Wednesday, July 21, 2010

WINDOW 7 သုံးရင် Hardware တောင်းဆိုချက်မှစပြီး သတိထားမိပါလိမ့်မယ်




Windows OS တစ်ခုထွက်လာတိုင်း Hardware အရည်အသွေးကိုတိုးပြီးတောင်းဆိုလေ့ရှိပါတယ်/Windows 7 ကတော့ 32bit ရော 64bit Edition မှာပါ processor speed 1GHz ပဲလိုပါတယ်။Processor core ဘယ်နှစ်ခုပါရမယ်လို့တောင်းဆိုထားတာမရှိပါဘူး။Ram လိုအပ်ချက်ဟာလည်း 32 bit အတွက် 1GB ဖြစ်ပြီး 64bit အတွက် 2GB ဖြစ်ပါတယ်။ Windows Vista မှာပါတဲ့ Aero interface ကိုသုံးမယ်ဆိုရင်တော့ Ram လိုအပ်ချက်ထက်တိုးနိုင်ပါတယ်။Aero interface သုံးမယ်ဆိုရင် Graphic Card Memory 12GB လိုပါတယ် Aero မသုံးရင် မလိုပါဘူး။ DirectX 10 ထွက်နေပင်မယ့် Windows 7 ကတော့ DirectX 9 ကို Support လုပ်နေတုန်းပါ Hard Disk Space လိုအပ်ချက်က 32bit Version အတွက် 16GB ၊ 64Bit Version အတွက် ကတော့ 20GB ဖြစ်ပါတယ်။


OS အရွယ်အစားသေးတဲ့အတွက် အကျိုးထူးတာကတော့ Boot time နဲ့ Installation Time ပါပဲ စက်စပြီး Power ဖွင့်ချိန်ကနေ OS သုံးနိုင်တဲ့အချိန်ထိ ကြာချိန် 25min ထက်နည်းမယ်လို့ဆိုထားပါတယ်။ Installtion time ကတော့ပိုပြီး မြန်လာပါတယ် ၊ ဟုတ်မဟုတ်တော့မစမ်းရသေးဘူး Hardware အဆင့်မြင့်ရင် 15min ထက်တောင်နည်းမယ်လို့ဆိုထားပါတယ်။OS အရွယ်အစားသေးအောင် စီရင်လိုက်ရတဲ့ Windows 7 ဟာ Vista ထက်ပိုပြီး အဆင့်မြင့်လာတယ်ဆိုသော်လည်း Vista တဲ့ကတချို့သော အစိတ်အပိုင်းတွေကို Windows 7 မှာမတွေ့နိုင်ပါဘူး။တစ်ချို့အစိတ်ပိုင်းတွေက အသွင်ပြောင်းသွားပါလိမ့်မယ်။

အပြောင်းအလဲတွေကတော့ Start Menu, Windows Ultimate Extra, Inkball နဲ့ Windows Calender တွေကို Windows 7 မှာမတွေ့နိုင်တော့ပါဘူး လိုအပ်ရင်တော့ Windows Live Essentials ဆိုတဲ့ Seperate Package ထဲကနေ Download ဆွဲယူသုံးနိုင်ပါတယ်။
မြန်မာအိုင်အာစီနှင့်မြန်မာစကားဝိုင်း ဆိုက်ကနေကျွှန်တော်ဖတ်ထားတာပါ
ဒီပို့စ်ကို PDF FILE လိုချင်ရင်

ပျော်ရွှင်ပါစေသူငယ်ချင်းများ!

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: