Friday, July 23, 2010

WINDOW လေးလံရသောအကြောင်းရင်းလေးများ

MYSTERYZILLONနည်းပညာဆိုက်ဒ်မှကျွှန်တော်ဖော်ပြလိုက်ပါသည်




VGAcardနဲ့onboardVGAတိုက်နေတော့စက်ကလေးသွားတာပါ။ကျွန်တော်onboard/VGAကိုပိတ်လို
က်တော့ကောင်းသွားပါပြီ/။Windowမချတာဘယ်လောက်ရှိပြီလဲ?

Virusရှိလို့တော့မထင်ပေါင်All programs ---Accessories----System tools----Disk Defragmenter ကနေ Analyze လုပ်ကြည့် ပြီး လိုအပ်ရင် Disks(C;D;E;F...)တွေကို Defragment လုပ်ပေးပါ ...Button လေးတွေကို Click ပေးရုံပါပဲ... Files space error တွေများလာလို့ Window လေးလာတာ ဖြစ်မှာပါ ...Window မချပဲ သုံးတာကြာရင်လည်း အခုလိုဖြစ်တတ်ပါတယ်....တစ်ခုခု ဖြစ်တိုင်း Virus မဟုတ်တာကိုသိစေချင်ပါတယ်...ပျော်ရွှင်ပါစေ


Window ကို Hard diskအဟောင်းမှာ တင်တင် ..အသစ်မှာတင်တင်..Hard Disk မပျက်သေးသရွေ့ Windowက ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်.... များသောအားဖြင့် Hard Disk ၂ခု တပ်ခြင်းဟာ စက်ကိုလေးစေတတ်ပါတယ်...Hard Disk ၁ခုတည်းနဲ့ ပြန်စမ်းကြည့်ပါ ...သိသာပါလိမ့်မယ်....Graphic Cardနဲ့တော့သိပ်ဆိုင်မယ်မထင်ပါ။


စက်လေးတာက software ကြောင့်လည်းဖြစ်နိုင်သလို Hardware ကြောင့်လည်းဖြစ်နိုင်တယ်။Windows Start Up မှာ မလိုအပ်တဲ့ software တွေ Load လုပ်နေရင်လည်း Memory Waste ဖြစ်နိုင်တယ်။ Norton တို့လို Antivirus Program တွေ Install လုပ်ထား ရင် လည်း လေးတတ် တယ်။Hardware အနေနှင့်ကတော့ Hard Disk ကြောင့်လည်းလေးတတ် တယ်။Memory ကောင်းကောင်း အလုပ်မလုပ်ရင်လည်းလေးနေတတ်တယ်။VGAကြောင့်တော့လေးတာသိပ်မရှိဘူး။

WindowsPerformanceကိုမြှင့်သုံးတဲ့နည်း

(၁)Windowsမှာသိပ်မလိုအပ်တဲ့လှုပ်ရှားမှုတွေလျှော့ချပါ။Start-> Control Panel -> ထဲမှ System ကိုဖွင့်ပါ၊System Properties -> Advanced Tag-> Performance ရဲ့ Setting ထဲကိုဝင်ပါ၊Performance options--> Visual Effets --> Customs ကိုရွေး ပြီးအောက်ဆုံး Effects (၃) ခု ကိုပဲ အမှတ်ခြစ်ပြီး ကျန်တာတွေကို Blank ထားပါ။ပြီးရင်Apply-->OKနှိပ်ပါ။

(၂)PagingFilesတွေအတွက်VirtualMemoryကိုမြှင့်သုံးရန်အထက်ပါအဆင့်အတိုင်းပြန်သွားပြီးPerfo
rmanceOptions-->Advancedထဲကိုဝင်ပါ၊အကန့်သုံးခုရဲ့ အောက်ဆုံးအကန့် Virtual Memory မှာ Change ကိုနှိပ်ပါ၊Virtual Memory ထဲမှာ လက်ရှိ ၀င်းဒိုး တင်သုံးထားတဲ့ ဟာ(ဒ်)ဒစ် ကိုရွေးပြီးဖြစ်နေမယ်၊Space Available နှင့် အောက်ဆုံးမှာ ဖော်ပြထားတဲ့ Recommended ပမာဏ အတိုင်းInitial Size(MB) နှင့် Maximum Size (MB) နေရာတွေမှာ ပြောင်းထည့်ပါ၊ပြီးရင်Set-->OKကိုနှိပ်ပြီးပြန်ထွက်ပါ။

(၃)Windows အတက်မြန်ဖို့  မလိုအပ်တဲ့ Services တွေနဲ့  Start Up ပရိုဂရမ်တွေကိုကိုဖြုတ်ချထားဖို့ .Start-->Run ဘောက်(စ်) ထဲမှာ msconfig လို့ရိုက်ပြီးEnter ခေါက်ပါ၊(က)System Configuration Utility ရဲ့ Services ကို ၀င်ပြီး အရင်ဆုံး Hide All Microsoft Services ကိုအမှတ်ခြစ်ပါ၊(Windows ဟာ Microsoft Services တွေနဲ့ တိုက်ရိုက်ပက်သက်နေလို့  မှားမဖြုတ်မိအောင်)ပြီးရင် အထဲမှာ မလိုအပ်ဘူး ထင်တဲ့ Services တွေကို Blank(uncheck)လုပ်ပါ၊(ခ) System Configuration Utility ရဲ့Startup ကို ၀င်ပြီး စက်စဖွင့်ဖွင့် ခြင်းရှိသမျှ Run နေတဲ့ Programတွေကို Blank (uncheck) လုပ်ပါ၊ (windows တက်ပြီးရင်မှ အသုံးလိုမှ ဖွင့်သုံးတာ ကောင်းပါတယ်)။(ဥပမာ- skype, Gtalk တို့လိုပရိုဂရမ်တွေ သုံးချင်တဲ့အချိန်မှ ဖွင့် သုံးတာကောင်းပါတယ်။နောက်တစ်ခု ကောင်းတာက ဘာမှန်ညာမှန် မသိဘဲ စက်ဖွင့်တာနဲ့ လှုပ်ရှားသောင်းကျန်တဲ့Spywareတွေ Trojans တွေ ကာကွယ်ပြီးသား ဖြစ်သလို ဘယ်လိုမှ Uninstall (ဖြုတ်ချလို့ ) မရတဲ့ Spywareprograms တွေ ကိုချုပ်ထားပြီးသားဖြစ်တယ်။ပြီးမှprogramsfilesထဲကနေFolderတစ်ခုလုံးDeleteလုပ်လို့ရတာ၊)။အား
လုံးပြီးရင်Apply-->Okနှိပ်ပြီးRestartလုပ်ပါ။Windows ပြန်တက်လာလို့  Message ပေါ်လာရင်Don'tShowMeAgainလုပ်ပြီးOKနှိပ်ပါ။


(၄)ပြန့်ကြဲနေတဲ့ကဲနေတဲ့ဖိုင်အပိုင်းအစတွေကိုပြန်စုစည်းဖို့DiskDefragmentလုပ်ပါ၊My Computer ကို Right Clickနှိပ်ပြီး-->Manageထဲကိုဝင်ပါ၊Storage-->Disk Defragment ကိုနှိပ်ပြီး ညာဘက်ခြမ်းထဲက HDD တွေကိုတစ်ခုခြင်းရွေးပြီး အောက် မှ Analyze အရင်လုပ် ပြီး Disk Defragment လုပ်ပါ၊

(၅)Internet ကိုအသုံးပြုတဲ့ Computer Userတွေ Internet Explorer, Firefox စတဲ့ Web Browser တွေရဲ့TemporaryFilesတွေကိုရှင်းဖိုမေ့နေတတ်ကြတယ်။

InternetExplorerကိုရှင်းဖို့ Start-->Control Pannel--> InternetOptionsကိုသွားပါ၊General ထဲမှ Temporary Internet Files မှ Delete Cookies Delete, Delete Files လုပ်ပါ၊ပြီးရင်ဘေးက Setting ထဲကိုဝင်ပြီး Amount of Disk space to use ကို 25 MB လောက်ပဲထားပါ၊OK နှိပ်ပြီး Internet Options ရဲ့ နောက်ဆုံး Tag ဖြစ်တဲ့ Advanced ကိုသွားပါ၊ Steeings အောက်ထဲကSecurity နေရာ မှာ Empety Temporary Internet Files Folder when Internet Browser is closed ကိုရှာပြီး အမှတ်ခြစ်ပါ။(Internet Browser ကိုပိတ်ပြီးတာနဲ့  Temporary Files တွေကိုဖျက်ပြီးဖြစ်အောင်လို့ပါ)ပြီးရင်Apply-->OKနှိပ်ပါ။Firefox အတွက် ကတော့ Tools ရဲ့ အောက်မှ Clear PrivateDataလုပ်ရင်ရပါပြီ။

P-THAR အမြင်


(1)recent
(2)temp
(3)%temp%
(4)temp
(5)cookies






ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: