တည်းဖြစ်ပီး နည်းပညာ အသစ်ဆန်းတစ်ခု အနေနဲ့ ထင်ရှားခဲ့တာတွေ သိရှိပြီးဖြစ်ပါတယ်။ခု I 7 နဲ့ပတ်သတ်ပြီး ကျွှန်တော်က computer journal 2009 (Nov.. လထုတ်ကနေ ထုတ်နူတ်ချက်ကို )နားလည်သလို ဘလော့လ်လာ သူများလည်း ဖတ်ရအောင် ကိုယ်တိုင်းလည်း ebook တစ်ခု အနေနှင့်သိမ်းထားရအောင် ထပ်ပြီး ဖတ်ရူ လိုက်ခြင်း ရေးချလိုက်ခြင်းသဘောပါ။
Intel company မှာ တီထွင်မှုဒီဇိုင်းအသစ်ကို “Tick Tock” cycle လို့ တင်စားခေါ်ဝေါ်ပါတယ်။Core I 7 တည်ဆောက်ထားမှု သည် အရင်က Code name “Nehalem” အဖြစ်ထင်ရှားခဲ့ပါတယ်။Core တည်ဆောက်မှုကို 45 manometer လောက်ထိချုံထားတဲ့အတွက် Mother board ကိုပါ အသစ်လည်းလှယ် တပ်ဆင်ရမယ့် သဘောကို ဆိုလိုထားခြင်းပါ။နောင့်တစ်ချက်က intel desktop တည်ဆောက်မှုနဲ့ chipset ထဲက memory controller တွေလည်း ပြောင်းလဲမှု ၇ှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အချက်လက် သယ်ပို့နူန်း data transfer speed နူန်းကို က မြန်ကိုမြန်တာပါ။ထို့အတူ မြန်လာတဲ့ cpu speed နဲ့ လိုက်ဖတ်တဲ့ Ram ကိုလည်း 3 Gb ကနေ 6 Gb ကနေ 12 Gb အထိ ထပ်ဆင်ဖို့လိုလာပြန်ပါတယ်။Cpu ဈေးနူန်းကို ဒီထက်သက်သာစေဖို့နဲ့ ဒီထပ် အရွှယ်စားတွေ သေးငယ်လာဖို့ ဒီထက် မြန်ဆန်လာအောင် version အသစ်တွေ ထုတ်မယ်လို့ intel company ကနေ ထပ်မံကြေငှာထားပါတယ်။

နောင့်တစ်ချက်က ပြန်လည် ရှင်သန်လာတဲ့ Hyper Treading technology (ဒီအကြောင်းကို ဆရာဦးဇော်လင်းရေးသားတဲ့ မဟုတ်လည်း ဆရာမျိုးသူရ ရေးသားတဲ့ စာအုပ်မှာ ဖတ်ရူကြည့်ပါ)Pentium 4 မျိုးဆက်အဆုံးမှာ Hyper Treading လည်း ပျောက်ကွယ်ခဲ့ရတာပါ။အခု CPU မျိုးဆက်သစ်မှာ ပြန်ပေါ်လာပါတယ်။Intel process ရဲ့ စွမ်းရည်အလိုက်ကို ဆက်လက် ထုတ်ဝေနေပါတယ်။အပြောင်းလည်း ကတော့ လုပ်နိုင်ချက် ပိုကောင်းရမယ်။ပါဝါ power supply သုံးစွဲမှု သက်သာရမယ် စိတ်ချရမယ် သုံးသူများအတွက် ယုံကြည့်မှုရှိရမယ်။
ကဲဒီမှာလာပြီး L1/L2 Caches တွေကိုကြားဖူးကြမှာပါ။လက်၇ှိ ကျွှန်တော်အရင်ပို့စ်တွေကလည်း ရေးသားခဲ့ ပြီးဖြစ်ပါတယ်။မဟုတ်လည်း ဆရာမျိုးသူရရေးသားတဲ့ hard ware ပိုင်းစာအုပ်တွေကို မျှဝေခဲ့ပြီးဖြစ်ပါတယ်။ခု တစ်ခေါက်အနေနှင့် ပြောရလျှင် Caches ဆိုတာ s ram အမျိုးအစား တစ်ချို့ cpu တွေမှာ ဒါတွေကို cpu chip set slot or socket အောက်တွေမှာ ထည့်သွင်းလေ့ရှိတယ် မဟုတ်လည်း တစ်ချို့ motherboard တွေမှာ cpu socket or cpu slot နားတွေမှာ ထားလေ့ရှိတယ်။ခု လက်ရှိ ကိုယ်တိုင်သုံးနေတဲ့ cpu က Pentium 4 Intel ထုတ်ပါ။ကျွှန်တော့်စက်ပေါ့။ဒီခတ်အနေထားနဲ့ဆို cpu internal speed နဲ့တိုင်းတာလျှင်ကို တော်တော်လေးကို ခတ်နောက်ကျနေပီ ဆိုရမယ်။ခုဒီ I 7 cpu မှာ L1 and L2 ကိုဦးခြားဆီထားပေမယ့် L3 ကိုပိုမိုအားဖြည့်ထားပါတယ်။လက်ရှိ Pentium မှာတော့ L1 and L2 Cache နစ်ခုတည်းပါ။I 7 ကြတော့ Cache သုံးခုထည့်သွင်းထားခြင်း သဘောပါ။ဒါအပြင် i7 မှာ Core လေးခု ပါပါတယ်။ Core2Quad နဲ့ တူပါတယ်။ သို့ပေမယ့် မတူတာက HyperThreading ပါတဲ့ အတွက် နောက်ထပ် Virtual Core လေးခု ထပ်ရပါလိမ့်မယ်။ ဒါကြောင့် i7 ဟာ Core ရှစ်ခု ပါတဲ့ ပုံစံ ဖြစ်သွားပါတယ်။။နည်းပညာတွေ ဘယ်လောက် ပြောင်းလည်း သွားသွား အထင်ရှားဆုံးက Front Side Bus လို့ခေါ်တဲ့ cpu and chip set ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်း မြင့်တင်ပေးတဲ့နေရာမှာ သုံးတယ် ဆိုရပါ့မယ်။Window task manager ထဲက ချပ်စ်တစ်ခု ဆီမှာ cores ဘယ်လောက်လဲဆိုတာကို ကြည့်နိုင်ပါတယ်။အဲ့မှာ cores 8 ခု ရှိပြီး virtual လေးခုနဲ့ အစစ်လေးခု ဖြစ်ပါတယ်။Core I 7 processor သည် cores တစ်ခုချင်းကို clock speed မတူညီစေဘဲ အလုပ်လုပ်နိုင်ပါတယ်။Turbo mode ကစိတ်ဝင်စားဖို့ ကောင်းပါတယ်။ပြီးတော့ core အချို့ကို over clock လုပ်နိုင်တာပါ။Application များနဲ့ အလုပ်လုပ်ရာ မှာလည်း ပိုပြီး စွမ်းရည်မြင့်မားတယ် လို့ ဆိုရမယ်။Application programs များ အပိုင်းတွေပေါ့။Intel company အနေနဲ့ 2004 ခုနစ်ကစပီး procerssor များကို ပုံစံသစ်နဲ့ ပြောင်းလည်း ထုတ်လုပ်ခဲ့ပါတယ်။Package အနေနဲ့ ထုတ်လုပ်လာပါတယ်။Socket အတွက် ၄၇၈ ပင်မလိုတော့တာပဲ ဖြစ်ပါတယ်။အဲ့အတွက် Quick Path Interconnect (QPI) နည်းပညာနဲ့ အစားထိုး ထားပါတယ်။Fsb တုန်းက bandwidth အကန့်သတ်ရှိပြီး QPI 20 bit အကျယ်အထိ ဆက်သွယ်ပေးနိုင်ပါတယ်။အစုံအဆန် သွားလမ်းတွေနဲ့ အတူ အချက်လက်များကို ၂၅.၆ GB/s နူန်းနဲ့ အမြန်ဆုံး သယ်ပို့ ပေးမှာပါ။ဒါဟာ FSB ရဲ့ အမြင့်ဆုံး စွမ်းဆောင်နိုင်ချက်ရဲ့နှစ်ဆ အမြန်နူန်း ဖြစ်ပါတယ်။QPI သည် ၂၀၀၁ တုန်းက AMD သုံးခဲ့တဲ့ Hyper Transport နည်းပညာနဲ့ ဆင်တူပါတယ်။အခုဆို version 3.1 ကို ရောက်နေပြီး အချက်လက် သပ်ပို့နူန်းတူပါတယ်။
Core I 7 သည် desktop and notebook ကွန်ပျူတာ များ အတွက် သာမက server အတွက်လည်း အထူ သင့်တော်ပါတယ်။Cache ဒီဇိုင်းအသစ်နဲ့ QPI နည်းပညာအတွက် intel ကိုပဲ ကျေးဇူးတင်ရတယ်လို့ ဆိုရပါ့မယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ 1000 ၀န်းကျင်ရှိပါတယ်။
Specifications


ဒါက ကျွှန်တော် google ကနေ လက်လှမ်းမီသလောက် core I 7 processor ရဲ့ specifications များကို ပြထားခြင်းဖြစ်ပါတယ်။Cores များပါဝင်မှုနှင့် အဲ့မှာ L3 cache (s ram) တွေရဲ့ ပါဝင်မှု Mb များကို ပြထားတယ်။Process nm(nano meter) ကိုပြထားတယ်။ပြီးတာနဲ့ ram types နှင့် ram slot type များကို ပြထားတယ်။
ဈေးနူန်းကို
http://ark.intel.com/ProductCollection.aspx?familyId=28037
ဒီလင့်မှာ ဝင်ကြည့်နိုင်ပါတယ်။အသေးစိတ်ကို တော့
http://www.intel.com/products/processor/corei7/index.htm

Sunday, April 17, 2011

Flash-drive speed and size

Online spec တွေကို ကြည့်ပြီး flash-drive speed နဲ့ပတ်သတ်လို့ ရူပ်ရူပ်ထွေးထွေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တစ်ခါတစ်လေ ထုတ်လုပ်သူတွေက 150x လောက်ကို 200x လောက် ဖော်ပြထားတာကို တွေ့ရှိနိုင်ပါတယ်။တကယ်လို့ ရှင်းလင်စွာ မသိရှိခဲ့လျှင် ဂနန်းသင်္ကေတ အမြှောက် လက္ခာဏာနဲ့ တွဲပြတာကို မသိဘဲ ၇ှိနိုင်ပါတယ်။ဖတ်ထားတဲ့ နူန်းတား ရေးထားတဲ့ နူန်းတားကို လို့ သဘောထားပေါက်စရာများရှိလာနိုင်ပါတယ်။သာမန်အားဖြင့် ဒီဖော်ပြချက်က brust speed တွေ ဖြစ်တယ်။စမ်းသပ်လို့ ရှိတဲ့ maximum speed လို့လည်း နားလည်လာနိုင်ပါတယ်။အမြန်ဆုံး drive တစ်ခုက တစ်စက္ကန့်ကို 300Mb နူန်းတား ထားရှိနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် average speed test တွေမှာ drive အများစုက 20Mb နူန်းထားပင် ရလေ့ရထ မရှိတက်ပေ။
တကယ်လို့ flash drive တွေရဲ့ speed ကို x နဲ့ ပူးတွဲပြတဲ့သင်္ကေတ သဘောက CD-ROOM speed တွေနဲ့ နိုင်းစာပြောတဲ့ သဘော ဖြစ်တယ်။Optical drive အဟောင်းတွေမှာ 1X လို့ ပြဆိုခြင်းက တစ်စက္ကန့်ကို 150k ရေးနိုင်ပါတယ်။ဒါမှ မဟုတ်လည်း ဖတ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ဒါကြောင့် flash drive မှ 200x လို့ ပြဆိုထားခြင်းက တစ်စက္ကန့်ကို 300Mb နူန်းတားနဲ့ ဆောင်ရွှက်တယ်လို့ ညွှန်းဆိုထားခြင်းဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ညွှန်းဆိုတဲ့ speed တွေထက် လျှော့နည်းတာကို တော့ စမ်းသပ်ချက်တိုင်းမှာ တွေ့နေရပါတယ်။



ဘယ်လောက်ထိသေးငယ်ဦးမှာလည်း?

Usb flash drive များပေါ်ခါစက အရွှယ်အစားတော်တော်လေး ကို ကြီးတာကို တွှေ့ရပါတယ်။128Mb usb stick ကို တစ်သောင်းခွဲလောက် ပေးခဲ့ရတာကို မှတ်မိနေပါတယ်။ယခုအခါ usb stick များရဲ့ storage သည်အလွှန်မြင့်မားသလောက် အရွှယ်အစားက မထင်လောက်အောင်ကို သေးငယ်လာတာကို တွေ့ရပါတယ်။ဈေးလည်း သက်သာပါတယ်။ဥပမာ Prolink company ရဲ့ usb stick 2 ဂစ်လောက်က ခန့်မှန်းခြေ ၁*၀.၅ လက်မအရွှယ်သာ ဖြစ်ပါတယ်။Usb stick များကို သေးငယ်လာအောင် ထုတ်လုပ်လာခဲ့ပေမယ့် Usb port မှာတပ်ဆင်ဖို့အတွက် ခေါင်းအရွှယ်အစားကိုတော့ ဈေးကွက်မှာ အရွှယ်ငယ်ဆုံး လို့ ကြေငှာထားတာက kingmax ရဲ့ Usb 2.0 Super Stick ဖြစ်ပါတယ်။အရွှယ်အစားက 34x 12.4 x 2.2-mm ဆိုတော့ လက်မနဲ့ ပြန်တွက်လျှင် 1.34x 0.49x 0.087-inch ဖြစ်ပါတယ်။သိုလှောင်မှုက 1Gb , 2Gb , 4Gb ဖြစ်ကြပါတယ်။Pico USB flash drive ကလည်း အရွှယ်အစား 31.3 12.4x 3.4-mm နဲ့သိုလှောင်မှု 8 Gb ဖြစ်လို့ အသေးဆုံးလို့ ဆိုပြန်ပါတယ်။ကဲဟုတ်မဟုတ်ကိုတော့ ပုံမှာ အပေါ်ဆုံးမှာ ကြည့်နိုင်ပါတယ်။ကွန်ပျူတာ အမှတ်စဉ် ၂၀၀၉ စက်တင်ဘာလကနေ ဖတ်ရူထားတာကို ပြန်လည် မျှဝေလိုက်တာပါ။
this post pdf
http://www.mediafire.com/?0bjkx09c5qx54h9

Monday, April 11, 2011

How to Use GMail Drive 8GB as Local Storage


Hard disk တွေကို g mail drive disk အနေနှင့်သုံးရအောင်ပါ။ဘာတွေလိုအပ်လည်း ဆိုတော့ http://www.softpedia.com/progDownload/GMail-Drive-shell-extension-Download-15944.htmlဒီလင့်ကနေ အရင်ဆုံး mirror link နှစ်လင့်ကနေ ဒေါင်းယူလိုက်ပြီး ဝင်းဒိုးမှာ installation ပေးလိုက်ပါ။Installation ပေးပြီးတာနဲ့ မှုရင်း my computer ကို ဖွင့်ကြည့်တာနဲ့ Others ဆိုတဲ့နေရာမှာ Gmail Drive တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။R click ထောင့်ယူလိုက်ပြီး Login in As .. နဲ့ဝင်ပေးလိုက်ပါ g talk id and password number ကို ပေးပြီးတာနဲ့ ဒါဆို လက်ရှိ စက်နဲ့ ဝင်းဒိုးမှာ g mail ကနေ တစ်ဘက်လူက ပို့သမျှ သီချင်းများကို အခန့်သင့် gmail drive 8gb မှာ စောင့်ယူနေရုံပဲ။တစ်ချက်က free ware ဆိုတော့ ဖရီးချပေးထားတာ ဖြစ်လို့ မည်သူမဆို အခမဲ့သုံးစွဲလို့ရမှာ ဖြစ်ပါတယ်။အပေါ်က ညွှန်းဆိုထားတဲ့ လင့်ကို သုံးကြည့်ပြီး နှစ်သက်ကြမယ်လို့ ထင်ပါတယ်။



Desktop Context Menu and Control Panel



အောက်မှာ ပြထားတဲ့အတိုင်း ဒေါင်းယူပြီး window 7 မှာ desktop r click မှာ Control panel ထည့်ရအောင်ပါ။အဲ့မှာ ပြထားသော အတိုင်း ဒေါင်းယူလိုက်ပါ။ဒေါင်းတာက Add and Remove .reg နှစ်ဖိုင်ထည်း r click မှာ Control panel ထည့်ချင်လျှင် Add .reg file ကို double click ခေါက်ယူပြီး ok သဘောတူညီမှုပေးလိုက်တာနဲ့ r click မှာ Control panel လွှယ်ကူစွာ သုံးလို့ရမှာဖြစ်ပါတယ်။ဖြုတ်လိုလျှင် Remove Control Panel ဖိုင်ကို ပြန်ခေါက်ပေးလိုက်ပေါ့။အဲ့လိုမှ မဟုတ်လည်း နှစ်ခုလုံး Add Control panel မဒေါင်းခင်ကတည်းက run box မှာ regedit ကနေ registry editor ကိုခေါ်ယူပြီး File Export ကနေ

filename.reg file ကို back up လုပ်ထားပြီးမှ ပြန်ခေါက်ယူပေါ့။အဆင်ပြေပါစေ

1. To Add "Control Panel" to Desktop Context Menu



2. To Remove "Control Panel" from Desktop Context Menu




Change "Welcome" Text Message at Log On

လက်ရှိ resource hacker ကိုတော့ သိပြီးသားလောက်တွေပါ။Beta version လောက်ကို အခြေခံပြီး လက်ရှိ သုံးနေသော window 7 မှာ တွေ့ဖူးကြမှာပါ window screen အတက်မှာ Welcome ဆိုတဲ့ စာသားနေရာမှာ နစ်သက်ရာစာသားတစ်ခု ထည့်ကြည့်ရအောင်။မှတ်ချက် မြန်မာလိုတော့ အဆင်ပြေသွားမည် မဟုတ်ပါ။ကဲသွားကြရအောင် လက်ရှိ ဝင်းဒိုးတင်ထားတဲ့ window partition အခန်းက ဒီ direct path လမ်းကြောင်းတိုင်း

C:\Windows\System32\en-US\winlogon.exe.mui
နောက်ဆုံးက winlogon.exe.mui ဖိုင်လ်ကို copy လုပ်ယူလိုက်ပါ။ပြီးတာနဲ့ desktop ကို past အရွှေ့နဲ့ ချိန်းပြောင်းလိုက်ပါ။ပြီးတာနဲ့ အောက်ကညွှန်းထားသော link မှာ
Resource Hacker 3.5.2.84 Beta

ကိုဒေါင်းယူလိုက်ပါ။ဖွင့်လိုက်ပြီး Desktop က winlogon.exe.mui ဖိုင်လ်ကိုရွှေးချယ်လိုက်ပါ။ရွှေးချယ်သည့် နေရာမှာ မမြင်ရပါက file of type မှာ All files ကိုထားပြီးရွှေးချယ်လိုက်ပါ။ expand String Table, and 63, to 1033. ကို ရွှေးချယ်ပေးပါအပေါ်မှာ လက်ရှိ ကျွှန်တော်ပြထားတဲ့ အတိုင်းပေါ့

ပြထားသော “Welcome” နေရာမှာ ကြိုက်နှစ်သက်ရာ စာသားကို စိတ်ကြိုက်ချယ်လှယ်ထည့်ဆောင် နိုင်ပါတယ်။လက်ရှိကတော့ ကျွှန်တော်က Warmly Welcome Friends များလို့ထည့်ထားလိုက်တယ်။ပြီးလျှင်တော့ File ကနေ Save ပေးလိုက်ပြီးတာနဲ့ အပေါ်ဆုံးမှာ ပြထားသော အဆိုပါ save ထားသော winlogon.exe.mui ဖိုလ်ကို copy and replace ဖလှယ်ပေးလိုက်ပါ(နဂို winlogon.exe.mui ဖိုလ်ကိုပြင်ထားသော winlogon.exe.mui ဖိုလ်နဲ့ ချယ်လှယ်လိုက်ခြင်းသဘော မျှပါ။Window ကို restart ချပီး activity ဖြစ်မကြည့်တစ်ချက်လောက် လုပ်ကြည့်အုံး။အဆင်ပြေပါစေ။

Sunday, April 10, 2011

Hell ..


ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ့လျှားမှု အကြောင်း လေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင် များရယ် ပူးပေါင်းပြီး ဆိုဗီယက် နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန် တစ်နေရာတွင် မြေအောက် ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြ ပါတယ်။

ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက် ကိုးမိုင်အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင် ဒေါက်တာဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကိုတွေ့ ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီး တစ်ခုကို ရောက်နေလို့ ထိမ်းမရအောင် လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ တွေ့ရှိပါတယ်။


အဲဒီအခါမှာတော့ လုံးဝ မခံမရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။ ပထမတော့ သူတို့ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာ စူးစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံး တစ်လျှောက်ထဲမှာ ကြားနေရတဲ့ အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့ က ဆိုပါတယ်။ သေချာအောင်လို့ အသံဖမ်းစက်ကို တွင်းထဲချပြီး အသံဖမ်း နားထောင်တဲ့အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအ၀င် တခြားပညာရှင်တွေရော တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။ ဒါဟာ ငရဲကို တွေ့ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့ လူ့လောကကို ဆက်ပေးလိုက်ကြပြီးလို့ထင်မိပါတယ်။

ကျနော် အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ဟာတွေက တွင်းတူးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။

ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယား ဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။ ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခု ကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။

မြေကြီးအောက် ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ်။ သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆ လောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။

တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ် တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီးဆိုတဲ့ သတင်းစာကြီးက1990-ခု၊ ဇန်န၀ါရီလ 4-ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။

ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့… ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ။ တွင်းတူး တွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။

ဒီလိုတွေ့ရှိမှုတွေ ပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့ ဖင်လန်နိုင်ငံမှ ဘူမိဗေဒ ပညာရှင်တချို့ အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသား ဖော်ပြခဲ့ကြတယ်။


အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ရှိချက်အပြီး နှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်က နှုတ်ထွက်ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်း လိုက်ကြတယ်။ ဆိုဗီယက် သာသနာရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီး နှုတ်ပိတ်ခဲ့တယ်။ ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက် ပေးပုံရတယ်လို့ မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။

ဘာနီနန်မီဒယ်ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လှူဒါန်း လိုက်တယ်လို့ သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့အခါမှာတော့ သူ့အသက်လဲ စိုးရိမ် ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီ ပယ်ချခဲ့ပါတယ်။ နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့လူ ရေးခဲ့တဲ့စာပါပဲ။ သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။

စာရေးတဲ့ နေ့စွဲက ၁၉၉၀-ခု၊ ဇန်န၀ါရီလ ၇-ရက်နေ့ သူ့စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉-ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရိကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ နော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်ပေါင်းများစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။

ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့အခါမှာတော့ သူဟာ အရမ်းအံ့သြ တုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံး မှာတော့ သူ့ကို ဘုရားသခင်ထံမှာ အပ်နှံကြောင်းနှင့် လုံခြုံတဲ့ နေရာမှာ ထားပေးကြပါလို့ ရေးသားထားကြောင်း သိရပါတယ်။

မှတ်ချက်။ “ငရဲကြီး ရှစ်ထပ်ကို နော်ဝေ၊ ဖင်လန်နိုင်ငံမှ ဘူမိပညာရှင်များ အတည်ပြု” ဟူသော အထက်ပါ ဆောင်းပါးကို သူငယ်ချင်းမှနေ အီမေးလ်ထဲသို့ ဖော်ဝပ် လုပ်ပေးထားသဖြင့် မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးထားပါသည်။ ဤဆောင်းhttp://www.blogger.com/img/blank.gifပါးနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ်ရာ အင်္ဂလိပ်-ဆောင်းပါး များစွာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးသည်။ အချို့ကား မှန်သည်ဟု ယူဆ၍ တစ်ချို့ကား ချဲ့ကား ပြောထားသည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ အဖြစ်အပျက်ကား တကယ်ပင် ပေါ်ပေါက်ခဲ့ဘူးသည်။ ရှာဖွေခဲ့သည့် ဓာတ်ပုံနှင့်ဆောင်းပါး လင့်များကို အောက်ပါ အတိုင်း ကလစ်နှိပ်၍ သွားရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ကို ကြည့်လိုပါက အောက်ပါလင့်ကို နှိပ်ပါ-
http://englishrussia.com/index.php/2008/03/25/darvaz-the-door-to-hell/
အင်္ဂလိပ်လို ရေးသားထားသည့် ဆောင်းပါးကို ဖတ်လိုပါက အောက်ပါလင့်ကို နှိပ်ပါ-
http://www.truthorfiction.com/rumors/d/drilltohellfacts.htm
မှတ်ချက် ဖတ်ဖူးတဲ့ စာပေကို မျှဝေလိုက်တာပါ ဖိုးသား ခင်မင်စွာဖြင့်
လက်ရှိ ကျွှန်တော့်စက်က အသံဖိုင်လ်
http://www.mediafire.com/?hwceh13mtwiwhk1