Friday, September 24, 2010

Google translate bot in g talk

Google ကနေ service ဝန်ဆောင်မှုတွေကလည်း များပါတယ်။ခုတစ်ခု လောက်ပြမလို့ပါ။သိပြီးသား လူတွေ လည်းရှိသလို ကျွှန်တော်တို့လို ဘာမှမသိတဲ့လူကတော့ knowledge တစ်ခုတော့ ရတာပေါ့ မဟုတ်လား။ရေးမယ့် အကြောင်းကတော့ gtalk ကိုအသုံးပြုပြီး ဘာသာပြန်ပေးနိင်မယ့် translator bot အကြောင်းလေးပါ။ဘာသာစကား အခက်ခဲ့ရှိသူတွေ အတွက်ကတော့ gtalk ကနေ အဆိုပါ translator bots များကို invite လုပ်ပြီး ဘာသာပြန်ဆိုတဲ့စနစ်လို့ တော့ခေါ်ရမှာပေါ့။

ခုလောလော ဆယ်ကျွှန်တော်သိတဲ့ translator bots များနှစ်ဆယ့်သုံးခုတော့ သိပါတယ်။အသုံးဝင်မဝင် ဆိုတာက စာဖတ်သူအပေါ်မှာ ပဲမှုတည်တာပါ။

ar2en, de2en, de2fr, el2en, en2ar, en2de, en2el, en2es, en2fr, en2it, en2ja, en2ko, en2nl, en2ru, en2zh,es2en, fr2de, fr2en, it2en, ja2en, ko2en, nl2en, ru2en, zh2en

ရှင်းလင်းချက်ကတော့


en= english, nl = dutch, de = german, es = spanish, fr = french, it = Italian, ko =korean, ru =russian, ja = japanese, zh = chinese ပါ




ဘယ်လိုအသုံးပြုရသလဲဆိုတော့--- 2@bot.talk.google.com

ဥပမာ - အင်္ဂလိပ်ကနေ ဂျာမန် ဘာသာကို ဘာသာပြန်ချင်တယ်ဆိုရင် en2de@bot.talk.google.com ဆိုတဲ့

အကောင့်ကို သင့်ရဲ့ Contacts List ထဲမှာ Add လိုက်ပါ။ပြီးလျှင်တော့ အင်္ဂလိပ်ကိုယ်သိချင်တာတွေကို ရိုက်ထည့်ပေါ့ ဒီကောင်က german ကို google translate ဆိုတဲ့အတိုင်း English to German ကို ဘာသာပြန်ဆိုမှာပါ။ဂျာမန်toအင်္ဂလိပ် ကိုပြောင်းပြန် ပြန်ဆိုချင်လျှင်တော့ bot တွေကို ရှေ့နောက်ချိန်းပေး လိုက်ပေါ့။ရှင်းအောင် ပြောရရင်တော့ ကိုယ်က သူငယ်ချင်းတစ်ယောက် အကောင့်ကို စတင် invite လုပ်ပေး သလိုပေါ့ ဟိုဘက်ကလည်း ပြန်ပြီး accept ပေးသလိုမျိုးပေါ့။လက်ရှိသုံးနေတဲ့ google translate ကတော English to Myanmar လိုချင်ရင် en2mm9@mmgeeks.org ဒါလေးကိုအပ်လိုက်ပေါ့။အဆင်ပြေမှာပါ။

ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: