Saturday, September 18, 2010

listening songs in window start up ...



လက်ရှိ computer jet audio player နဲ့ ကွန်ပျူတာ စဖွင့်ရင် နှစ်သက်တဲ့ သီချင်းကို ရွှေးပြီးနားထောင်ကြည့်ရအောင်။ jetaudio ကိုဖွင့် မယ် ပြီးရင် Ctrl + T or playlist ကို click လုပ်ပါမယ် jetAudio Playlist box ပေါ်လာပါမည်။






Playlist ထဲကိုမိမိ ကြိုက်တဲ့သီချင်းလေးတွေရွေး ထည့်ပေးပါ။အမြဲတမ်း နားထောင်လေ့ ရှိတဲ့ song လေးတစ်ပုဒ်ပေါ့။ရွှေးထည့်ပေးလိုက်ပါ။





ရွေးပြီးသွားရင် playlist ပေါ်မှာ right click ပေးလိုက်ပြီးExport ကို click နှိပ်ပါ file ကိုပြန်ရှာရလွယ်အောင် save in မှာ Desktop ကိုရွှေးချယ်ပါမယ်။



File name ကိုမိမိ ကြိုက်နက်သက်ရာပေးမယ်။phoothar လို့ပေးလိုက်ပါတယ်။ save ကို click နှိပ်ပေးလိုက်ပါ။Save as type ကိုတော့ M3U file(*.m3u)လို့ပေးပါ။




ဒါဆိုရင် Desktop ပေါ်မှာ လက်၇ှိ phoothar လို့ပေးလိုက်တဲ့ သီချင်း file name ကိုတွေ့ပါတယ်။အဲ့ဒီ သီချင်း file ကို copy ကူးပါ။ start ---> All Program -->Startup ကို right click ---> open နှိပ်ပါ။ ပေါ်လာသော startup folder ထဲသို့ ခုနက file ကို past ပေးလိုက်ပါ။ ဒါဆိုရင် computer ဖွင့်လိုက်တာနဲ့ သီချင်း ကဖွင့်စရာမလိုတော့ပါဘူး။ဒါဆိုရင် ကွန်ပျူတာကို restart ပေးပြီး ဝင်းဒိုးအတက်မှာ သီချင်းကိုကြားရပါ့မယ်။

လိုက် လုပ်ကြည့်ပါ။လွယ်ပါတယ်။အဲလိုမှမနှစ်သက်ဘူးဆိုလျှင် ကြိုက်နှစ်သက်ရာ vcd song (or) mp3 သီချင်းသာ start ---> All Program -->Startup မှာသာထည့်လိုက်ပါ။Start up utitlity အသုံးဝင်ပုံလေး သိအောင် လုပ်ပြတာပါ။စမ်းကြည့်ပါ မိုက်ပါတယ်။စမ်းဖူးပါတယ်။

ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: