Wednesday, July 28, 2010

Window 7 genuine ဖြေရှင်းပုံ(Q and A (1))

ကျေးဇူးတင်တယ် အစ်ကိုရေ ရပြီ......နောက်ထပ်တခု ကူညီပါအုံး။ကျနော့် window 7 သုံးပါတယ်.. control panel ဖွင့်ရင်This computer is not running genuine Windows ဆိုတာကြီးတက်တက်လာတယ် ဘယ်လိုလုပ်ရမလဲ ကူညီပြီးဖြေကြားပေးပါအုံး?

အရင်ဆုံးအောင်က ပုံကိုကြည့်ပေးပါ။Window 7 system properties မှာ genuine ညှိနေတာရယ် activated မဖြစ်တာ ရယ်ပါ။အဲ့ပုံက genuine ဖမ်းထားတာပါ။Product key ကလည်းတရားမဝင် key ကလည်းသေနေတာပါ။အဲ့ကီးနေတာကို အလုပ်လုပ်ဖို့ဆိုရင်တော့ genuine ဖြေပေးရပါတယ်။Genuine ဘာကြောင့်အဖမ်းခံရလဲဆိုတာ ကျွှန်တော် သိသလောက် တော့ရှင်းပြပေးထားပါတယ်။




အစ်ကို window က activated မဖြစ်တာရယ် နောက်တစ်ခုက Microsoft company က window 7 ကိုထုတ်တယ်ဆို တာ သူက ဝယ်သုံးခိုင်းတာပါ။ပုံမှန်ကျွှန်တော်တို့က အဲဒါကို တရားမဝင်ဘဲ ခိုးသုံးတာများပါတယ်။အဲ့အခါ Microsoft company ကနေ genuine ကိုလှမ်းဖမ်းပါတယ်။အဲ့အခါကိုယ့်ကွန်ပျူတာက သုံးမရတာတို့ လေးလံတာတို့ အစ်ကိုပြောတဲ့ control panel ဖွင့်မရတာတို့ ဖြစ်လာတက်ပါတယ်။အကောင်းဆုံး window 7 ကို genuine ကိုဖြေပေးဖို့ဆိုရင် တစ်ချို့က 7 loader ကိုသုံးကြပါတယ်။တစ်ချို့သော 7 loader များက board အမျိုးအစားရွှေးပါတယ်။။ခုကျွှန်တော်တင်ပေးလိုက်တဲ့ 7 loader ရော CW ရောက motherboard အမျိုးအစားမရွှေးပါဘူး။အောက်ပုံက တစ်ချို့သော 7 loader များက motherboard အမျိုးအစားရွှေးပြီးဖြေခိုင်းတာပါ။



ဖြေရှင်းပုံကိုကြည့်ပေးပါ။



ကြိုက်တာကိုသုံးကြည့်ပါ။7 loader သုံးလည်းရပါတယ်။ကျွှန်တော်ကတော့ CW ကိုသုံးပါတယ်။သူက ကြိုက်တဲ့ Mother board အမျိုးအစားလာပါ။နှစ်ခုလုံး မရွှေးပါဘူး။သုံးနည်းကတော့ အရင်ဆုံး ကျွှန်တော်က window Windows 7 Loader v1.7.9 (x86 & x64) နဲ့ CW ကိုတင်ထားပေးပါတယ်။CW ကို double click ပေးပြီး apply ok ပေးပြီးတန်းဖြေပေးရုံပါဘဲ။ကွန်ပျူတာ restart ကျသွားပါ့မယ်။ပြီးရင် geniue က window ကိုထပ်ညှိမညှိကြည့်ပေးပါ။ ပြီးတော့အောက်ကပုံလို အစ်ကို window activated ဖြစ်သွားပြီး product ကီး အလုပ်လုပ်လာပါလိမ့်မယ်။အဆင်ပြေပါစေ!




Windows.Loader and CW.rar

3 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

စံအောင်ကျော် August 18, 2010 at 3:05 PM  

မင်္ဂလာပါ
အဆင်ပြေသွားပြီ ကျေးဇူးတင်ပါတယ်။ ကျနော့ windows7 မှာ start menu background ပြောင်းချင်တယ်။ ဘယ်လိုလုပ်ရမလဲ။ နောက်ခံ ဓါတ်ပုံလေနှင့် လုပ်ချင်တယ်။
ကျေးဇူပြုပြီး ဖြေကြားပေးပါ။ ပြီးတော့ email နှင့် attach file ပို့ပြီးမေးရန် question 2ခုရှိနေပါတယ် email address လေးတဆိတ်လောက်.....အားပေးလျှက်

soegyi February 18, 2012 at 12:00 PM  

ကျေးဇူးအများကြီးတင်တယ် အစ်ကိုရေ လုံးဝကိုကောင်းသွားပြီး ကျေးဇူးတင်တယ်ကို ပြောချင်လို့ အိပ်မရဘူးဖြစ်နေတာ ဒီကော်မှန့်ကိုရေးတဲ့ အချိန်က ည ၃နာရီ ၅၀ မီနစ် ဖြစ်နေပြီ အစ်ကို ကျွန်တော်ကဒေါင်းထားတာက လေးရက်ရှိပြီ ဒီနေ့မှ အင်စတေား လုပ်ဖြစ်တယ် အစ်ကို အဆင်ပြေတယ် ကျေးကျေး........

win March 6, 2012 at 6:49 AM  

အကို ကိုကျေးဇူးတင်ပါတယ် အစဉ်ပြေသွားပြီးဗျ.....ကျွန်တော်လက်တော့ ကီးတောင်းနေတာ.....အခုဒီဆော့ဝဲလေးကိုထည့်လိုက်တော့ မတောင်းတော့ဘူး။