Thursday, September 30, 2010

window hunting


ကျွှန်တော်လည်း မရေးဘူးရေးမယ် နဲ့ဖြစ်နေတာ။စာဆိုတာကလည်း စိတ်ဝင်စားလောက်တဲ့ အချိန်လောက်မှ ရေးမယ်ဆိုရင် တစ်ခနပဲလေ။ တစ်ခါတစ်လေကြပြန်တော့ ပျင်းလာတယ်။ပျင်းတဲ့အခါ တွေဆိုလည်း ဒီလိုဘဲဟိုဘလော့လ် ဝင်ဖတ်လိုက် ဒီဘလော့လ်ဝင်ဖတ်လိုက်ပေါ့။အပျင်းတော့သက်သာလာတယ်။ခုလည်း စီပုံးမှာ အစ်ကိုတစ်ယောက်မေးသွားတာပါ။


ကျေးဇူးပြုပြီး ဖြေပေးပါခင်ဗျား ကျွှန်တော့် laptop က acer5710 အမျိုးအစားပါ။Original က vista နဲ့လာတာပါ။Ram 1GB,core 2 duro,160 GB ပါ။W 7 ပြောင်းတင်ပြီးနောက်ပိုင်း စက်က ခနခန ဟမ်းပါတယ်။အမြဲရှင်းပေးပါတယ်။မရလို့ကူညီပါအုံး?

ခုလည်းအထက်က အစ်ကိုမေးတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ ဒီလိုအလားလာ ဖြစ်တဲ့တဲစက်တွေက များပါတယ်။ကျွှန်တော် အပါအဝင်ပေါ့။ဒီလောက်တော့ တက်နိုင်သလောက်တော့ ကျွှန်တော်သိသလောက် ပေါ့။ဖြေပေးပါ့မယ်။Laptop က acer motherboard and original window ကပါ vista တင်ထားပြီးram က 1GB ဂစ်တဲ့ hardrive က 150ဂစ် window 7 တင်ပြီးနောင့်ပိုင်းမှာ စက်ခနခနဟမ်းလာလို့တဲ့။ဒါက ကျွှန်တော်တို့ user တစ်ချို့ဖြစ်တက်တာတွေပါ။ကျွှန်တော်လည်း အလားတူမျိုးဖြစ်ပါတယ်။လက်၇ှိ ဝင်းဒိုး os system တစ်ခု ဘယ်လိုအကြောင်းရာတွေကြောင့် စက်ဟမ်းတက်သလည်းပေါ့ ကျွှန်တော်က ရေးချပေးထားပါ့မယ်။လိုအပ်ချက်များရှိလည်း အောက်က comment box မှာ ဝင်ဆွေးနွေးပေးဖို့ဖိတ်ပါတယ်။
လက်ရှိကျွှန်တော်တို့က os window အသစ်တစ်ခုတင်ဖို့ ဆိုတာက သူ့os နဲ့ကိုက်ညီမယ့် လိုအပ်လောက်မယ့် hardware တောင်းဆိုမှု၇ှိပါတယ်။ဥပမာဆိုပါတော့ Pentium 1 or celeron cpu intel series လောက်သုံးပြီးဝင်းဒိုး 7 and vista တင်ပြီးစက်လေးတာတို့ပေါ့။ဒီလိုတော့ ပြောလို့ဘယ်ရမလည်း။ခုက vista တင်ထား တာဆိုတော့ လက်တလော os system နဲ့ laptop က cpu core 2 duo လောက်ဆို ကောင်းကောင်း ကိုက်ပါတယ်။လက်၇ှိ ကျွှန်တော်ဆို os window 7 ကိုမှ Pentium 4 intel series cpu လောက် ကောက်သုံးပြီး ram ကလည်း 1gb ဂစ်လေ hardisk က 320gb rpm 7200 လည်ပတ်နူန်း sata hardisk ဆိုပါတော့ အဲ့လောက်လည်း မလေးမဟမ်းပါဘူး။Graphic ပိုင်းကလည်း onboard foxcoon motherboard ကဝယ်ကတည်းက ပါလာတဲ့ onboard graphic card လေ 128mb မီဂါဘိုက်လောက်ပဲလေ ကိုယ်က ဂိမ်းဆော့တာလည်းမဟုတ်တော့ အံကိုကျနေရော။ကဲအဲ့လို Pentium 4 လောက်သုံးပြီး graphic onboard က 128gb လောက်သုံးပြီး ဘာမှမဖြစ်ဘူး အစ်ကိုစက်က core 2 duo ကိုမှဟမ်းကျလာတယ်ဆိုတော့ စဉ်းစား စရာဖြစ်လာတယ်။ဘယ်လိုတွေ စဉ်းစားကြမှာလည်း?




