Tuesday, July 27, 2010

Portable browsers ...



ကျွှန်တော်စုထားတဲ့ portable browser များပါ။အကုန်လုံး စုပြီးရေးလိုက်ပါ့မယ်။အရင်ဆုံး Mozilla browser ကနေစပြီးရေးပါ့မယ်။လက်ရှိ ကမ္ဘာမှာလူကြိုက်များဆုံး bowser ပါ။သူကလူသိများပါတယ်။လူသုံးလည်း များပါတယ်။ပြီးတော့ ရှာဖွေမူ search engine ပိုင်းမှာလည်း ရှာဖွေမှုပိုင်းမှာကောင်းဆုံး လို့ပြောလို့ရပါတယ်။Internet browser ထက်8ဆပိုမြန်ပါတယ်။ဒါပေမယ့်လက်ရှိ ကမ္ဘာအမြန်ဆုံးနဲ့ search engine ပိုင်းမှာ အကောင်းဆုံးဖြစ်တဲ့ opera browser ကိုတော့မမှီသေးပါဘူး။ဒုတိယအနေထားလောက်နဲ့ Mozilla browser ကနေရာယူထားပါတယ်။ပြီးတော့ graphic ပိုင်းကလည်း လည်းကြည်လင်ပြတ်သားပါတယ်။

Opera ကတော့ကောင်းပါတယ်။ဒါပေမယ့် လူသိနည်းပါသေးတယ်။သုံဖူးတဲ့ လူတွေ ကတော့ သိကြမှာပါ။အောက်မှာ protable browser တစ်ခုချင်းဆီ ဒေါင်းဖို့လင့်ပေးထားပါတယ်။





Flock browser ကတော့လူသိနည်းပါတယ်။ကျွှန်တော်လက်ရှိ သုံးနေတာက flock browser ပါ။Mozillafox လောက်တော့ လူသိမများပေမယ့် graphic ပိုင်းကြည်လင်ပြတ်သားမှုရယ်, error fix နည်းမှုတွေကြောင့် ကြိုက် နှစ်သက်မိပါတယ်။ကျွှန်တော်လည်းသုံးပါတယ်။ထို့အတူ ကျွှန်တော်တို့ ကျောင်းကသူငယ်ချင်းအများစု ကလည်း သုံးကြပါတယ်။ဒါကြောင့် portable ကိုရှာပြီးတင်ပေးလိုက်ပါတယ်။သုံးကြည့်ပါ။မသုံးရင်တောင်မှာ porable ဆိုတော့ သိမ်းထားလို့ရတာပေါ့။Run စရာမလိုတော့ ကိုယ်ကြိုက်တဲ့အချိန် double click နှိပ်ပြီးတန်း သုံးလို့ရတာပေါ့ဗျာ။


MozillaSeaMonkey Browser ( portable )ပါ။ထုတ်တာကတော့ Mozilla company ကပါ။ဘာကိုရည်ရွှယ်ပြီး ထုတ်လဲတော့ ကျွှန်တော်လည်းမသိပါ။အောက်မှာ သူကရှင်းပြထားပေးပါတယ်။စာကိုသာဖတ်ပြီး ကြိုက်လျှင် တော့ဒေါင်းသွားလိုက်ပါ။







ကမ္ဘာ့အမြန်ဆုံး browser ဖြစ်လာမယ့် Opera 10.5 beta ကို Opera Software မှ မကြာခင်ရက်ပိုင်းက ထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။အဆိုပါ browser တွင် JavaScript engine သစ်ကိုအသုံးပြုထားပြီး Computerworld မှ စမ်းသပ်အသုံးပြုချက်အရ ၎င်းဟာ လက်ရှိထိပ်တန်း browser များဖြစ်တဲ့ Safari ထက် ၁၅ ရာခိုင်နှုန်း၊ Google Chrome ထက် ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်ကာ Mozilla Firefox 3.6 ထက် နှစ်ဆပိုမိုမြန်ဆန်ပြီး Microsoft ရဲ့ Internet Explorer 8 ထက် ဆယ်ဆပိုမိုမြန်ဆန်ကြောင်း သိရပါတယ်။ Opera 10.5 တွင် Carakan လို့ခေါ်တဲ့ JavaScript engine ကိုအသုံးပြုထားပြီး browser အတွင်းရှိ graphic ဖော်ပြမှုများကိုထိန်းချုပ်နိုင်မယ့် Vega ကိုမြှင့်တင်ပေးထားကာ ၎င်းအနေဖြင့် Opera 10.10 ထက် graphic လုပ်ဆောင်မှုကို သုံးဆပိုမိုလျင်မြန်စွာ ပြုလုပ်နိုင်စေမှာဖြစ်ကြောင်း သိရပါတယ်။ Windows 7 ရဲ့ Aero Peek နဲ့ Jump List feature တို့ကိုထောက်ပံ့ပေးနိုင်ပြီး interface ကို ပြင်ဆင်ပေးထားတယ်လို့ဆိုပါတယ်။ Opera 10.5 beta ကို Windows တွင်သာအသုံးပြုနိုင်သေးပြီး Final ဗားရှင်းထုတ်လုပ်မယ့်ရက်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

FirefoxPortable_3.5.7_English
http://www.mediafire.com/file/gud6iuditd4smmt/Portable_Flock_2.5.zip
SeaMonkeyPortable_2.0.5_ Browser ( portable )
Opera 9.52 Browser (Portable)

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: