Sunday, April 10, 2011

Hell ..


ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ့လျှားမှု အကြောင်း လေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင် များရယ် ပူးပေါင်းပြီး ဆိုဗီယက် နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန် တစ်နေရာတွင် မြေအောက် ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြ ပါတယ်။

ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက် ကိုးမိုင်အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင် ဒေါက်တာဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကိုတွေ့ ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီး တစ်ခုကို ရောက်နေလို့ ထိမ်းမရအောင် လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ တွေ့ရှိပါတယ်။


အဲဒီအခါမှာတော့ လုံးဝ မခံမရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။ ပထမတော့ သူတို့ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာ စူးစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံး တစ်လျှောက်ထဲမှာ ကြားနေရတဲ့ အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့ က ဆိုပါတယ်။ သေချာအောင်လို့ အသံဖမ်းစက်ကို တွင်းထဲချပြီး အသံဖမ်း နားထောင်တဲ့အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအ၀င် တခြားပညာရှင်တွေရော တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။ ဒါဟာ ငရဲကို တွေ့ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့ လူ့လောကကို ဆက်ပေးလိုက်ကြပြီးလို့ထင်မိပါတယ်။

ကျနော် အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ဟာတွေက တွင်းတူးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။

ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယား ဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။ ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခု ကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။

မြေကြီးအောက် ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ်။ သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆ လောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။

တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ် တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီးဆိုတဲ့ သတင်းစာကြီးက1990-ခု၊ ဇန်န၀ါရီလ 4-ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။

ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့… ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ။ တွင်းတူး တွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။

ဒီလိုတွေ့ရှိမှုတွေ ပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့ ဖင်လန်နိုင်ငံမှ ဘူမိဗေဒ ပညာရှင်တချို့ အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသား ဖော်ပြခဲ့ကြတယ်။


အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ရှိချက်အပြီး နှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်က နှုတ်ထွက်ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်း လိုက်ကြတယ်။ ဆိုဗီယက် သာသနာရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီး နှုတ်ပိတ်ခဲ့တယ်။ ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက် ပေးပုံရတယ်လို့ မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။

ဘာနီနန်မီဒယ်ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လှူဒါန်း လိုက်တယ်လို့ သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့အခါမှာတော့ သူ့အသက်လဲ စိုးရိမ် ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီ ပယ်ချခဲ့ပါတယ်။ နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့လူ ရေးခဲ့တဲ့စာပါပဲ။ သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။

စာရေးတဲ့ နေ့စွဲက ၁၉၉၀-ခု၊ ဇန်န၀ါရီလ ၇-ရက်နေ့ သူ့စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉-ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရိကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ နော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်ပေါင်းများစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။

ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့အခါမှာတော့ သူဟာ အရမ်းအံ့သြ တုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံး မှာတော့ သူ့ကို ဘုရားသခင်ထံမှာ အပ်နှံကြောင်းနှင့် လုံခြုံတဲ့ နေရာမှာ ထားပေးကြပါလို့ ရေးသားထားကြောင်း သိရပါတယ်။

မှတ်ချက်။ “ငရဲကြီး ရှစ်ထပ်ကို နော်ဝေ၊ ဖင်လန်နိုင်ငံမှ ဘူမိပညာရှင်များ အတည်ပြု” ဟူသော အထက်ပါ ဆောင်းပါးကို သူငယ်ချင်းမှနေ အီမေးလ်ထဲသို့ ဖော်ဝပ် လုပ်ပေးထားသဖြင့် မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးထားပါသည်။ ဤဆောင်းhttp://www.blogger.com/img/blank.gifပါးနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ်ရာ အင်္ဂလိပ်-ဆောင်းပါး များစွာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးသည်။ အချို့ကား မှန်သည်ဟု ယူဆ၍ တစ်ချို့ကား ချဲ့ကား ပြောထားသည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ အဖြစ်အပျက်ကား တကယ်ပင် ပေါ်ပေါက်ခဲ့ဘူးသည်။ ရှာဖွေခဲ့သည့် ဓာတ်ပုံနှင့်ဆောင်းပါး လင့်များကို အောက်ပါ အတိုင်း ကလစ်နှိပ်၍ သွားရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ကို ကြည့်လိုပါက အောက်ပါလင့်ကို နှိပ်ပါ-
http://englishrussia.com/index.php/2008/03/25/darvaz-the-door-to-hell/
အင်္ဂလိပ်လို ရေးသားထားသည့် ဆောင်းပါးကို ဖတ်လိုပါက အောက်ပါလင့်ကို နှိပ်ပါ-
http://www.truthorfiction.com/rumors/d/drilltohellfacts.htm
မှတ်ချက် ဖတ်ဖူးတဲ့ စာပေကို မျှဝေလိုက်တာပါ ဖိုးသား ခင်မင်စွာဖြင့်
လက်ရှိ ကျွှန်တော့်စက်က အသံဖိုင်လ်
http://www.mediafire.com/?hwceh13mtwiwhk1

1 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

မိုးယံ April 10, 2011 at 11:05 AM  

ဘယ်လောက်ပဲ မျက်မြင်သက်သေ ခိုင်ခိုင် မိစ္ဆာတွေကတော့ လက်ခံဦးမည် မထင်။