လက်တလော့ os window 7တင်သုံးပြီးစက်ဟမ်းကျလာတယ်ဆိုတော့ အရင်ဆုံး taskmanager ကိုခေါ်ကြည့်ပါ။ကိုယ့် အခုလက်ရှိ သုံနေတဲ့ cpu usage ကိုတစ်ချက်ကောက်ကြည့်ပါ။100% လောက်ဖြစ်နေပီလား ဆိုတာကိုပေါ့။ဘယ်လိုကြောင့် 100% ထိထိုးတက်လာတာလည်း?အဖြစ်နိုင်ဆုံးက လက်တလော တင်ထားတဲ့ antivrus security software တွေက ဗိုင်းရပ်စ်ထိန်းသိမ်းမူညံ့တာကြောင့်ပါ။တစ်ခါ ဖြစ်ဘူးပါတယ်။ကျွှန်တော် ဝင်းဒိုး 7 တင်ပြီး ဘာ anti virus ဆော့ဝဲလ်များ မတင်ဘူး ဗျင်းကြည့်တာပေါ့။တစ်ရက် နှစ်၇က်ပါဘဲ အလွန်ဆုံးပေါ့ သုံးရက်လောက်ကျလာရင် ကျွှန်တော်ကိုယ်တိုင် ကလည်း အားအားနေ application softwares တွေလောက်ပဲ လက်တည့်စမ်း သုံးကြည့်ချင်တာလေ ဒါကြောင့် မကိုက်ပြန်ဘူး။အဲ့ဒါနဲ့စက်က my computer ဖွင့်ရင်တောင် ဟမ်းသလို လိုနဲ့ဆိုးရွှားနေပါတယ်။ဒီတော့ မြန်မယ့် not 32 လောက်အမြန်ကောက်တင်ပြီး virus scan ဖတ်ကြလိုက်တော့ Trojans က 32 လောက်ရှိတယ်။ဒီလို Trojans တွေက ဘယ်လိုတွေဝင်ရောက်တာလည်း။အရှင်းလင်း ဆုံးက ကျွှန်တော်တို့က နက်ကနေ application softwares တွေဒေါင်းလေ့ရှိပါတယ်။ဒီကောင်တွေက unhidden files များဆိုတော့ မမြင်ရတဲ့ဖိုလ်တွေနဲ့ ဒေါင်းတာနဲ့အတူ ကပ်ပါလာတက်ပါတယ်။Trojan ရဲ့သဘောသဘာဝက တစ်ကောင်ဝင်ရင် တစ်ကောင်ပွားတယ် နောက်ပိုင်းမျိုးဆက်တွေ များလာတယ် ဆိုပါတော့။ဒီလိုနဲ့ hardrive partition တွေထဲကိုဝင် ဟိုကိုက်လိုက်ဒီကိုက်လိုက်နဲ့ဆိုတော့ စက်က refresh လောက်ပေးရင်ကို ဟမ်းပါတယ်။လေးလံလာပါတယ်။အဲတော့ အကြံပေးချင်တာက ပထမ တစ်ချက် anti virus စစ်တဲ့ software တစ်ခုနဲ့နိုင်အောင်သတ်ပါ။နောင့်တစ်ချက်က hardwares များ facility ကိုက်ညီမှုမရှိတာကြောင့် ဟမ်းတက်ပါတယ်။ဥပမာဆိုရလျှင် cpu ပေါ်က cpu fan ချောင်နေသလိုမျိုးပေါ့။အကောင်းဆုံးက ကိုယ့် cpu ကိုပြန်ကြည့်ပါ။ကြည့်ရမယ့် အချက်တွေက ကိုယ့် cpu ပေါ်က cpu fan ကချောင်လား လွတ်နေလား?လွတ်နေ တယ်ဆို လျှင်တော့ ဒါဆို cpu usage အပူကတအားကိုထိုးတက်နေ ပါပြီ။Bios မှာဝင်ကြည့်ပါ။Cpu temperature လိုတာထက်ပိုနေပြီလား?Cpu fan rpm လည်ပတ်နူန်းလိုတာ ထက်ပိုများနေပြီလား?အောင့် ကလင့်မှာဖတ်ကြည့်ပေးပါ။
http://www.phoothar3.co.cc/2010/09/q-and-5.html
ဖတ်ကြည့်ပါ အစ်ကိုလို အလားတူ မေးခွန်းမျိုးကို Myanmar ic မှာဝင်ဖြေဖူးပါတယ်။နောင့်ဆုံးပြောချင်တာက cpu ကော်ရည် ခြောက်မခြောက်ကြည့်ပေးပါ။ဒါကြောင့်လည်းဖြစ်တက်ပါတယ်။နောင့်တစ်ချက်က hardisk partition များမှာ bad sectors များများလွန်းတာရယ် နောက်ပြီး window os vista မှာ partition တင်ထားတဲ့ ဝင်းဒိုးမှာ bad sectors မကောင်းတဲ့ harddisk clusters အခန်းများများလွန်းနေ ခြင်းကြောင့်ဖြစ်ပါတယ်။ဝင်းဒိုး ကနေ ခေါ်ယူစစ်ကြည့်လို့ရပါတယ်။ကျွှန်တော်ရေးဖူးပါတယ်။အကောင်းဆုံး နည်းလမ်းက anti virus ကောင်းကောင်းနဲ့ ဝင်းဒိုး ရဲ့ ဖိုလ်တွေ other data partition အခန်းတွေကို scan သေချာစစ်ကြည်ပါ။ဒါမှမရလျှင်တော့ အစ်ကိုဝင်းဒိုး partition အခန်းက ဝင်းဒိုးဖိုင်လ်တွေက လွဲပြီး တခြား ကိုယ် သိမ်းထားသော data and information တွေကို ပြန်ကူးယူပြီး ဝင်းဒိုးအသစ်တင်ကြည့်ပါ။



ဒါမှမဟုတ်ရင်လည်း window partition တင်ထားတဲ့ အခန်းတွေကို errors checking ပြန်စစ်ကြည့်ပေးပါ။စစ်လိုက်၇င်တော့ ဝင်းဒိုးအတက်မှလုပ်ဆောင်ပေးပါလိမ့်မယ်။လက်တလော ကျွှန်တော်လည်း ကိုယ်ပိုင်စက် မဟုတ်တော့ မျက်မြင်လည်းမဟုတ် ကိုယ့်မှုပိုင် စက်လည်း မဟုတ်တော့ ဒီလောက်ပဲဖြေနိုင်ပါတယ်အစ်ကို။ဖြစ်တက်တာတွေက များပါတယ်။လက်တလော အောက်က comment box မှာလည်း စာဖတ်သူများဘက်မှလည်း ဒီအစ်ကိုဖြစ်နေတဲ့ ပြသာနာတစ်ရပ်ကို ဝင်ပြီးဆွေးနွေးထောင့်ပြလို့ ရပါတယ်။ကွန်ပျူတာကို စိတ်ဝင်စားတယ် ဆိုလျှင် ဘယ်သူမဆိုဖိတ်ပါတယ် ခင်ဗျာ။Error checking ကို အောက်ကလင့်မှာဖတ်ပါ။
http://www.phoothar3.co.cc/2010/07/scan-disk.html
ဒီပို့စ်ကို PDF FILE လိုချင်ရင်


0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: