Thursday, September 30, 2010

ico image file type changer



အရမ်းရိုးရှင်းတဲ့ image or photo .jpg file type ကို .ico ဖိုင်လ်အမျိုးအစားပြောင်းပြမလို့။Software တော့သုံးပေးရတယ်။နာမည်က Image icon ပဲ။ချပေးတာတော့ free ware ဆိုတော့ ဘာကီးမှထည့်ပေး စရာမလိုဘူး တန်းသုံးရုံလေ။ကဲတစ်ချက် စဉ်းစားကြည့်ရအောင်။ဘာလို့ image တစ်ပုံကို .jpg file type to .ico file type ပြောင်းပေးရတာလည်း။လက်၇ှိ ကျွှန်တော်တို့ သုံးနေတဲ့ os system များမှာ folders and icons များကို ချိန်းချင်ရင် .ico file type အမျိုးအစားပုံတစ်ပုံလိုပါတယ်။ဒါမှ ရွှေးထည့်ပေးလို့ရပါတယ်။ရှင်းသွား အောင် အောက်ကိုကြည့်ပါ။





လက်ရှိ ပုံမှန် folder တစ်ခုကို icon ချိန်းဖို့ဆိုလျှင် folder ကို r click ပေးပြီး properties ကနေ Customize ကနေ တဆင့် Change Icon.. ကနေသွားပြီး folder icons များကို ချိန်းပေးလိမ့်ရှိပါတယ်။ပြောချင်တာက Change Icon.. အဆင့်မှာ ရွှေးပေးရသော အဆင့်မှာရှိတဲ့ Select an icon the list below:ဆိုတဲ့အောက် ကfile types များဟာ .ico image file types များဖြစ်ပါတယ်။နောင့်တစ်ချက်က Browse … ကနေတဆင့် ရွှေးချယ်ပေးရသော file types များကတော့ .bmp and .ico image file types များဖြစ်ပါတယ်။အောက်က လင့်မှာ ရေးဖူးပါတယ်။ဒါကြောင့် လက်၇ှိ ကိုယ့်ပုံ .jpg or jpeg imge file type ကို .ico file types များပြောင်း ပြီး icons များအနေနှင့်သုံးရအောင်လို့ပါ။



ပုံမှန်တိုင်းပဲ image icon software ကိုဖွင့်ပါ။File ကနေ Open ကနေတဆင့် file types များရှိတဲ့ ထဲမှ jpg files ကိုရွှေးပေးပါ။.Jpg file types ကို .ico file type ကိုပြောင်းလည်းပေးမလို့ပါ။ပြီးလျှင်တော့ .jpg type image ပုံတစ်ပုံကိုရွှေးပေးပါ။ပြီးလျှင် Open ကိုပေးလိုက်ပါ။.Ico file type သို့ပြောင်းလည်းပေးသွားပါမည်


ဒါကတော့ အပေါ်က .jpg imag file type ကို .ico image file type သို့ပြောင်းလည်းသွားခြင်း ဖြစ်သည်။အဆင်ပြေမှာပါ။ပြီးလျှင်တော့ အပေါ်ကကျွှန်တော်ပြောသလိုပဲ folder icons များ chage တဲ့အခါ Browse … ကနေရွှေးချယ်ပေးလို့၇ပါပီ။.Ico image ပုံတစ်ပုံကို။ခေါင်းစဉ်ကတော့ လက်၇ှိ ico image file type changer လို့ပဲပေးလိုက်တယ်။

ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: