Saturday, February 12, 2011

Magic gradient effect in cs 5



အကောင်းဆုံး ဓတ်ပုံတစ်ပုံကို သိသလောက် ကောင်းတဲ့ magic ပိုင်းတွေကို ပြင်ပြပေးမယ်။အဲ့တော့ လက်တလော blogger မှာ photoshop cs 5 ကို .exe and portable cs 5 and cs 4 ကို Blogger / Categories and // Graphic design မှာတင်ပေးခဲ့ပြီးသားဖြစ်ပါတယ်။လက်တာလော ဘလော့လ်က စာဖတ်တာမှာ ဒေါင်းမရတာတို့ .pdf files များလင့်ပျက်တာ များရှိ၇င် cbox or comment box မှာ အော်ခဲ့ပေးပါ။အဲ့တော့ ခုလည်း ပို့စ်တိုင်းကို .pdf files တွေ ပေးခဲ့ပြီးဖြစ်ပါတယ်။ဆိုဒ်မှာ ဖတ်မရတာတို့ မသဲကွဲတာ ရှိရင် .pdf file သာ ဒေါင်းလော့ဆွဲယူပြီး ဖတ်ယူပါ။လက်တလော ပြင်ထားတာက အပေါ်က တိုင်းပေါ့။အရင်ဆုံး cs 5 ကိုဖွင့်လိုက်ပါ။


လက်ရှိ Magic Wand Tool ကိုသုံးပြီး ပုံကို select ဆွဲယူထားတာပါ။ပုံရဲ့ background ကို select ဆွဲယူပြီး keyboard ကနေ del key နှိပ်လိုက်တာနဲ့ pop up menu တက်လာတာနဲ့ ပြထားသော Content Aware .. ကိုရွှေးချယ်ပေးလိုက်ပါ။Select ဆွဲယူရာမှာ သင့်တော်သော tool နဲ့ယူလိုက်ပါ--မှတ်ချက်။

အပေါ်က နှိပ်ပြီးတာနဲ့ ဒီအဆင့်ကိုရောက်လာမှာ ဖြစ်ပါတယ်။ဆံကေသာ ကို ကျွှန်တော်က မကြိုက်ဘူးထင်လို့ Image / Adjustments .. ကနေ Color Balance ကနေ ဆံပင်ကေသာ ကို ကာလာ ချယ်ယူခြင်း ဖြစ်ပါတယ်။မှတ်ချက် - ဆံကေသာကို select ဆွဲယူပြီးမှ သွားလိုက်ပါ။

ပြီးရင် သွားလိုက်ပါ Layer -- New Full Layer – Gradient ကိုသွားပြီး pop up menu ပေါ်လာပါက Mode မှာ Overlay ကိုရွှေးချယ်ပေးလိုက်ပါ။လက်ရှိပုံက ကွယ်နေလို့ OK ကိုသဘောတူမှုပေးလိုက်ပါ။

အပေါ်က OK ပေးပြီးတာနဲ့ ဒီလို Gradient Fill ပေါ်လာတာနဲ့ ပြထားသော Gradient မှာ နှစ်သက်ရာ effect gradient color ကိုရွှေးချယ်ပေးပါ။Angle မှာ နှစ်သက်တဲ့အနေထားနဲ့ ချိန်ညှိကြည့်ပါ။ပြီးတာနဲ့ နှစ်သက်မှုရတာနဲ့ OK သဘောတူမှုပေးပြီး File ကနေ Save ကနေ .jpg file type နဲ့ saving ပေးလိုက်လျှင် နှစ်သက်ဖွယ်ကောင်းသော photop magic gradient effects များကို သုံးနိုင်ပြီး လှပစွာ ရယူနိုင်မှာ ဖြစ်ပါတယ်
Default photo

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: