Thursday, July 29, 2010

How to see your hadware information ...

ဒီပို့စ်ကတော့ ကိုယ်ကကွန်ပျူတာတစ်လုံးသွား ဝယ်ပြီဆိုပါတော့။ကွန်ပျူတာတစ်လုံးကို ဝယ်ပြီဆိုရင်တော့ ကိုယ်ဝယ်လိုက်သော ကွန်ပျူတာ software ပိုင်းပါဝင်မှုပိုင်းထက် hardware ပိုင်းပါဝင်မှုပိုင်းကိုကြည့်မယ် ဆိုရင်မှန်ကန်ပါလိမ့်မယ်။ကိုယ်က ကွန်ပျူတစ်လုံးကို ဝယ်ပြီဆိုပါတော့ အရင်ဆုံးဘာကို ကြည့်သင့်လဲ? ဘာကိုဦးစားပေးကြည့်သင့်လဲ?သိပြီးသားလူတွေရှိရင်တော့ ကြိုပြီးတောင်းပန်ပါတယ်။အရင်ဆုံးကြည့်သင့်တာ က central processing unit(CPU)ပါ။သူ့ကကိုယ့်ကွန်ပျူတာ application software လုပ်ဆောင်မှု နှေးတာမြန်တာ ကို ram ပေါ်ကိုကြည့်တာထက် processor ကိုကြည့်တာပိုမှန်ပါလိမ့်မယ်။Ram ဆိုတာ များများတပ်ရင်မြန်တယ်ဆိုတာ လက်ခံပါတယ်။အောက်ပိုင်းမှာကျွှန်တော် ram နဲ့ပတ်သတ်ပြီး ရှင်းပြထား ပေးပါ့မယ်။ကဲ window ပိုင်းကနေ cpu တစ်လုံးရဲ့ speed ကို ghz နဲ့တိုင်းတာပါတယ်။ခုနောက်ပိုင်း cpu တွေက အရင်လို 96ခုနှစ်တုန်းကလို mhz နဲ့မလာတော့ပါ။ခုနောက်ပိုင်း cpu များဟာ ခတ်နဲ့အညီတိုးတက် လာသည်နှင့်အမျှ cpu လုပ်ဆောင်နှုန်း လည်းတိုးတက်လာကြပါတယ်။Ghz နဲ့ပဲလာတာပါ။



ကဲကျွှန်တော်က ကျွှန်တော် စက်ကနေ cpu တစ်လုံးရဲ့ speed နှုန်းကိုကြည့်ပြပါ့မယ်။ပြောစရာတော့ရှိပါတယ်။My computer ရဲ့ System properties ကနေကြည့်တယ်လို့။လူတော်တော်များများက အဲ့ကနေကြည့်တာများပါတယ်။မှန်ပါတယ်လို့ ပြောရင် တစ်ချို့တစ်ဝက်မှားပါတယ်။မှားရတဲ့ ရည်ရွှယ်ချက်က system properties ကနေကြည့်လိုက်တဲ့ cpu speed ကို window ပိုင်းရဲ့ registry ပိုင်းမှာပြင်ပေးလို့ရပါတယ်။ဘယ်လိုပြင်ပေးရမလဲလို့ပြောလာရင်

Run မှာ regedit လို့ရိုက်ပြီး အောက်မှာကျွှန်တော်သွားတဲ့ အဆင့်အဆင့်လမ်း ကြောင်းကိုပြထားပါတယ်။



HKEY_LOCAL_MACHINE\Hardware\Description\System\CentralProcessor\0

CentralProcessor ရဲ့ အောက်မှာ 0 နဲ့ 1 ဆိုပြီး နှစ်ခု ရှိပါတယ်။ 0 ကို ပြောင်းလိုက်ရင်ပဲ ပေါ်ပါပြီ။0 ကို နှိပ်ပြီး ညာဘက်မှာProcessorNameStringဆိုပြီးရှိပါတယ်။ပြောင်းပြီးရင် registry editor ကိုပိတ်ပြီး system properties ကို ပြန်ဖွင့်ပါ။ ပြောင်းလိုက်တဲ့အတိုင်း ပေါ်လာတာကို မြင်ရပါလိမ့်မယ်။


ကဲအဲ့လိုဆိုဘယ်လိုလုပ်မလဲ?မေးလာစရာများရှိပါတယ်။အရိုးရှင်းဆုံး Cpu name များကိုပြောင်းလို့မရတဲ့ တစ်နေရာရှိပါတယ်။အဲ့ဒါက system information လို့ခေါ်တဲ့ ဝင်းဒိုးပိုင်းက utility တစ်မျိုးပါဘဲ။အောက်က အဆင့်တိုင်းသွားပေးလိုက်ပါ။အဲ့ system information ပိုင်းကိုပြောင်းလို့ရလားလို့မေးလာခဲ့လျှင်တော့ ပြောင်းလို့မရပါ။အရိုးရှင်းဆုံးသွားနည်းကတော့




All programs/Accessories/System information အဲပိုင်းကနေကြည့်ပေးပါ။နောက်တစ်ချက်က command prompt ကနေသွားနည်းပါ။ကျွှန်တော်ကတော့ command prompt ကနေသွားနည်းကိုပြ ပေးပါ့မယ်။Run box ကနေ cmd လို့ရိုက်ပါ။ရိုက်ပြီးသွားလို့ Command prompt မြင်ကွင်းပေါ်လာရင် systeminfo လို့ရိုက်ပါ။ခုသူငယ်ချင်းသုံးနေတဲ့ system ပိုင်းဆိုင်ရာ details များအသေးစိတ် ထွက်ကျလာပါလိမ့်မယ်။ ပုံကို ကြည့်ပေးပါ။

ကဲကျွှန်တော်စက်က နဂိုက ကျွှန်တော်သုံးနေတဲ့ cpu အမျိုးစားက P4(Pentium 4(ပန်တီယယ်4)ပါ။ဒီခတ် အနေထားနဲ့ဆို တော်တော်လေးကို ခတ်နောက်ကျနေပါပြီ။Pentium ဆိုတာ company ကထုတ်လိုက်တဲ့ nameပါ။ဥပမာ ကျွှန်တော့်စက်ဆိုရင် ပြထားတာက ရှင်သွားအောင် အောက်ကပုံကိုသာကြည့်လိုက်ပါ။ကျွှန် တော် တက်နိုင်သလောက်တော့ ရှင်းလင်းပေးပါမယ်။




အဲ့မှာပါတဲ့ Intel ဆိုတာက company name ပါ။ခုကျွှန်တော့်စက် processor ကို produce လိုက်တဲ့ company နာမည်ပါ။ကမ္ဘာမှာ နာမည်အရဆုံး company ကိုပြောရရင်တော့ intel နဲ့ amd company ပါဘဲ။ကဲဆက်ကြည့်ပေးပါအုံး။Pentium®4 CPU ဆိုတာက Pentium processor လို့ခေါ်တာပါ။Processor နာမည်ပါ။4 ဆိုတာက သူ့ intel company ကထုတ်လိုက်တဲ့ series လိုက်ရှိပါတယ်။Pentium နာမည် processor နာမည်ဆိုရင် intel company က P1,P2,P3,P4 ဆိုပြီးထုတ်လိုက်တဲ့ အထဲကမှ ကျွှန်တော့် processor က p4 series ပါ။3.06ghz(or)3.07ghz ဆိုတာက နောက်က ghz ဆိုတာက ခုကျွှန်တော့ processor လုပ်နေတဲ့ လုပ်ဆောင်ပေးမှုနူန်းပါ။Processor ဆိုတာက တိုင်းတာတဲ့ unit ကghz,mhz နဲ့တိုင်းတာပါတယ်။1ghz မှာအမှန်က 1024 mhz ရှိပါတယ်။ဒါပေမယ့်ကွန်ပျူတာတိုင်းမှာ 1000mhz ပဲယူလေ့ရှိပါတယ်။ဥပမာ ram ဆိုရင် gb ဆိုတာက ram တစ်ချောင်းတိုင်းတာတဲ့ယူနစ်ပါ။ပြီးတော့ 1gb(ဂီဂါဘိုက်)ဆိုတာက ram တစ်ခုရဲ့ ram ချောင်းများရဲ့ chips များဆိုတာရှိပါတယ်။အဲ့ ram ချောင်း store လုပ်ဆောင်မှုက ram chips များမှာသိမ်းဆည်းတာပါ။ရူပ်သွားလားတော့မသိဘူး။ကဲ ရှင်းရှင်းပြောရရင်တော့ 1gb ဆိုတာက ram ချောင်းရဲ့ ram chips များမှာ ram ချောင်းတစ်ချောင်း data သိမ်းဆည်းနိုင်မှု အကျယ်ဝန်းကိုဆိုလိုတာပါ။ပုံကိုကြည့်လိုက်ပါရှင်းသွားအောင်



ကဲ ram ပိုင်းကိုတော့ system properties ကပဲကြည့်လိုက်ပါ။Hardisk ကို အကျယ်ဝန်း space ကိုဘယ်လိုကြည့်ရလဲဆိုရင်


My computer/r click ပေး/Manage/ကနေ Disk Management ကနေကြည့်ပေးလိုက်ပါ။အောက်မှာလည်း cd room (ကိုယ့်စက်က dvd room) တပ်ထားလျှင်တော့ drive room တွေကိုကြည့်ပေးလို့ရပါတယ်




ကဲကိုယ့်စက်မှာကိုယ်ပိုင် graphic card ဝယ်ထပ်ထားလျှင်(သို့)Motherboard ဝယ်ကတည်းက onboard graphic ပါပြီးသားတွေကိုဘယ်လိုကြည့်ရမလဲဆိုရင်တော့ အရင်ဆုံး Desktop ကို r click ပေး ပြီးရင် Propeties/Settings/Advanced/Adapter ပိုင်းမှာကြည့်ပေးလိုက်ပါ။(မှတ်ချက်။ကိုယ့် စက်က graphic card တော့ run ထားပေးရမယ်နော်။Onboard သမားတွေကတော့ ကိုယ်ပိုင် motherboard driver ခွေထဲက graphic onboard driver ကိုတော့ run ပေးပေါ့။ကျွှန်တော့် ပုံမှာက onboard graphic card ပါ။အဲ့ဒါမို့လို့ 96mb ပဲရှိတာပါ။မသိရသေးသောသူငယ်ချင်းများ ရှိသလို သိပြီးသားသူငယ်ချင်းများကလည်း ဗဟုသုတရတာ ပေါ့။မှားတဲ့အချက်တွေရှိရင် ဝင်ထောက်ပေးခဲ့ပါ။

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: