Sunday, February 27, 2011

Gradient and Brushes(leaf and lighting)


ခုတစ်လော စိတ်တော့ လေနေပါတယ် တော်တော်လေးကို ဒါပေမယ့်လည်း စာဆက်လက်ရေးသားချင် စိတ်ကလည်း ရှိတော့ ဆက်လက်ရေးသားသွားမှာပါ။အလုပ်နဲ့စိတ်တစ်ခုက ရောယှက်လို့မှ မရတာ သူ့အပိုင်း နဲ့သူဆိုတော့ လေရှည်သွားတယ် ခုလည်း Photoshop brushes များကို google မှာ ရှာလိုက်လျှင်ကို များစွာတွေ့နိုင်ပါတယ်။Free ရတာတွေကို ခုလည်း Brushes tools များကို သုံးရင်းနဲံ့ brushes နဲံ့ Layer gradient နဲ့စပ်စပ်သုံးလျှင်တော်တော်လေးကို ဓတ်ပုံတွေ ကို Edit ပိုင်းမှာ စွမ်းဆောင်နိုင်တာကို တွေ့ရပါတယ်။ဆိုလိုတာက Brushes များသုံးရင်းနဲ့ Photoshop မှာ Brushes များကို ဘယ်လို သုံးလည်း ဆိုတာကို နည်းနည်းခေါက်ကြည့်ရအောင် ထုံးစံတိုင်းပဲသက်ဆိုင်ရာ photo shop .exe ဖိုင်လ်တွေကို ဖွင့်လိုက်ပါလက်ရှိအနေထားနဲ့ cs 4 သုံးခိုက်ဆိုတော့ cs 4 ကိုဖွင့်ထားပါတယ်။ဘလော့လ်မှာ cs 5 and 4 .exe extended များနှင့် cs 4/5 ကို portable များကို တင်ထားပေးခဲ့ပြီး ဖြစ်ပါတယ်။ဖွင့်လိုက်ပါ။



လက်ရှိက Photo တစ်ပုံကို File ကနေ Open ကနေရွှေးထည့်ထားတာပါ။နဂိုပုံက တောက်ပမှုမရှိတာနဲ့ images များကို Menu ကနေ Image ၊ Adjustment ကနေ Contrast ကိုတိုးမြင့်ပြီးတာနဲ့ Hue/Saturation သုံးခုရှိပါလိမ့်မယ် (Saturation ကိုတိုးမြင့်ထားခြင်းပါ)(Saturation ဆိုတာ တောက်ပမှုတွေ ထည့်တဲ့ edit ပိုင်းပါ)ဆက်သွားရအောင်

ပြီးတာနဲ့ Menu ကနေ Window ကနေ Brushes ကိုနှိပ်လိုက်တာနဲ့ သို့မဟုတ်လည်း keyboard ကနေ f5 ကီး ကို ခေါ်ယူပြီး ပြထားသော brushes များကို သုံးမည်ဖြစ်တာနဲ့ Scattering (ဆိုတာ brushes များကို မိုးဖွဲများကျဲသလို မျာစွာ ကျဲနိုင်မှာ ဖြစ်သလို) ပြီးတာနဲ့ Color Dynamics (ဆိုတာက brushes တစ်ခုကို သုံးလိုက်တာနဲ့ ကာလာ များစွာကို အသက်ဝင်သွားမှာ ဖြစ်ပါတယ်)ဒါက Brushes tool ကို အသုံးဝင်လောက်မယ့် အပိုင်းကို ကွက်လိုက်တာပါ။

လက်ရှိက ကျွှန်တော်က leaf and lighting brushes များကို သုံးထားတာဖြစ်ပါတယ်။ဘေးနားက horizontal menu မှာ ပြထားသည့်အတိုင်း Brushe Tool ကို သွားပြီး သုံးနိုင်မှာ ဖြစ်ပါတယ်။လက်ရှိ သုံးသော lighting and leaf brushes များကို အောက့်မှာ ဒေါင်းဖို့လင့်ညွှန်းထားပေးထားပါ့မယ်။

ပြီးတာနဲ့ Layer ကနေ New Fill Layer ကနေ သွားပြီး ပြထားသော Mode မှာ (လက်ရှိကြိုက်တာက Color Burn and Over lay ကိုအကြိုက်ဆုံးပါ ) နှစ်သက်ရာကိုေ၇ွှးချယ်လိုက်ပြီးတာနဲ့ OK ကိုသဘောတူမှုပေးလိုက်ပါ။

ပြီးတာနဲ့ Gradient ကို ကြိုက်နှစ်သက်ရာ color အလိုက်ကို သုံးကြည်ပါ။Style ကို နှစ်သက်ရာနဲ့ ချိန်ကြည့်လိုက်ပါ။ပြီးတာနဲ့ Angle ကိုလည်းသုံးပြီး gradient color ကို တိုးလျှော့လုပ်ကြည့်ပါ နှစ်သက်မှုရတာနဲ့ OK ကိုပေးပြီး File ကနေ Save as ကနေ .jpg file type နဲ့ save လိုက်လျှင် ကိုယ်ကြိုက်နှစ်သက်တဲ့ ဓတ်ပုံတစ်ပုံကို ရရှိမှာ ဖြစ်ပါတယ်။အောင့်မှာ နဂိုပုံကို နိုင်းယှဉ် ပြထားပေးထားပါတယ်။လေ့လာ၇င်း အသိဗဟုသုတ တိုးပါစေဗျာ။နောင့်ပိုင်းလည်း torial ပိုင်တွေကို တင်သွား ပေးမှာ ဖြစ်ပါတယ်။
leaf brushes
lighting brushes

this post pdf file

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: