Wednesday, July 21, 2010

Intel နဲ့ AMD ဘယ်CPUသုံးရင်ပိုကောင်းမလဲ?


Intel နဲ့ AMD ဘယ် Platform ကိုသုံးရမလဲဆိုတာပါ။Run မယ့် Appalicationတွေကတော့ လေ့လာခြင်သမျှ ဟာတွေအားလုံး Install လုပ်ပြီး Run မယ်ဗျာ။ CPU တွေနဲ့ ပတ်သက်ပြီးကျွှန်တော် အကြမ်းဖျင်းသိထားတာကတော့ Intel CPU တွေက 1 clock cycle မှာ 4 bit နဲ့ အပိုအယူလုပ်နိုင်ပြီး AMD ကတော့ 2 bit ပဲလုပ်နိုင်တယ်။ဒါပေမယ့် FSB မှာက AMD ကပိုပြီးမြင့်နေတာတွေ့ရတယ်။ကျွှန်တော်သုံးဖို့ရည်ရွယ်ထားတာက Intel ဆိုရင် P.Dual Core E2200,2.2GHZ,FSB 800 / AMDဆိုရင် Athlon64x2 5200+,2.7GHZ,SB 2000 ပေါ့ဗျာ။အဲဒီ၂ခုမှာDual Core ခြင်းအတူတူ Speed နဲ့ FSB ပိုမြင့်တဲ့ AMD CPU ရဲ့ဈေးကနိုမ့်နေပြီး Intel cpu ကဈေးနည်းနည်းပိုမြင့်နေတယ်။ဘာကြောင့်လဲဗျာ?


အနော်ကတော့ intel ပဲ အားပေးတယ်ဗျာ ဘာလို့ လဲဆိုတော့ intel ကနာမည်ပိုကြီးတယ်လေပြီးတော့ amd က heat တက်တယ် ပိုမြန်တယ်ပိုဈေးပေါတယ်လို့ကြားတယ်ဗျသေချာချာမသိပါသူ့ဟာသူဘယ်လောက်ပဲ မြန်မြန် ဘယ်လောက်ပဲဈေးပေါပေါ ဗျာ ဒီမြန်မာနိုင်ငံကရာသီဥတုနဲ့ဆိုရင်မရနိုင်ဘူး intel တောင် မှ 3 နာရီးလောက်ဆို ပူနေပြီ ဒါပေမဲ့ ဘာမှမဖြစ်ဘူး ဆက်သုံးလို့ ရတယ်ဗျamd သုံးမယ်ဆိုရင်တော့ air con ဖွင့်မှရမယ်လို့ကြားဖူးတယ်ဗျ

ultimate ဆိုရင် core 2 duo ,ram 1 gb ရှိရင်ရပြီ။အနော့် laptop ဆိုလည်း core2 duo 2.2GHz ပဲရှိတာ vista :ultimate သုံးထားတယ်လေဘာမှမဖြစ်ဘူးရတယ်

ကျွန်တော်လည်း AMD ထက်စာရင် Intel ကိုပိုပြီးတော့သဘောကျတယ်။ အဓိကကတော့ အပူရှိန်ကြောင့်ပါ။ ဈေးသက်သာပေမယ့် သူ့ရဲ့အပူရှိန်ကို ထိန်းနိုင်ဖို့ ပြန်ပြီးတော့ဖြည့်ရမယ့် access နဲ့ဆိုရင် intel ကိုသုံးတာက ပိုပြီးတော့တန်ပါတယ်။ နောက်ပြီး Intel အတွက်ပစ္စည်းတွေက ပေါတယ်လေ။ စမ်းချင်တိုင်း စမ်းလို့ရတယ်။ ပျက်မှာမစိုးရိမ်ရဘူး။

ကျနော်လည်း AMD သုံးနေတာဗျ။ဟိကတော့ တော်တော်တက်တယ်။ကျနော့်စက်က hp လက်တော့ပ် AMD sampron ram 1gb vista တင်ထားတာ laptop တွေအကြောင်းလည်းသိပ်မသိ ကွန်ပြူတာ ဗဟုသုတ ကလည်းဝေးတော့ အကြမ်းသုံးနေတာဗျ။နေ့ ရာညရော ဖွင့် အလုပ်ပိတ်ရက်တွေဆိုရင် ၃, ၄ ရက် ဆက်တိုက် မပိတ်ပဲနေတာ heat တက်လို့တက်မှန်းလည်းမသိ နဲ့  လုပ်ချင်တိုင်းလုပ်နေတာ ၀ယ်ပြီးတော့ ၁ နှစ်ပြည့်ခါနီးမှာ ကြွတော့တာပဲ..service centre သွားပြတော့ mainbord ကြသွားတာတဲ့. သေပြီဆရာပဲ တော်သေးတာပေါ့ warranty 1 year ရထားတော့ အလကား လဲပေးလိုက်လို့ intel မသုံးဖူးတော့ မသိဘူး AMD ကတော့ တော်တော်ပူတယ်ဗျ.. အဲဒါဖြစ်ပြီးတည်းကလန့်နေတာာ စက်ကိုအကြာကြီးမဖွင့်ရဲဘူး ဒါပေမယ့် ဖွင့်တယ်ဆိုရင် အနည်းဆုံး ၅ နာရီ ၆ နာရီ လောက်ကြတာပါပဲ..ဒါလေးပဲသုံးစရာရှိတာကို...cpu အပူချိန်ကြည့်တဲ့ဆော့ဖ်ဝဲလေးတော့ရှိတယ်။စက်အောက်ကိုလည်းလက်နဲ့ ဒီတခါတော့ intel ပဲဝယ်တော့ မယ်။

AMD က heat တက်တယ်လို့ပြောတာ ကြားဖူးပါတယ်ခင်ဗျာ.. အသေအချာတော့ မသိပါ။ လူသုံးများတာတော့ Intel ပါပဲခင်ဗျာ။Vista Ultimate သုံးမယ်ဆိုရင်ကတော့ Core2Duo လောက်ဆိုဖြစ်ပါတယ်( Core i7 လေး သုံးပါလားဟင် အချွန်လေးနဲ့ မပေးလိုက်မယ် )ဟုတ်ပါတယ် AMD က heat ကတော့ တကယ်တတ်ပါတယ် Intel ထက်ကို ဒါပေမဲ့ သူက ပိုပြီးအကြမ်းခံမယ်လို့ ကျွန်တော်ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရုံးက DELL server တွေမှာ AMD သုံးထားတာကို ကျွန်တော်တွေ့ပါတယ် server ဆိုကတည်းက အမြဲတမ်းrun မှာဆိုတော့ အကြမ်းခံတာကိုပဲ သုံးမယ်လို့ထင်ပါတယ်။အကိုheat တက်မှာကြောက်ရင်တော့ မသုံးပါနဲ့Intel ကပိုကောင်းမယ်ထင်ပါတယ်။
မှတ်ချက်။ ။MZ FORUM မှကျွှန်တော်ဖတ်ရူထားသမျှလေးကို မျှဝေလိုက်ခြင်းဖြစ်ပါသည်။
ဒီပို့စ်ကို PDF FILE လိုချင်ရင်


0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: