Thursday, April 21, 2011

Core I 7



နာမည်ရနေတဲ့ intel company ကနေ 2008 အကုန်လောက်က core I 7 processor ကိုဈေးကွက်ကို စတင်မိတ်ဆက်ခဲ့တာ သိထားပြီး ဖြစ်ပါတယ်။တကယ်လို့ ထုတ်လုပ်မှု အသစ်တစ်ခု တည်းဖြစ်ပီး နည်းပညာ အသစ်ဆန်းတစ်ခု အနေနဲ့ ထင်ရှားခဲ့တာတွေ သိရှိပြီးဖြစ်ပါတယ်။ခု I 7 နဲ့ပတ်သတ်ပြီး ကျွှန်တော်က computer journal 2009 (Nov.. လထုတ်ကနေ ထုတ်နူတ်ချက်ကို )နားလည်သလို ဘလော့လ်လာ သူများလည်း ဖတ်ရအောင် ကိုယ်တိုင်းလည်း ebook တစ်ခု အနေနှင့်သိမ်းထားရအောင် ထပ်ပြီး ဖတ်ရူ လိုက်ခြင်း ရေးချလိုက်ခြင်းသဘောပါ။
Intel company မှာ တီထွင်မှုဒီဇိုင်းအသစ်ကို “Tick Tock” cycle လို့ တင်စားခေါ်ဝေါ်ပါတယ်။Core I 7 တည်ဆောက်ထားမှု သည် အရင်က Code name “Nehalem” အဖြစ်ထင်ရှားခဲ့ပါတယ်။Core တည်ဆောက်မှုကို 45 manometer လောက်ထိချုံထားတဲ့အတွက် Mother board ကိုပါ အသစ်လည်းလှယ် တပ်ဆင်ရမယ့် သဘောကို ဆိုလိုထားခြင်းပါ။နောင့်တစ်ချက်က intel desktop တည်ဆောက်မှုနဲ့ chipset ထဲက memory controller တွေလည်း ပြောင်းလဲမှု ၇ှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အချက်လက် သယ်ပို့နူန်း data transfer speed နူန်းကို က မြန်ကိုမြန်တာပါ။ထို့အတူ မြန်လာတဲ့ cpu speed နဲ့ လိုက်ဖတ်တဲ့ Ram ကိုလည်း 3 Gb ကနေ 6 Gb ကနေ 12 Gb အထိ ထပ်ဆင်ဖို့လိုလာပြန်ပါတယ်။Cpu ဈေးနူန်းကို ဒီထက်သက်သာစေဖို့နဲ့ ဒီထပ် အရွှယ်စားတွေ သေးငယ်လာဖို့ ဒီထက် မြန်ဆန်လာအောင် version အသစ်တွေ ထုတ်မယ်လို့ intel company ကနေ ထပ်မံကြေငှာထားပါတယ်။

နောင့်တစ်ချက်က ပြန်လည် ရှင်သန်လာတဲ့ Hyper Treading technology (ဒီအကြောင်းကို ဆရာဦးဇော်လင်းရေးသားတဲ့ မဟုတ်လည်း ဆရာမျိုးသူရ ရေးသားတဲ့ စာအုပ်မှာ ဖတ်ရူကြည့်ပါ)Pentium 4 မျိုးဆက်အဆုံးမှာ Hyper Treading လည်း ပျောက်ကွယ်ခဲ့ရတာပါ။အခု CPU မျိုးဆက်သစ်မှာ ပြန်ပေါ်လာပါတယ်။Intel process ရဲ့ စွမ်းရည်အလိုက်ကို ဆက်လက် ထုတ်ဝေနေပါတယ်။အပြောင်းလည်း ကတော့ လုပ်နိုင်ချက် ပိုကောင်းရမယ်။ပါဝါ power supply သုံးစွဲမှု သက်သာရမယ် စိတ်ချရမယ် သုံးသူများအတွက် ယုံကြည့်မှုရှိရမယ်။
ကဲဒီမှာလာပြီး L1/L2 Caches တွေကိုကြားဖူးကြမှာပါ။လက်၇ှိ ကျွှန်တော်အရင်ပို့စ်တွေကလည်း ရေးသားခဲ့ ပြီးဖြစ်ပါတယ်။မဟုတ်လည်း ဆရာမျိုးသူရရေးသားတဲ့ hard ware ပိုင်းစာအုပ်တွေကို မျှဝေခဲ့ပြီးဖြစ်ပါတယ်။ခု တစ်ခေါက်အနေနှင့် ပြောရလျှင် Caches ဆိုတာ s ram အမျိုးအစား တစ်ချို့ cpu တွေမှာ ဒါတွေကို cpu chip set slot or socket အောက်တွေမှာ ထည့်သွင်းလေ့ရှိတယ် မဟုတ်လည်း တစ်ချို့ motherboard တွေမှာ cpu socket or cpu slot နားတွေမှာ ထားလေ့ရှိတယ်။ခု လက်ရှိ ကိုယ်တိုင်သုံးနေတဲ့ cpu က Pentium 4 Intel ထုတ်ပါ။ကျွှန်တော့်စက်ပေါ့။ဒီခတ်အနေထားနဲ့ဆို cpu internal speed နဲ့တိုင်းတာလျှင်ကို တော်တော်လေးကို ခတ်နောက်ကျနေပီ ဆိုရမယ်။ခုဒီ I 7 cpu မှာ L1 and L2 ကိုဦးခြားဆီထားပေမယ့် L3 ကိုပိုမိုအားဖြည့်ထားပါတယ်။လက်ရှိ Pentium မှာတော့ L1 and L2 Cache နစ်ခုတည်းပါ။I 7 ကြတော့ Cache သုံးခုထည့်သွင်းထားခြင်း သဘောပါ။ဒါအပြင် i7 မှာ Core လေးခု ပါပါတယ်။ Core2Quad နဲ့ တူပါတယ်။ သို့ပေမယ့် မတူတာက HyperThreading ပါတဲ့ အတွက် နောက်ထပ် Virtual Core လေးခု ထပ်ရပါလိမ့်မယ်။ ဒါကြောင့် i7 ဟာ Core ရှစ်ခု ပါတဲ့ ပုံစံ ဖြစ်သွားပါတယ်။။နည်းပညာတွေ ဘယ်လောက် ပြောင်းလည်း သွားသွား အထင်ရှားဆုံးက Front Side Bus လို့ခေါ်တဲ့ cpu and chip set ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်း မြင့်တင်ပေးတဲ့နေရာမှာ သုံးတယ် ဆိုရပါ့မယ်။Window task manager ထဲက ချပ်စ်တစ်ခု ဆီမှာ cores ဘယ်လောက်လဲဆိုတာကို ကြည့်နိုင်ပါတယ်။အဲ့မှာ cores 8 ခု ရှိပြီး virtual လေးခုနဲ့ အစစ်လေးခု ဖြစ်ပါတယ်။Core I 7 processor သည် cores တစ်ခုချင်းကို clock speed မတူညီစေဘဲ အလုပ်လုပ်နိုင်ပါတယ်။Turbo mode ကစိတ်ဝင်စားဖို့ ကောင်းပါတယ်။ပြီးတော့ core အချို့ကို over clock လုပ်နိုင်တာပါ။Application များနဲ့ အလုပ်လုပ်ရာ မှာလည်း ပိုပြီး စွမ်းရည်မြင့်မားတယ် လို့ ဆိုရမယ်။Application programs များ အပိုင်းတွေပေါ့။Intel company အနေနဲ့ 2004 ခုနစ်ကစပီး procerssor များကို ပုံစံသစ်နဲ့ ပြောင်းလည်း ထုတ်လုပ်ခဲ့ပါတယ်။Package အနေနဲ့ ထုတ်လုပ်လာပါတယ်။Socket အတွက် ၄၇၈ ပင်မလိုတော့တာပဲ ဖြစ်ပါတယ်။အဲ့အတွက် Quick Path Interconnect (QPI) နည်းပညာနဲ့ အစားထိုး ထားပါတယ်။Fsb တုန်းက bandwidth အကန့်သတ်ရှိပြီး QPI 20 bit အကျယ်အထိ ဆက်သွယ်ပေးနိုင်ပါတယ်။အစုံအဆန် သွားလမ်းတွေနဲ့ အတူ အချက်လက်များကို ၂၅.၆ GB/s နူန်းနဲ့ အမြန်ဆုံး သယ်ပို့ ပေးမှာပါ။ဒါဟာ FSB ရဲ့ အမြင့်ဆုံး စွမ်းဆောင်နိုင်ချက်ရဲ့နှစ်ဆ အမြန်နူန်း ဖြစ်ပါတယ်။QPI သည် ၂၀၀၁ တုန်းက AMD သုံးခဲ့တဲ့ Hyper Transport နည်းပညာနဲ့ ဆင်တူပါတယ်။အခုဆို version 3.1 ကို ရောက်နေပြီး အချက်လက် သပ်ပို့နူန်းတူပါတယ်။
Core I 7 သည် desktop and notebook ကွန်ပျူတာ များ အတွက် သာမက server အတွက်လည်း အထူ သင့်တော်ပါတယ်။Cache ဒီဇိုင်းအသစ်နဲ့ QPI နည်းပညာအတွက် intel ကိုပဲ ကျေးဇူးတင်ရတယ်လို့ ဆိုရပါ့မယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ 1000 ၀န်းကျင်ရှိပါတယ်။
Specifications


ဒါက ကျွှန်တော် google ကနေ လက်လှမ်းမီသလောက် core I 7 processor ရဲ့ specifications များကို ပြထားခြင်းဖြစ်ပါတယ်။Cores များပါဝင်မှုနှင့် အဲ့မှာ L3 cache (s ram) တွေရဲ့ ပါဝင်မှု Mb များကို ပြထားတယ်။Process nm(nano meter) ကိုပြထားတယ်။ပြီးတာနဲ့ ram types နှင့် ram slot type များကို ပြထားတယ်။
ဈေးနူန်းကို
http://ark.intel.com/ProductCollection.aspx?familyId=28037
ဒီလင့်မှာ ဝင်ကြည့်နိုင်ပါတယ်။အသေးစိတ်ကို တော့
http://www.intel.com/products/processor/corei7/index.htm

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: