Saturday, July 24, 2010

Monitor နှစ်လုံးကို ချိတ်ဆက်ပြီး PC တစ်လုံးထဲတွင် အသုံးပြုခြင်း



အများအပြားဖွင့်ထားတဲ့အခါ Monitor တစ်လုံးထဲကနေ အလုပ်လုပ်ဖို့ဆိုလျှင် အဆင်မပြေနိုင်ပါဘူး။ဒီအတွက် Monitor နှစ်လုံးကို ချိတ်ဆက်ပြီး PC တစ်လုံးထဲတွင် အသုံးပြုခြင်းဖြင့် Multiple Displays အဖြစ်အသုံးပြုနိုင်မှာဖြစ်ပြီး သင်လုပ်ကိုင်နေသော အလုပ်များကို အလွယ်တကူ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက် အမျိုးအစားတူညီတဲ့ Monitor နှစ်လုံးနဲ့ Display Adapter လိုအပ်မှာဖြစ်ပါတယ်။၁။ Monitor နှစ်လုံးတပ်ဆင်တော့မယ်ဆိုရင် ပထမဦးစွာ သင့်ရဲ့ ကွန်ပျူတာကို Shutdown ချထားပါ။

၂။ ထို့နောက် Monitor နှစ်လုံးကို Display Adapter နဲ့ချိတ်ဆက်ထားလိုက်ပါ။၃။ သင့်ကွန်ပျူတာရဲ့ စနစ်ကို စတင်ဖွင့်ပြီး Display Setting ချိန်ညှိပေးပါ။၎။ Desktop ပေါ်တွင် Right Click နှိပ်ပြီး "Window XP" ဆိုလျှင် Properties ကို ရွေးချယ်ပြီး WindowVista ဆိုလျှင် "Personalize" ရွေးချယ်ပေးပါ။ Display Properties Box ကျလာပါလိမ့်မယ်။ Display Settingကို ရွေးချယ်ပေးလိုက်ပါ။၅။ ဒုတိယတပ်ထားသည့် Monitor ကို ရွေးချယ်လိုက်ပါ။၆။ အားလုံးပြီးသွားပြီဆိုလျှင် Apply Button ကို Click နှိပ်ပြီး OK ကို Click နှိပ်လိုက်ပါ။ Monitor နှစ်လုံးကိုSystem Unit တစ်လုံးထဲတွင် တပ်ဆင်ပြီး စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။


Source--it problem.net
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: