Thursday, July 22, 2010

Run Box မှာရိုက်ထားတဲ့ command တွေကိုရွေးဖျက်ရအောင်။


Run Box ကနေ Program တွေကိုဖွင့်ယူတာ အမြန်ဆုံးနည်းလမ်းတစ်ခုပါ။အဲဒီ Run Box ထဲမှာ ကိုယ်ရိုက်ထား ခဲ့တဲ့ command တွေကိုသိမ်းထားပေးပြီးတော့ နောင်တစ်ကြိမ် run box ထဲကိုဝင်ပြီး အရင်ရိုက်ထားခဲတဲ့ command တွေကို ပြန်ရိုက်စရာမလိုပဲ ပြန်ယူသုံးနိုင်တယ်။ဒါပေမဲ့ အဲဒီ run box ထဲမှာ ကိုယ်အမြဲ တမ်းအသုံးပြုနေရတဲ့ command နှင့် ပြန်လည်အသုံးပြုရန်မလိုအပ်သော command တွေနှင့် ရောထွေး နေပါ တယ်။ဒါဆို အသုံးမလိုတော့တဲ့ command ကိုရွေးဖျက်ပြီး အသုံးလိုတဲ့ command ကိုပဲချန်ထားချင်တယ်ဆိုရင် အောက်ပါနည်းလမ်းလိုက်လုပ်ကြည့်ပါ။ မှတ်ချက် – သမားရိုးကျဆိုရင် run box ထဲရှိ command များကိုရွေး ဖျက်လို့မရနိုင်ပါ။


1. Start — Run ကိုဖွင့်ပါ။
2. regedit ရိုက် Enter ခေါက်ပါ။
3. -------HEKY_CURENT-USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU
ကိုရောက်အောင်သွားပါ။
4. ညာဘက်တွင် run box ထဲတွင် သင်အသုံးပြုခဲ့သော command များထဲမှ အသုံးမလိုအပ်သော command များကို right click နှိပ် Delete or Remove ကိုရွေးချယ်ဖျက်ပစ်နိုင်ပါသည်။
5. စက်ကို restart လုပ်ရန်လိုအပ်ပါသည်။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: