Friday, July 23, 2010

CPU အကြောင်းသိကောင်းစရာ

ကျွှန်တော်ကွန်ပျူတာကဖတ်ခဲ့တဲ့စာလေးကိုမျှလိုက်တာပါ/

Core 2 Duo, Centrino 2 စသည်ဖြင့် 2 သို့မဟုတ် Duo ပါတာ ဟာ CPU ထဲမှာ Core ၂ ခု ပါတယ်လို့နားလည်ပါတယ်။ Quad ဆိုရင်တော့ CPU ထဲမှာ Core ၄ ခု ပါတယ်ပေါ့။ ဖော်ပြပါ နာမည်တွေဟာ Intel ရဲ့ Brand နာမည်တွေသာဖြစ်ပါတယ်။

Dual Core ဆိုတာကတော့ CPU Chip တစ်ခုတည်းမှာCore နှစ်ခုပါတာကို ခေါ်တဲ့ generic name ဖြစ်ပါတယ်။အမှန်တော့ Dual ပဲဆိုဆို Duo ပဲဆိုဆို Core 2 ပဲဆိုဆို တူတူပဲထင်ပါတယ်။

Speed အကြောင်းကတော့ ဆရာပြောပြတာကို ရေးတေးတေးပဲမှတ်မိပါတော့တယ်။ကျွန်တော် နည်းနည်း ပြန်ရှာကြည့်ပါဦးမယ်။ Core 2 2.4 GHz ဟာ Single Core 3.0 GHz ထက်တော့ ပိုမြန်ပါတယ်။ ၂၀၀% တော့မဟုတ်ပါဘူး။ ၁၆၀% သို့မဟုတ် ၁၇၀% လောက်တော့ပိုမြန်ပါတယ်။

ကျွန်တော် သိချင်တာ တစ်ခု ထပ်ပေးမယ်နော် .... Dual Core CPU တွေနဲ့ Core2Duo ဘာကွာလဲဗျ
Dual Core CPU က chip တစ်ခုထဲမှာ စီပီယူနှစ်လုံးပါပြီး Core 2 Duo ကတော့ chip တစ်ခုမှာစီပီယူလေးလုံးပါတယ်လို့ထင်ပါတယ်။Duocoreနှစ်ခုတစ်ပြိုင်တည်းစိုက်ထားသလိုပေါ့ဗျာ။

Dual Core ဆိုတာကတော့ CPU ၂ လုံးနဲ့ အလုပ်လုပ်ပါတယ်။ CPU ၂ လုံးကို cache 2 ခုနဲ့ပေါ့။ Core 2 Dual ကတော့ CPU ၄ လုံးမဟုတ်ဘူး။ CPU ကတော့ ၂ ခုပဲ။ ဒါပေမယ့် core ကတော့ ၄ ခုဖြစ်သွားမယ်။ cache ၂ ခုပဲလို့ ထင်တယ် သူက Quad Core အစစ်မဟုတ်ဘူးလေ။ ဒါကြောင့် Core 2 Dual လို့ခေါ်တာဖြစ်မှာပါ။Duo ပဲခေါ်ခေါ် Dual ပဲခေါ်ခေါ် Processor Chip တစ်ခုထဲမှာCore 2 ခုပါဝင်ကြောင်းသိရပါတယ်။

Core Duo နှင့် Core 2 Duo တို့၏ Product များကို လေ့လာကြည့်ရာတွင်Core Duo သည် 65nm (nano meter) နှင့် ထုတ်လုပ်သော ပစ္စည်းများသာဖြစ်ပြီး၊Core 2 Duo သည် 65nm နှင့် 45nm ကိုသုံးကာ ထုတ်လုပ်သော ပစ္စည်းများဖြစ်ကြောင်းသိရသည်။


၁။Dual-Core ဆိုသည်မှာ product ကိုဆိုခြင်းမဟုတ်။ နည်းပညာကို ဆိုခြင်းဖြစ်၏။ ၄င်း၌CPU Chip တစ်ခုထဲတွင် Core ၂ ခုပါဝင်ပြီး။ မျှဝေသုံးသော Cache တစ်ခုပါဝင်၏။
၂။Core Duo ဆိုသည်မှာ Dual-Core နည်းပညာကို အသုံးပြုထားသော Intel ၏ productတစ်ခုဖြစ်လေသည်။
၃။Core 2 Duo ကား Core Duo အား မွမ်းမံပြုပြင် ထုတ်လုပ်လိုက်သော အမျိုးအစားအသစ်သာဖြစ်၏။ ၄င် အမည်တွင်ပါဝင်သော 2 ကား Version နံပါတ်ကို ဆိုလိုရင်းတည်း။
၎။Dual Core ဟုဆိုဆို၊ Duo Core ဟုဆိုဆို၊ Core 2 ဟုဆိုဆို Core ၂ လုံးပါသော CPU ကိုဆိုလိုသည်တည်း။
၅။အထက်ပါ အချက် ၂ နှင့် ၃ ကို အခြေခံပြီး Core 2 Quad ဆိုသည်မှာ Core Quad ၏ Version 2သာဖြစ်ကြောင်း။ Quad ဟူသော စာလုံးအရ Core ၄ ခုပါကြောင်း မှတ်ယူနိုင်၏။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: