Friday, September 24, 2010

How to defence gtalk hacking

တော်တော်များများ gtalk password hack မယ်ဆိုတာကြီးပဲ အရမ်းကို စိတ်ဝင်စားတက်ကြလေ။သူများကို hack မယ်ဆိုရင် ပြန်စဉ်းစားကြည့်ပေါ့။ကိုယ့်ကိုယ်သာ hack ခံရမယ်ဆိုလျှင် ဘယ်လိုနေမှာလည်း ကိုယ်ရော ခံနိုင်လား။အဓိက နိုင်ငံရပ်ခြားတွေမှာ သွားနေသူတွေ အဖို့ google talk ဆိုတာ communication အဆက်အသွယ် ဆိုတာ အလွန်တရာမှ အရေးကြီးပါတယ်။ကိုယ့် အိမ်က မိဘတွေ သူငယ်ချင်းတွေ အရေးကြီး အချက်အလက်တွေကို တစ်စုံတစ်ယောက်က hack သွားတယ် ဆိုရင် ဘယ်လောက်များ ခံစားရမလည်း ကိုယ်ချင်းစာစိတ်လေး မွေးပြီးတွေးကြည့်စမ်းပါ။တစ်ချို့ဆို ဘယ်လောက်များ ယုတ်မာသွားသလည်း ကိုယ့် google talk က accounts တွေကိုပါကအစ remove and blocked လုပ်ပစ်လိုက်တယ်လေ။ကိုယ်ရော အဲ့လို လုပ်ခံရလျှင် ဘယ်လိုနေမှာလည်း။Google ကလည်း အဲ့လောက် sever security မညံ့ဖျင်းသေးပါဘူး။ဆိုလို တာက gtalk username သိရုံနဲ့ password သိဖို့ဆိုတာပါ။သူများစက်မှာ သုံးနေတဲ့ google password ကိုဆိုလိုတာပါ။

တစ်ချို့က ဘယ်လိုတွေလုပ်တက်ကြလည်း တစ်ချို့ google password recovery softwares များဟာ ဘယ်လောက်တောင်ထိ စွမ်းစလည်းဆိုလျှင် ဥပမာ ဆိုရရင်တော့ ကိုယ်က memory stick လေးကိုင်ပြီး google talk password recovery portable လေးတစ်ခုကို ကိုင်သွားတယ်ဆိုပါတော့။ကိုယ့်ရှေ့က တစ်ယောက်ကိုကြည့်မရဘူးပေါ့ဗျာ။ပြီးမှာ သူထသွားတာနဲ့ double click လေးနှိပ် see password လေးနှိပ်လိုက်တာနဲ့ အဲ့စက်မှာ ထိုင်သုံးသွားတဲ့ usernames and passwords များကအစ အကုန်ပါလေရော။Keylogger လိုကောင်မျိုးပေါ့။ကျွှန်တော် တစ်ခါရေးဖူးပါတယ်။Google password decrytor ဆိုတဲ့ကောင်လေ တော်တော်လေးကိုမှ ကြောက်ဖို့ကောင်းတာ။မှာချင်တာက မလုပ်ကြပါနဲ့လို့။မောင်နှမ ညီအစ်ကိုလိုစိတ်မျိုးမွေးပြီး ဒုက္ခမပေးခြင်ကြပါနဲ့။ဒါကအဆင်ပြေဆုံးပါ။ကဲလေရှည်သွားတယ်။
ကဲ keylogger လေးနဲ့ ပတ်သတ်ပြီးမသိမရှိဖူးတာကိုတော့ ကြားဖူးအောင် knowledge တစ်ခုရအောင်တော့ သိသလောက်တော့ပြောပြမယ်။ဒီကောင်က window စတက်ကတည်းကိုက စတင်ပြီး အလုပ်လုပ်တယ်လေ။ ပိတ်လိုက်မယ် ဆိုလျှင်လည်း နောက်ကွယ်မှာ အလုပ်လုပ်တယ်။Window os taskbar မှာလည်း tray icon လည်းမပေါ်ပြန်ဖူး။ရှိမရှိလည်း မသိရဘူးဆိုပါတော့။ဒါတင်မဟုတ်သေးဘူး keyboard ကနေရေးလိုက်သမျှ mouse ကိုသုံးလိုက် click ပေးလိုက်သမျှ အချိန်နှင့်တကွ မှတ်ထားပေးတယ်လေ။ဒီလို keylogger မျိုးသူများ စက်မှာ ထည့်သုံးထားမယ်ဆို လျှင် ဘယ်လိုကာကွယ်မလည်း စဉ်းစားစရာတော့ ဖြစ်လာပြီ။





ကဲ cntrl shift esc (သို့)cntrl alt del နဲ့ Task manager ကိုခေါ်လိုက်ဗျာ။Process ဆိုတဲ့ tab ကိုနှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ။ရှိတယ်ဆို keylogger သုံးထားလို့ပေါ့။အမြန်လေးသာ click ပေးပြီး End process ပေးလိုက်တော့။ဒါဆိုလျှင် တော့ keylogger ရန်ကနေကာကွယ်ပြီဖြစ်ပါတယ်။



နောက်ဆုံး အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab မှာရှိတဲ့ ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေ ထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ။
ဘာလို့လည်း ဆိုလျှင်တော့ အကောင်းဆုံး နည်းလမ်းက ဘယ်လို ဖိုလ်များကအချက်အလက် တွေကို recording လုပ်တာလဲ ဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်းအောင် အားလုံးကို endprocess လုပ်ပေးပြီး ကိုယ်သုံးတဲ့ ကောင်လောက်ပဲ manually ခေါ်ယူသုံးနည်းက အကောင်းဆုံးပါဘဲ

ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: