Wednesday, July 21, 2010

Disk Defragmenter ကို Command lineနဲ့တပြိုင်တည်းလည်း အလုပ်လုပ်ပါတယ်။

Windows XP မှာ hard drive တွေကို defragment လုပ်တာ drive တခုပြီး တခု စောင့်ပြီးလုပ်နေရတော့သိပ်ပျင်းဖို့ကောင်းပါတယ်။အချိန်လည်းအင်မတန်ကုန်ပါတယ်။Driveတွေ ၃ ခု ၄ ခု ရှိတဲ့ Windows တွေမှာဆိုပိုဆိုးတာပေါ့။ခက်တာက Windows ရဲ့ utility မှာကိုက drive အားလုံးကိုတပြိုင်တည်း လုပ်နိုင်တဲ့ utility မှမရှိတာ။
Disk Defragmenter ကို Command line နဲ့လည်း အလုပ်လုပ်ပါတယ်။
defrag [-a] [-f] [-v] [-?]
volume drive letter or mount point (d: or d:volmountpoint)
-a Analyze only
-f Force defragmentation even if free space is low
-v Verbose output
-? Display this help text

အဲဒီတော့ Windows မှာရှိတဲ့ Drive တွေအားလုံး ကို တခုပြီးတခု defrag လုပ်လို့ရအောင် notepad ထဲမှာအောက်ကစာသားကိုထည့်ပေးပါ။
ကုဒ်

defrag c: -f
defrag d: -f
defrag f: -f





ရိုက်ထည့်ပြီး File name ကို defragall.bat လို့ ပေးပြီးSave လိုက်ပါ။ Defragment လုပ်ချင်ရင် defragall.bat ကို DoubleClick လုပ်လိုက်ယုံ နဲ့ Command Prompt ပွင့်လာပြီး Drive C: D: F: G: တို့ကို တခုပြီးတခု defrag လုပ်သွားမှာဖြစ်တယ်။
ဘာကြောင့် defrag လုပ်ရသလဲလို့ ဆိုရင်ကျနော်တို့သုံးနေတဲ့ hard disk မှာရှိတဲ့ file များ သုံးစွဲတာ များလာရင် ပဲဖြစ်ဖြစ်file များ (သို့) program များကိုထုတ်လိုက်သွင်းလိုက် လုပ်သည်ဘဲဖြစ်ဖြစ်၊ file များ (သို့) programများဟာသူရှိနေကျနေရာတွေမှာ မရှိတော့ဘဲ ပြန့်ကျဲ နေပါတယ်။ အဲလို ပြန့်ကျဲနေတဲ့ file များ (သို့ ) program များကို သူ့နေရာတကျရောက်အောင် hard disk ကို defrag လုပ်ပေးခြင်း ဖြစ်ပါတယ်။ Defrag မလုပ်ရင်ပေးရင် ကွန်ပြူတာက ဖြေးဖြေးခြင်းနှေးလာပါတယ်။ အနည်းဆုံး ၁ လကို ၂ ကြိမ် လောက် defrag လုပ်ပေးသင့်ပါတယ်။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: