Friday, September 17, 2010

Elfin Photo Editor 1.0 portable ...



နှစ်သက်ဖူးတဲ့ ဆော့ဝဲလ်တော်တော် များများ ထဲမှာ အရူအမူးပေါ့ နှစ်သက်ဖူးတဲ့ software တစ်ခုရှိခဲ့ဖူးတယ်။Elfin Photo Editor 1.0 လေ။ဒီကောင်က ဝယ်သုံးခိုင်းတာ ကျွှန်တော်လည်း ၇ှာတာပေါ့ crack တို့ keygen တို့ ဘာညာပေါ့။အလကားရရင် ရသလိုပေါ့ ဟီး အဲ့တော့ ရှာရင်းနဲ့ crack တို့ keygen တို့တော့ မရလိုက်ဘူး။Portable တစ်ခုနဲ့ပဲအဆင်ပြေသွားတယ်လေ။Portable ဆိုတော့ ဝယ်လည်း သုံးစရာ မလိုတော့ တော်တော်များများ သုံးရတာအဆင်ပြေပါတယ်။Portable တိုင်းကို မဆိုလိုဘူးနော်။

သူ့အကြိုက် ကိုယ့်အကြိုက်တော့ ၇ှိမှာပေါ့ မတူညီကြဘူးလေ။မပြောတက်ဘူးလေ။Elfin Photo Editor 1.0 portable ကို တင်ပေးလိုက်တယ်။Photo တစ်ပုံကို effects များထည့်ပေးလို့ ရတဲ့အထဲမှာ ဒီကောင်လေး ကအကောင်းဆုံး နဲ့အဆင်ပြေဆုံးပဲလေ။



medifire ကနေယူရန်



လက်ရှိသုံးနည်းကို အောက်မှာ ရေးပြထားပေးမယ်။အရင်ဆုံး အပေါ်က link မှာ download ယူနှင့်ဦး။ပြီးမှ တူတူ လိုက်လုပ်ကြည့်ရအောင် ပေါ့ဟဲဟဲ။




လက်ရှိ File ကနေ Open ကနေ .jpg file image photo တစ်ပုံကို ထည့်တယ်ဆိုပါတော့။Color Effects,Art Effects and Deform Effects တို့တွေပေါ့ နှစ်သက်မိတာလေ။Color effects ပိုင်းကို သုံးကြည့်ကြရအောင်။



လက်ရှိကျွှန်တော်က နဂို default ပုံကို Grayscale effect ကိုသုံးပြီး image ကနေ fillip horizontal ကိုသုံးလိုက်တာပါ။အဲ့တော့ ပုံက ဘယ်ညာလှည့်သွားပြီး Grayscale effect သုံးထားတဲ့ imag (or) photo တစ်ပုံကို ရရှိမှာပါ။





နောက် effect တစ်မျိုးဖြစ်တဲ့ Art Effects များကိုထည့်သုံးကြည့်ရအောင် ကျွှန်တော်က Crystal effects ကို click ပေးပြီး သုံးပြထားတာပါ။သူ့အကြိုက် ကိုယ့်အကြိုက်လေ




လက်ရှိ အပေါ်က ရရှိလာသော ပုံတွေကို မနှစ်သက်ဖူးဆိုလျှင် Restore ကိုနှိပ်ရင် နဂို file open ကနေ ထည့်လိုက်သော ပုံရဲ့ နဂိုအနေထားကို ရောက်သွားမှာ ဖြစ်ပါတယ်။ပြီးတော့မှ effects 3 မျိုးထဲက Deform Effects ကိုသုံးပြီး ကိုယ်ပွားလုပ်ပေးထားတာပါ။ပုံတစ်ပုံနှင့်တစ်ပုံကတော့ image effects များတူညီ မှာ မဟုတ်သလို Color Effects,Art Effects and Deform Effects များလည်းကွဲပြားသွား မှာ ဖြစ်ပါတယ်။ပုံတစ် ပုံကိုရွှေးချယ် ပေးတဲ့အပေါ်မှာ မူတည်ပါတယ်။ရူခင်း beaches ကမ်းခြေပုံများကို ပြုပြင်ပြောင်းလည်း မယ်ဆိုရင် ပိုမိုမိုက်ပါတယ်။




နောက်ဆုံးအသုံးဝင်တဲ့ setting ပိုင်းကတော့ Adjust ကနေ lightness/Darkness and Brightness/Constract ညှိပေးခြင်းပါ။အပေါ်မှာကတော့ ကျွှန်တော်က သင့်တော်သလို ညှိပြထားပါတယ်။ဒီလောက် basic ပိုင်းကို သိရင်ကို Elfin Photo Editor 1.0 ကိုကျွှမ်းကျင်ပိုင်နိုင် စွာ အသုံးချ လို့ရပါပြီ။နောက်ဆုံး ပိုင်းကတော့ saving လုပ်တဲ့ပိုင်းပါ။





File ကနေ Save မှာ ကိုယ်ပေးချင်သော file name ကို ရေးပေးပြီး file type မှာ .bmp,.jpg(or)jpeg and gif ရှိပါတယ်။.Jpeg (or)jpg file type ရွှေးချယ်ပြီး save ပေးလိုက်ပါ။ကွန်ပျူတာက အသုံးတည့်တဲ့ ပုံတော်တော် များများက .jpg (or)jpeg file type နဲ့လာတာကိုး။လုပ်ကြည့်ပါ အဆင်ပြေမှာပါ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

1 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

စံအောင်ကျော် September 17, 2010 at 3:27 PM  

iPhone DiskAid ရဲ့ Serial Number လေး ရှိရင်တင်ပေးပါလား။
အရေးကြီးနေလို့ပါ....
အားပေးလျှက်