Saturday, September 18, 2010

Hardrive icon chaning in registry ...



Registry ပိုင်းကို ဝင်မမွှေတာ ကြာသွားပီဖြစ်တဲ့အတွက် ဝင်နှောက်ကြည့်ရအောင်။ကွန်ပျူတာရဲ့ drives တွေ icons ချိန်းကြည့်ကြရအောင်။Registry ပိုင်းသည် အမှားလုပ်လျှင် တစ်ချို့ပိုင်းတွေက window မတက်ခင် ထိဖြစ်တက် သောကြောင့် backup file တစ်ဖိုလ်တော့ လုပ်ထားပေးပေါ့။







HKEY_LOCAL_MACHINE --> Software --> Microsoft --> Windows --> Current Version --> Explorer ကိုသွားလိုက်ပါ။



Explorer ကို right-click နှိပ်ပြီးရင် New ကနေ Key တခုလုပ်ပါ။DriveIcons လို့ နာမည်ပေးလိုက်ပါ။




အဲဒီ DriveIcons ကို right-click လုပ်ပြီး Key တခုလုပ်ပြီး ကိုပြောင်းလိုတဲ့ Drive ရဲ့ နာမည်ကိုပေးပါ။(ဥပမာDrive D ကိုပြောင်းလိုတယ်ဆိုရင် D လို့နာမည်ပေးလိုက်ပါ)





အဲဒီ D ကိုပဲ right-click ကနေ Key တခုလုပ်ပြီး DefaultIcon လို့နာမည်ပေးလိုက်ပါ၊ကျွှန်တော်က D နဲ့ E ကိုပြောင်း ပြပေးမည်ဖြစ်တဲ့အတွက် D and E hardrive icons နှစ်ခုကို DefaultIcon လို့နှစ်ခုပြထား ပေးပါတယ်။




DefaultIcon ကို select လုပ်ပြီး ညာဘက်က သူ့ရဲ့ REG_SZ တန်ဖိုး (Default) ကို double click ကိုပေးလိုက်ပါ။

Value Data တန်ဖိုးမှာကိုပြောင်းချင်တဲ့ icon file ရှိတဲ့ direction ကိုပေးလိုက်ပါ(ဥပမာC:\Windows\explorer.exeဆိုရင် Explorer ရဲ့ icon ပုံစံပေါ်နေပါမယ်။အကယ်၍ icon file တွေက တခုထက်မက ရှိနေတယ်ဆိုရင်တော့ shell32.dll လိုမျိုးဆိုရင်တော့ C:\Windows\System32\shell32.dll ရဲ့နောက်က , နဲ့ ကိုပြောင်းချင်တဲ့ icon ရဲ့ နံပါတ်လေးနဲ့တွဲပြီးတော့ အခုလို C:\Windows\System32\shell32.dll,25 ဆိုပြီးပေးလိုက်ပါ( 25 ဆိုတာ ကျွန်တော် C ကိုပေးထားတဲ့ icon လေးပါ။လက်ရှိ E ကိုလုပ်ပြထားပေးပါတယ်။ပြီးလျှင်တော့ registry ကိုပိတ် ပြီးလျှင် ကွန်ပျူတာကို refresh f5 ပေးလိုက်ရင် ရပါပြီ။ပေါ်မပေါ်ကိုဖွင့်ကြည့်နော် ဟီးဟီး။မှတ်ချက်။ ။cd room ကိုတော့ ပြောင်းပေးလို့မရပါ။နောက် ပိုင်းမှ ကျွှန်တော် hardrive icons များကို software နဲ့ ပြောင်းနည်းကိုရေးသားပါ့မယ်။အောက်မှာ download လုပ်လိုက်ဦး။လက်ရှိ registry file လုပ်ထားတာကို ကျွှန်တော့်ရဲ့ drive icons နှစ်ခုချိန်းထားတာကို ကြိုက်လျှင်ပေါ့
Registry file download ယူရန်

ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: