Wednesday, July 21, 2010

Virtual Memory သို့မဟုတ် Page Files ဆိုတာ Physical RAM ကိုပြောတာပဲ



Windows XP မှာ Virtual RAM (Memory) / (pagefile) ကိုအသုံးပြုပါတယ်။ ဒီ Virtual Memory or Virtual RAM ဟာ တကယ်တော့ hard disk ပေါ်က နေရာလေးတစ်ခု အစိတ်အပိုင်းလေးတစ်ခု ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ အဲဒီနေရာလေးကို လိုအပ်သလို တိုး/လျှော့ လုပ်နိုင်ပါတယ်။Applicati on Programs တစ်ခု သို့မဟုတ် တစ်ခုထက်ပိုဖွင့်လိုက်သည် နှင့် ထို program နှင့်ပတ်သက်သော instruction များကို Physical Memory မှလက်ခံသိုလှောင်ပြီး programs များကို အလုပ်လုပ်စေခြင်းဖြစ်သည်။ Physical RAM များမျာထည့်လေ system ပိုမြန်လေဟု ယေဘုယျအားဖြင့် လူတိုင်းနားလည်ထားကြ ပါသည်။ Physical RAM များ၏ instructi on လက်ခံဆောင်ရွက်ပေးနိုင်သော ပမာဏများသည် အကန့်အသတ်ဖြင့်ရှိနေကြသည်။Memory သည်လည်း Software Applicati ons များကို လက်ခံသိုလှောင်နိုင်သော တာဝန်ယူလုပ်ဆောင်ပေးနိုင်သော ပမာဏထက်ကျော်လွန်သွားပါက system လုပ်ဆောင်ချက် နှေးကွေးခြင်း ရပ်ဆိုင်းခြင်း များကိုဖြစ်ပေါ်စေသည်။Physical Memory သည် ၄င်းလက်ခံသိုလှောင် နိုင်သော အခြေအနေထက်ကျော်လွန်ပါက ကနဦးသတ်မှတ်ထားသော Hard Disk ၏ သိုလှောင်နိုင်သော နေရာလေးသို့ ရွှေ့ပြောင်း သိမ်းဆည်းခြင်းဖြင့် system ၏အမြန်နှုန်းကိုတိုးတက်စေသည်။။ ထိုသို့ PhysicalMemory နှင့် Harddisk ( Virtual Memory / Page File) တို့ အပြန်အလှန် files များလွှဲပြောင်းခြင်းကို swap file ဟုလည်းသိရှိနိုင်ပါ သည်။VM ကိုသတ်မှတ်ထားရှိခြင်းသည် system လုပ်ဆောက်ချက်ကိုပိုမြန်စေသည် သို့သော်System တက်လာသည့်အချိန်ကြာမြင့်ခြင်း စက်ပိတ်သည့်အချိန်ကြာခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် Page Files များကိုဖျက်ပစ်ခြင်းသို့မဟုတ် Virtual Memory တွင် တန်ဖိုးကိုတတ်နိုင်သမျှလျှော့ပစ်ခြင်းဖြင့် ကြာချိန်များကို လျှော့ချပစ်နိုင်ပါသည်။
Source-->ဦးကျော်စိုးလင်း



ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: