Wednesday, July 21, 2010

Ram slot တွေနဲ့ ကိုယ်တွေ့ပြသနာများ


64bit window နဲ့ ram 8gb လောက်သုံးချင်လို့ ဒီပြသနာကို အဖြေသိရင် ကူညီပေးပါဦး။သုံးကြည့်ခဲ့တဲ့ mb တိုင်း Dual Channal 8gb အထိ support လုပ်ပါတယ်။ 2gb DDR2 (800) ၄ချောင်းစိုက်ကြည့်တဲ့အခါ MSI ဘုတ်တွေမှာ သုံးလို့ရပေမယ့် Cmos ထဲမှာ 667 လို့ပဲပြတယ်။ Asus နဲ့ Giga မှာတော့ Window တက်တက်ချင်း Blue screenဖြစ်သွားတယ်။ 8gb များနေလို့လားလို့ 6gb ပြောင်းစိုက်ကြည့်တော့လဲ မထူးခြားပါ?


Board က Support လုပ်နိုင်တဲ့ အထိပဲ စိုက်လို့ရပါတယ်။ ဘယ်လောက်အထိလဲဆိုတာကတော့ Board မှာရေးထားပြီးဖြစ်ပါတယ်။

CPU ကများ မနိုင်လို့လား ခင်ဗျာ ။ motherboard ကလည်း ဆက်ပို့ရတယ်ဆိုရင် ဒါပဲရှိတောလားလို........... ။

ကိုယ့်ဆီမှာသုံးတဲ့ mother board တွေ (Asus , Giger, MSI )မှာ ram slot အပြည့် ram တွေ ထည့်လိုက်ရင် fsb ကျသွားတာတို့ blue scren တက်လာတာတို့ ကြုံနေရပါတယ်?

CMOS မှာ 667 လို့ပြတာDDR2Speed ဖြစ်မှာပါ ။Ram ရဲ့ ပမာဏကော ထဲ့ ထားသလောက်ပြလား?သတိပြုရမှာက RAM 4 ချောင်းစလုံး Speed တူညီရပါမယ် ။ ( Speed မတူညီက မှားယွင်းဖော်ပြတတ်သည်)မိမိက DDR2 800 4 ချောင်းစလုံးဟာ Speed တူညီတယ်လို့  မှတ်ထားပေမဲ့ကွဲလွဲတတ်ပါတယ် ။စမ်းသပ်ရန်မှာ ။ DDR2 800 4 ချောင်းကို တချောင်းချင်းကို ပြောင်းတပ်ပြီးစမ်းကြည့် ပါ ( တချောင်း ကောင်းလျှင် နောက် တချောင်းထပ်တပ်။Speed မှားယွင်းနေသော RAM ကို ဖော်ထုတ်နိုင်မည် ။4 ချောင်းစလုံး 667 ဘဲပြနေလျှင် ( မိမိ၏ DDR2 Speed သည် 800 လို့ ကျိန်းသေလျှင်)မိမိ၏ Mother Board က 667အထိသာဖြစ်သည်။( M/B Manual ပြန်ကြည့်ပါ )M/B ကလက်ခံတယ်ဆိုလျှင် CMOS Setting တွင် DDR2 Speed ကို Manual လုပ်ပြီး 800 ထားလုပ်ပါ။(နားလည်မှလုပ်စေချင်ပါသည်။

နောက်တခုက Blue Screen ပြတာက RAM မကောင်းရင်လဲပြပါတယ် ။ RAM ကောင်းပေမဲ့  Slop မကောင်းရင်လဲ အတူတူပါ ။Windows အသစ်တင်လျှင် RAM မကောင်းလျှင် Blue Screen ပြပါသည်)

အမျိုးအစားတူ ထုတ်လုပ်နေရာတူသည့် Speed တူသည့်  RAM ကိုသာ ပူးတွဲတပ်ဆင်သင့်ပါသည် ။Parity လက်ခံ /မခံကိုလည်း နားလည်ထားသင့်သည်။

အဲဒီ မင်မိုရီတွေထဲက တစ်ခုမှာ ပြဿနာရှိနေတယ်လို့ထင်ပါတယ်။ အဲဒါကြောင့် Blue Screen တက်တာပါ။6GB ထားတာတောင် B S တက်လာတုန်းပဲဆိုတော့ အဲလိုကြောင့်ဖြစ်တယ်လို့ယူဆမိတယ်။တစ်ခုပြီးတစ်ခုတပ်လိုက်ရင်အဆင်ပြေမှာပါ။

ဖိုးသားထင်မြင်ချက်

အင်းပြီးတော့တစ်ခါတော့လက်ကလိဖူးပါသည်။ကျွှန်တော် Ram က ddr2 400mhzပါ။အဲဒါကိုအတက်ဆန်းပြီးပိုမြန်လာမလားလို့ram ကို manual 500mhz အပေါ်ကပြောသလိုကလိလိုက်တာကွန်ပျူတာစဖွင့်လိုက်ရင်ဘာကိုဘာမှကိုမတက်တော့တာပါ။
blackscreenလေးပေါ့ဗျာ

ခေါင်းကိုတော်တော်လေးကိုပူသွားတာပါ။အဲဒါနဲ့နားလည်တဲ့အစ်ကိုကြီးတွေကိုလိုက်မေးပြီး cmos batteryလေးကိုဖြုတ်လိုက်မှပဲကွန်ပျူတာက post စလုပ်နိုင်တာဗျာ bios ကိုပြန်ဝင်လို့ရသွားတာပေါ့ဗျာ ဝင်းဒိုးကတော့ပြန်တင်ရလိုက်တာပေါ့ဗျာ လုံးဝကိုပြူတ်ကျသွားတာအင်းထားတယ်ဆိုတာက ကိုယ် ram ကရှိတဲ့ speed ကိုထားရမှာ ပိုထားလို့လည်းမရပါ မဟုတ်ရင်တော့ black screen တက်ပြီသာမှတ်လိုက်တော့သူငယ်ချင်းရေ!
အပေါ်စာသည်ဖိုရမ်တစ်ခုမှကျွှန်တော်ဖတ်ရူထားဖြင်းဖြစ်ပါသည်
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: