Tuesday, September 7, 2010

Just know for blogger writer ...

ဘလော့လ်ဂါများက ကိုယ့်ဘလော့လ်ကလာလည်တဲ့ fri and readers များကိုဘယ်နိုင်ငံကလည်း ဘယ်မြို့က နေလာလည်တာကိုကြည့်ချင်ကြတာပဲ။အထူးသဖြင့်တစ်ချို့သော သူများက c box ကနေ တစ်မျိုးမျိုးကိုယ့် သူငယ်ချင်းတစ်ယောက်နာမည်သုံးပြီး တိုက်ခိုက်ဆဲဆိုသွားတယ် ဆိုပါတော့။အဲ့အခါ ကိုယ့်သူငယ်ချင်းက ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ဆဲသွားတယ်ဆိုရင် မယုံကြည်ရင် c box ကနေသူဆဲတာ ဟုတ်မဟုတ်ကြည့်လို့ရပါတယ်။Ip address သိရင်ပေါ့။ရှင်းအောင်ပြောရရင်တော့ ကိုယ့်ဘလော့လ် ရဲ့ c box ရဲ့ c box မှာ message တစ်ခုရေးသွားရင် အဲ့ရေးသားသူရဲ့ ip address က c box မှာပေါ်ပါတယ်။







ဥပမာ ပြောရရင်တော့ အပေါ်မှာအနီရောင်ဝိုင်းပြထားသော ဖိုးသားနေရာမှာ သူငယ်ချင်း နာမည်ကို ထည့်တယ်ဆိုပါတော့ ပြီးရင် email/url မှာ သူက gmail address ထည့်ရင်ထည့်မယ် (သို့မဟုတ်)သူကလွဲချခြင်သော ဘလောလ့်လိပ်စာကိုထည့်မယ်ဆိုပါတော့။အောက်က message မှာတော့ မကောင်းတာတစ်ခုခုရေးသွားတယ် ဆိုတော့။ကိုယ့်သူငယ်ချင်းကလည်း သူကလည်းမရေးသားပဲနှင့် သူ့ရဲ့ gmail address (or) blog address link ကိုထည့်ပြီး တစ်ယောက်ယောက်က သုံးသွားတာ ဟုတ်မဟုတ် သေချာအောင် c box မှာကြည့်ပေးလို့ရပါတယ်။တစ်ချို့ကအဲ့ဒါနဲ့ပတ်သတ်ပြီး အထင်မျိုးမျိုးလွဲတက်ပါတယ်။ အားလုံးအကျိုးရှိစေမယ် ထင်လို့ဒီပို့စ်လေးကိုရေးသားပါတယ်။သိပြီးသား fri များရှိသလို မသိသေးသော fri များလည်းရှိပါတယ်။ကဲလေရှည်သွားတယ် c box မှာရေးသားသွားတဲ့ message ကိုကြည့်ကြရအောင်။ဖိုးသား ဆိုတဲ့ နာမည်ကိုပဲကြည့်ရအောင်။ဘယ်ကနေလာတာလည်း သူရဲ့ ip address ကဘာလည်းပေါ့။
အရင်ဆုံး http://www.cbox.ws/ ကိုသွားလိုက်ပါ။






Login name မှာကိုယ်ဘလော့လ်မှာထည့်ထားတဲ့ c box user name ကိုထည့်ပြီး password ကိုထည့်ပေးလိုက်ပါ။





ပြီးရင်တော့ ဒီအဆင့်ကိုရောက်လာပါ့မယ်။Messages ကို click ပေးပြီး Messages ကိုထပ်သွားပေးပါ။အောက် ကအဆင့်ကို ရောက်လာပါ့မယ်။




ဟုတ်ကဲ့အစ်ကိုဖိုးသားရေအစ်ကိုဖိုးသားဆီညီဖိုးသားလာလည်ပါဦးမယ် message ဘေးမှာ ပြထားတဲ့ အပြာရောင်ကွက်မှာ ကျွှန်တော့် ip address ပါ။ဖျောက်ထားတယ်နော်။ခိုးကြည့်ရဘူး။ပေါ်ပါတယ်။အဲက ip address ကို copy လုပ်ပြီး ပေးထားသော လင့်ကိုသွားပါ။
http://www.melissadata.com/lookups/iplocation.asp?ipaddress=96.44.132.23
ပြီးရင်




Enter an IP address မှာ ကျွှန်တော့် ip address ရိုက်ထည့်ပေးပါ။Submit လို့ပေးလိုက်ရင် နေတဲ့ နိုင်ငံ မြို့ကိုသိနိုင်ပါတယ်။ဆိုလိုရင်းက တစ်ချို့ c box တွေမှာ နာမည်အလွဲစားလုပ်ပြီး ဆဲဆိုသွားရင် အထင်မလွဲစေလိုပါ။



နောင့်တစ်ချက်က ကိုယ့်ဘလော့လ်ရဲ့ google status မှာလည်းကြည့်ရူနိုင်ပါတယ်။ခင်းတော့ မပြပေးတော့ ဘူး။ကိုယ့်ဘလော့လ်ကို ဘယ်နိုင်ငံက အများဆုံးဖတ်တာလဲ? ကိုယ့်ပို့စ်တွေကို ဘယ်ပို့စ်ကို အများဆုံး readers များကဖတ်တာလည်း? ပြီးတော့ဖတ်ရူသွားတဲ့ ပို့စ်ကို ဘယ်ဆိုဒ်လင့်ကနေဝင်လာတာလည်း?ဒီနေ့ ဘယ်လောက် လူဦးရေဖတ်ရူသွားလဲ?အရင်တစ်ပတ်က ဘယ်လောက် လူဦးရေဖတ်ရူတာလည်း အစရှိသဖြင့် ပေါ့။အဆင်ပြေပါစေ။

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: