Saturday, September 11, 2010

Q and A 4 ...


အောက်မှာကလက်တလော ကျွှန်တော် ဖိုရမ်လ်တွေကို သွားရင်းဖိုရမ်က အစ်ကိုအစ်မများ ဖြေတဲ့ ထဲကမှ ကျွှန်တော်ဖြေသမျှကို ဗဟုသုတ ရအောင်တင်ပေးတာပါ။သိသင့် လောက်မယ်ထင်တဲ့ အမေး ကို ရွှေးပြီး တင်ပေးလိုက်တာ ပါ။လေ့လာကြည့်ပါ။လက်တလော မေးထားတဲ့ comments များထဲက မေးခွန်းကို အောက်မှာဖြေပြထားပါတယ်။သိသလောက်ပေါ့

ကျွှန်တော့်ကို နောက်ထပ်လေးများ အကြံလေးထပ်ပေးပါဦး ခင်ဗျာ ကျွှန်တော်က Internet game နှစ်ခုလုံး တွဲဖွင့်ချင်တာပါ။ရန်ကုန်မှာ နေတာဆိုတော့ဘယ်လိုစက်ကို ဝယ်သုံးရင် အဆင်ပြေမလည်းထင်လို့ပါ။အဓိက သိချင်တာက model နှိပ့်တဲ့ စက်ကိုဆင်လိုက်ရင်လည်း တခြားဆိုင်နဲ့ အရမ်းကွာခြားသွားမှာလည်း ကြောက်မိ တယ်။Model မြင့်တဲ့စက်ကို ဆင်လိုက်ရင်လည်း တခြားဆိုင်တွေနဲ့ ကုန်ကျစရိတ်အရမ်းများသွား မှာလည်း ကြောက်မိတယ်။ဆိုင်ကို ရန်ကုန်မှာဖွင့်ချင်တာပါ။ရန်ကုန်မျာ ဂိမ်းတွေကိုဘယ်လို ဆော့ကြလည်း ကျွှန်တော် တော့မသိဘူး ဖြစ်နေတယ်။ဘာကြောင့်လည်းဆိုတော့ ကျွှန်တော်ကိုယ်တိုင်လည်း ဝါသနာက ဂိမ်းကို မကစားတက်ဘူးလေ အဲ့တော့ အခက်ခဲလေးရှိလို့ အကြံဥာဏ်လေးတောင်းရပါတယ်။Model ဘယ်လောက် ကိုသုံးရသလည်းပေါ့။အချိန်လေးအားရင် ကူညီကြဦးခင်ဗျာ။ခင်မင်လေးစားလျှက်



Net ဆိုင်ဖွင့်မယ် ဆိုရင်တော့ သိပ်တော့ကိစ္စမရှိပါဘူး။အနိမ့်ဆုံးတော့ pentium series(p1 to p4)လောက် ဆင်လျှင်ကို ရမယ့်အနေထားလောက်ပါ။Hardisk ပိုင်ကတော့ 100GB 7200 rpm (ဟက်ဒစ်လ် လည်ပတ်နှုန်း လောက် လူကြိုက်များဆုံး hardisk ထုတ် company ဖြစ်တဲ့ Seagate company ထုတ် hardisk လောက်ဆို လျှင် ကောင်းနေပါပီ။ဒီခတ်ကြီးလောက်မှာ ide hardisk လောက်သုံးမယ်ဆိုလျှင်တော့ တစ်ခတ်နောက် ကျတယ်လို့တော့ ပြောရပါ့မယ်။နောက်ပိုင်း လူတော်တော်များများ sata hardisk များကို သုံးလာကြသည်။Ide hardisk ထက်စာရင် sata hardisk က data transfer လုပ်မှုကမြင့်တယ်လို့ဆိုရပါ့မယ်။Cd rom and dvd room ကတော့ ကြိုက်နှစ်သက်ရာ တပ်ဆင်ပေးပါ။Read and write room ဖြစ်တယ် ဆိုလျှင်ပိုကောင်းပါတယ်။Motherboard ကတော့ နှစ်သက်ရာ ရွှေးချယ်ပေးပါ။Accer လောက်ဆိုရင် သင့်တော် နေပါပီ။Cpu processor ကျတော့ မြန်မာနိုင်ငံ ကွန်ပျူတာ သမားများနဲ့တော့ သိပ်မကိုက်လောက်ဘူးလို့ ယူဆမိတယ်။Heat ကတော်တော်လေး တက်ပါတယ်။3 နာရီလောက် သုံးရင်ကို အနည်းငယ် သိသာပါတယ်။နာမည်ကြီး intel ထုတ် company ပဲကောင်းပါတယ်။အပေါ်ပြောသလိုပေါ့ Pentium series လောက်ပဲ သင့်တော်တယ်လို့တော့ ထင်မိတယ်။စက်တစ်လုံး ဝယ်ဆင်မယ်ဆိုလျှင် နားလည်သိကျွှမ်းသူကို ခေါ်ဆောင်သွားတာ ပိုကောင်းမယ် ထင်တယ်။ယုံကြည်စိတ်ချတဲ့သူလည်း ဖြစ်တာပေါ့။ဂိမ်းဆိုင်ကြပြန်တော့ processor မြှင့်ပြီး graphic ပိုင်းတိုးမြှင့်ပေးဖို့ လိုအပ်လာပြန်တယ်။ဂိမ်းဆိုတာ graphic ကိုတော်တော်လေး စွဲယူ သုံးစွဲပါတယ်။အနည်းဆုံး 512gb လောက်တော့ တပ်ဆင်ပေးသင့်တယ်။processor ကတော့ intel core 2 duo လောက်ဆိုရင် ဖြစ်ပါတယ်။p series and Celeron လောက်တော့ မလုပ်ပါနဲ့။hardisk ပိုင်းကိုမြှင့်တင်ပေး ပေါ့။Processor ,hardisk,ram , motherboard and graphic ပိုင်းကိုက်ညီမယ်ဆိုလျှင် စက်တစ်လုံးကကောင်းမွန်သွက်လက်ပါတယ်။
ကျန်တဲ့အပိုင်းကိုတော့ဖိုရမ်ကအစ်ကိုအစ်မများဆက်နွေးပေးပါလိမ့်မယ်

လမ်းညွှန်ပေးကြပါ။ကျန်တော် computer(second)ဝယ်မလို့ပါ။အဲ့ဒါ ကောင်းလား မကောင်းဘူးလားဆိုတာ ဘယ်လိုကြည့်လို့ရမလည်းဆိုတာ မသိလို့ပါ။Computer ဖွင့်ပြီး ဘယ်နေရာတွေမှာ ကြည့်ရမလည်း ဆိုတာ မသိလို့ပါ။အသေးစိတ် ဖြစ်နိုင်ရင် ညွှန်ပြပေးစေလိုပါတယ်။အဓိ internet သုံးဖို့ပါ။

အစ်ကိုလား အစ်မလားတော့ မသိဘူး။အဓိက အချက်လေးတွေတော့ လမ်းညွှန်ပေးလိုက်ပါ့မယ်။အပေါ် အချက်များကိုလည်း အစ်ကိုအစ်မများ ဖြည့်စွက်ပြီးဖြစ်ပါတယ်။Computer တစ်လုံးဝယ်မယ်ဆိုရင် အဓိ အိမ်သုံး လောက်ဆိုရင် ဒီခတ်အနေထားလောက်ဆိုရင် duo core(or))core 2 duo လောက်ဆို ပြည့်စုံမယ်လို့ ထင်မိတယ်။နောက်တစ်ချက်က gamer သမားတစ်ယောက်ဆိုရင်တော့ graphic card 512 လောက် အနည်းဆုံးလောက်တော့ တပ်ဆင်သင့်ပါတယ်။အဓိက pc game သမားတွေကိုဆိုလိုတာပါ။နောက်ပိုင်း pc game တွေက 512 gb လောက် တပ်ဆင်ပေးမှအဆင်ပြေတာပါ။မဟုတ်၇င်တော့ hung သလိုဖြစ်ပြီး ဆိုးရွှားဆုံး ဖြစ်စေနိုင်တာက restart ထိထိုးကျသွားပါတယ်။Cpu speed နည်းတယ်ဆိုပိုကောင်းပါတယ်။အပါ် က series နှစ်ခုဖြစ်တဲ့ core 2 duo(or)duo core ကိုအနည်းဆုံး cpu speed 1.6 ghz လောက်တော့ တပ်ဆင် ပေးသင့်ပါတယ်။ဒီထက် ghz ပိုရင်တော့ ပိုကောင်းတာပေါ့။Hard drive(hardisk) ကတော့ 120 gb လောက်ဆိုသင့်တော်နေပါပီ။Rpm hardisk လည်ပတ်နှုန်းကတော့ 7200 rpm လောက်ဆို မဆိုးလှပါဘူး။ခုနောက်ပိုင်း 7200 rpm တွေကလာတာများပါတယ်။လူကြိုက်များဆုံး hardrive ထုတ် segate company ဆိုပိုကောင်းပါတယ်။ကိုယ့်စိတ်ကြိုက်ပေါ့။Ram ကတော့ 1GB လောက်ဆိုသုံးလို့ရပါတယ်။Graphic onboard motherboard ဖြစ်နေရင်တော့ 1.5gb လောက်တပ်ပေးပေါ့။Motherboard ကတော့ နောက်ပိုင်း accer motherboard,intel series motherboard,msi motherboard.etc,.. များပါတယ်။အကောင်းဆုံးက တော့ Intel company ကထုတ်တဲ့ motherboard series များကို ရွှေးချယ်ပေးစေလိုပါတယ်။နောင့်တစ်ချက် ဝယ်တော့ မယ်ဆိုရင် သိနားလည်ကျွှမ်းတဲ့ ရင်းနှီးတဲ့တစ်ယောက် ကိုခေါ်ဆောင်သွားတာ ကောင်းပါတယ်။ကွန် ပျူတာဆိုတာ မသိနားလည်တဲ့လူဆို ပြောရခက်ပါတယ်။ပြီးတော့ cpu speed ကို ဝင်းဒိုးကနေကြည့်မယ်ဆို ရင် cmd ကနေ systeminfo သို့ all program ပိုင်းက system information ပိုင်းကကြည့်ပေးပါ။Cpu speed များကို တစ်ချို့ users များက ပြောင်းတက်ပါတယ်။Computer technical ပိုင်းကျွှမ်းတဲ့ လူတစ်ယောက် သာခေါ်သွားပါ။ဝင်ပြီး အကြံပြုတာပါ။Second ပဲဝယ်ပါ။သုံးပျော်ပါတယ်။
အောက်မှာက computer တစ်လုံးကိုဘယ်ပိုင်းကနေ ကြည့်မလည်းဆိုတာပါ။ဒီလင့်မှာ ကျွှန်တော် ရေးသား ထားပါတယ်။ဝင်လေ့လာကြည့်ပါ။ကွန်ပျူတာ စိတ်ဝင်စားတယ်ဆိုရင် ဘယ်သူမဆို ဖိတ်ခေါ်ပါတယ်။ကျွှန်တော် လည်း လေ့လာဆဲသူတစ်ယောက်ပါ။
http://www.phoothar3.co.cc/2010/07/software-hardware-central-processing.html

win 7 update ပေးလိုက်ရင် အားလုံးပြီးသွားရင်တော့ ပြန်တက်ရင် restart ကျသွားတယ်
ပြီးရင် ပြန်တက်လာရင် screen အမည်းကြီးနဲ့ Activition မဖြစ်တော့ပါဘူး ၀င်းဒိုး၇ အတုဆိုရင်ပေါ့လေ

အစ်ကိုအစ်မရေ ထပ်မံ ဖြည့်စွက်လိုက်တာပါ။လေ့လာ ကြည့်ပေးပါ။ကွန်ပျူတာ နဲ့ပတ်သတ်ရင်တော့ စိတ်ဝင်စားပါတယ်။အောက်ကလင့်မှာ ရေးထားပါတယ်။Window 7 အတွက် activated ဖြစ်တာရယ် မဖြစ်တာရယ်ပါ

http://www.phoothar3.co.cc/2010/07/blog-post_28.html

ကျွန်တော့် ကွန်ပျူတာ window တက်တာ အရမ်းနှေးနေပါတယ် ကွန်ပျူတာဖွင့်ပြီး Destop ကို မြင်ရဘို့ကို (၄)မိနစ်လောက်စောင့်နေရပါတယ် စက်ကိုအသုံးပြုရတာလည်း အရမ်းပေါ့ပါတယ် ဘာဖြစ်လို့ ကြာနေလဲမသိပါဘူးသိတဲ့လူများရှိရင်ကူညီပေးကြပါဦးခင်မျာ


ဝင်းဒိုးတစ်ခုတင်ပြီဆိုရင် application software တွေကိုအရမ်းမ run မိပါစေနှင့် google တစ်ချို့ ဆိုဒ်တွေကဆော့ဝဲများဟာ ဗိုင်းရပ်စ်တွေကပ်ပြီးပါလာတက်ပါတယ် ဗိုင်စ်ရပ်ဆိုတာဟာအမှန်တော့ ကိုယ်ကမြင်ရတဲ့အရာလည်းဟုတ်ဘူး

သူတို့ကunseenfiledလေးတွေအနေနဲ့မသိမသာလေးကပ်ပါလာတက်ပါတယ်ကိုယ်ကဆော့ဝဲပိုင်းကို စမ်းသပ်မယ်ဆိုရင်တော့ run ပါ ပြီးရင် 15 ရက်တစ်ခါလောက် ကွန်ပျူတာကိုvrius သတ်တဲ့ဆော့ဝဲလေးတွေနဲ့ရှင်းထုတ်ပစ်ပါ/ကွန်ပျူတာကို ဖြစ်နိုင်ရင်ကိုယ်အိပ်ခါနီးမှာ

တစ်ခါလောက်တော့defragmentလုပ်ပေးသင့်ပါတယ်အဲဒါကစက်ကို သွက်လက်အောင်ကောင်းဆုံးအချက်ပါ ပြီးတော့ hardisk တွေကို diskclean up လုပ်ပေးသင့်တယ်။ပြီးရင်ကျွှန်တော်တို့ desktop မှာဖိုင်များများ မထားပါနဲ့ သိသာပါတယ်ထားတာနဲ့မထားတာလေ desktop မှာထားတဲ့ files များအားအမှန်တော့ hardisk ရဲ့ C:\ ပါတီရှင်းထဲကိုဝင်တာပါဘဲ ပြီးတော့ ကိုယ်တင်ထားတဲ့ ဝင်းဒိုးတင်ထားတဲ့ partition အခန်းကိုဖြစ်နိုင်ရင်မကလိပါနဲ့ နားလည်မှကလိစေလိုပါတယ်။ဒီလင့်ကို ဖတ်စေလိုပါတယ်။
http://www.phoothar3.co.cc/2010/08/koyin-super-window-window-operating.html

ကျွန်တော်သုံးတာက window 7 ပါ။ ပါဝါကို ဖွင့်လိုက်ရင် ပုံမှန်အတိုင်းပဲ BIOS run ပါတယ်။ starting window ဆိုတဲ့ နေရာကိုရောက်ရင် restart ကျကျသွားတယ်။ တခါတခါကျရင် shutdown ဖြစ်ဖြစ်သွားတယ်။ shutdown ဖြစ်သွားရင် ပါဝါကို ထပ်နှိပ်လဲ ပါဝါမလာတော့ဘူး။ အဲဒါဆိုရင် ပါဝါကြိုးကို ခဏဖြုတ်ပြီး ပြန်တပ်ပြီးမှ ပြန်ဖွင့်လိုရတယ်။ ဒါပေမယ့် ခုနက နေရာကိုရောက်ရင် အရင်လိုပဲ ပြန်ပြန်ဖြစ်သွားတယ်။
နောက်ပြီးတော့ ကျွန်တော့်မှာ ဟာ့ဒစ်တစ်လုံးအပိုရှိတာနဲ့ အဲဒီဟာ့ဒစ်ကို ၀င်းဒိုးတင်ကြည့်ပါတယ်။ တင်ကြည့်တာက xp ပါ။ ခွေကနေလဲ boot တက်ပါတယ်။ တင်မဲ့ partion ကိုလဲ ရွေးပြီး format ချပါတယ်။ ပုံမှန်အတိုင်း ဖိုင်တွေကို ကူးနေပါတယ်။ ဒါပေမယ့် အော်တို restart ကျပြီးသွားရင် ပြန်တက်မလာတော့ပဲ alt ctl del ကီးပြန်တောင်းနေလို့ပါ။ပြီးလျှင် အစကိုပြန်ရောက်သွားတာပါ

အစ်ကိုရေ ပြည်စုံသွားအောင်လို့ ထပ်မံပြီး ဖိုရမ်မှာ ညီလေးထပ်မံ ဖြေလိုက်တာပါ။ဟက်ဒစ်လ်တစ်လုံးဆိုတာ အဲ့လိုဖြစ်တာများပါတယ်။အများစု users များက ကျွှန်တော် အပါအဝင်ပေါ့။ဟက်စ်ဒစ်တစ်လုံး ဝင်းဒိုးတက်ခါနီးရင် အဖြစ်များဆုံးပေါ့ restart ကျတာတို့ shutdown ကျတာတို့ဖြစ်တက်ပါတယ်။ကျန်တော့်တုန်းက shutdown ကိုထိုးကျသွားတာပါ။အဲ့ဒါနဲ့ ဘယ်လိုလုပ်မလည်း စဉ်းစားတာပေါ့။ကျွှန်တော့်ရဲ့ plan ကတော့ အရင်ဆုံး ram ချောင်းကို ဖြုတ်ပါတယ်။ပြီးရင် ဆေးဆုတ်တံ အသေးနဲ့ ram ချောင်းမှာရှိတဲ့ ram sticks များကို အရင်ဖြည်းဖြည်းသုတ် ကြည့်ပါတယ်။ပြီးတော့မှာ ram memory chips များကိုဖုန်သုတ်ပါတယ်။အောက်မှာ ပုံပြထားပေးပါတယ်။




ပုံမှာက မြှားပြထားတာက ram sticks များပါ။Ram တစ်ချောင်းအလုပ်လုပ်ဆုံး နေရာဆိုလည်း မမှာပါဘူး။လေး ထောင့်ပြထားတာက ram ရဲ့ memory chips များပါ။သုတ်ကြည့်ပြီး ram ချောင်းကို ပြန်တပ်ကြည့်ပါ။ဝင်ဒိုး တစ်ခု မတပ်တာလည်း ram နဲ့လည်း အနည်းငယ် သက်ဆိုင်ပါတယ်။Hardisk ကြောင့်ဆိုလည်း မမှားနိုင်ပါဘူး။နောင့်တစ်ချက်က cpu heatsink များမှာ တစ်ချို့ ဘုတ်တွေက therminal compound များခံသုတ်ပေးလေ့ရှိပါတယ်။အောက်မှာပြထားပေးပါတယ်



အဝိုင်းပြထားသော နေရာမှာ cpu compound ခြောက်မခြောက်ကြည့်ပေးပါ။အဲ့ကောင် ကြောင့်လည်း ဖြစ်တက်ပါတယ်။ဘုတ်တိုင်းကိုမဆိုလိုပါဘူး။အစ်ကိုစက်က window တက်ခါနီးမှာ restart ထိုးကျတာ ဆိုတော့ hardisk ကို bios ပိုင်းမှာ auto detect တော့ဖြစ်တာသေ ချာနေပါပီ။အဲ့တော့ motherboard မှာရှိတဲ့ power supply မှထွက်ရှိသော hardware ပိုင်းပစ္စည်းတွေကို တပ်ဆင်ပေးဖို့ ကြိုးများ ကို လွတ်မလွတ်ကြည့်ပေးပါ။ကျွှန်တော်တုန်းကတော့ cpu fan မှာဖုန်တက်တာများပြီး shutdown ထိုးကျတာပါ။Window files များလည်းကူးပြီးသွားပီ။Format အဆင့်လည်းဖြတ်ကျော်ပြီးမှ restart ကျပြီးမှာ ပြန်တက်ဖို့ကီးတစ်ခုခု နှိပ်ခိုင်းပါတယ်။ခုတော့ cntrl +alt +del ကီးကိုပြန်နှိပ်ခိုင်းတယ် ဆိုရင်တော့ အကောင်းဆုံးနည်းက cmos battery ကို jumper ချိုးကြည့်ပါ။ခက်လှပါမဟုတ်ပါဘူး။တစ်ချို့က battery လေးကို ဖြုတ်ပြီးပြန်တပ်ပြီး jumper ချိုးတက်ကြတယ်။တစ်ချို့ကြတော့ cmos battery ကိုလှည့်လိုက်ရုံနဲ့ default အနေထားပြန်ရောက်သွားပါတယ်။ကိုယ်ရဲ့ ကိုယ်ပိုင်စက်မဟုတ်တော့ အဲ့လောက်ပဲ အကြံပေးတက်ပါတယ်။အပေါ်ကဆွေးနွေးတာကလည်း ပညာတွေ ရပါတယ်။ကျေးဇူးတင်ပါတယ်

ကျွန်တော့် စက်မှာ အမည်မသိ Virus တစ်ခု ရောက်နေပါတယ် Mcafee တင်ထားတာ Update လည်းဖြစ်တယ်Sacnဘယ်လိုစစ်စစ်မတွေ့ရပါဘူး file တွေ ပျက်သွားပြီး အောက်က အတိုင်းပေါ်နေတယ်



နောက်ဆုံးတော့Formatချရမှာပါ။ဒါပေမယ့်သိချင်တာ တစ်ခုက ပျက်သွားတဲ့ ဖိုင်တွေ ဘယ်လိုပြန်ရနိုင်မလဲခင်ဗျာတခါတခါWidowတက်မလာပဲ System32>hal.dll ပျောက်နေတယ်ဆိုပြီး ပြနေပါတယ်


Desktop ကို r-click ပေးပြီးရင် Shortcut Box ကနေအောက်ကစာသားကိုရိုက်ထည့်ပါ။

%systemroot%\system32\restore\rstrui.exe

အဲ့လိုမှမခေါ်တက်ခဲလျှင်

start-->All Programs-->Accessories -->System Tools -->System Restore/System Restore box" Restore my computer to an earlier time" /Next/calender တစ်ခုပေါ်လာပါမည်။ computer file များ
ကောင်းမွန်စွာလုပ်ခဲ့သောမကြာသေးသည့်နေ့ကိုရွေးချယ်လိုက်ပါ။


ပုံမှာက 15 ရက်နေ့က အစ်ကို ဝင်းဒိုးမှာ စစတက်ခြင်းဖြစ်ခဲ့လျှင် 15 ရက်နေ့နောက်က အစ်ကိုမဖြစ်ခဲ့သော နေ့တစ်ရက်ကိုရွှေပြီး next ကိုဆက်သွားပြီး အဆင့်ဆင့်လုပ်ဆောင်မှု ပေးသွားပါ။ကွန်ပျူတာ harddisk က ဝင်းဒိုးကေ၇ွှးချယ်လိုက်သော နေ့အလိုက် restart ကျပြီး system restore or window backup ကို လုပ်ဆောင်သွားပါ မယ်။ကွန်ပျူတာ ဝင်းဒိုးပြန်တက်လာရင်တော့ ရွှေးချယ် သော နေ့ကို မှုပုံအတိုင်း အဲ့နေ့က ဝင်းဒိုးကို ကိုယ်သုံးခဲ့တဲ့ os system default အနေထားကို ပြန်လည် ရောက်ရှိမှာဖြစ်ပါတယ်။ဖိုင်လ်များကို ပြန် လည်တွေ့ရှိမှာပါ။တစ်ခြားနည်းထက်စာရင် ဒီနည်းလမ်းက ပိုအဆင်ပြေမယ်ထင်မိပါတယ်

အဲ့နည်းလမ်းမှ မကြိုက်နှစ်သက်ဖူးဆိုရင်အောက်က လင့်ကို
http://www.dll-files.com/search_external/?cx=partner-pub-4499061297217555%3Au30yecc57zs&cof=FORID%3A10&ie=UTF-8&q=hall.dll&sa=Search&siteurl=www.dll-files.com%2Fsearch.php%3Fs%3Dhall.dll#1117

သွားပါ။ပြီးရင်အစ်ကိုပျောက်နေတဲ့ hal.dll ဖိုင်လ်ကို search box မှာရိုက်ရှာပြီး download လုပ်ပြီး partition c အခန်း ဝင်းဒိုးတင်ထားတဲ့ အခန်းမှာ ပြန်လည် hal.dll ဖိုလ်ကို copy လုပ်ပြီး window system 32 အခန်းမှာ past ပေးပြီးပြန်ထည့်ပေးပါ။ပြီးလျှင်တော့ restart ပေးပြီး စက်ကိုပြန်တပ်ကြည့်ပါ။အဆင်ပြေပါစေ။

windows7profectitional32bitတင်ပြီးသွားပြီ။wireless lenn disabled (turn off) နှင့် bluetooth disabled (turn off) ဖြစ်နေတယ် ဘယ်လိုဆက်လုပ်ရမလဲ။ လမ်းညွှန်ပေးပါအုံး။

ကိုစံအောင်ကျော်မေးထားတာပါ။သိသလောက်တော့ ဖြေပြပေးပါ့မယ်။Wireless lan disabled turn off ဖြစ်တယ်ဆိုတာ ပုံမှန်ဝင်းဒိုး 7 ရဲ့သဘောသဘာဝက ဝင်းဒိုးအသစ်တင်တယ်ဆိုရင် driver ခွေကို run စရာမလိုပါဘူး။အစ်ကိုက wireless တိုင်စိုက်ထားတယ်ဆိုရင်တော့ auto driver installation ဖတ်ပြီးသားပါ။ဒါကိုမှာ wirelss lan disabled ဖြစ်တယ်ဆိုတာဆိုတော့ အရင်ဆုံး run box ကနေ gpedit.msc လို့ရိုက်ပြီး group policy ကိုခေါ်ကြည့်ပါ။ပြီးလျှင်အောက်က အဆင့်လိုက်ကိုဆက်သွားပေးပါ
User Configuration > Administrative Templates > Windows Components > Desktop Gadgets.



ဒီအဆင့်မှာ desktop Gadgets မှာ Not Configured ကိုပေးပါ။(သို့)Enabled ကိုပေးပါ။နှစ်ခုက တစ်ခုကိုပေးပြီး ရင် wireless လွှင့်မလွှင့်ပြန်ကြည့်ပေးပါ။အဆင်ပြေမှာပါ။ကိုယ်ပိုင်မှုပိုင်စက်မဟုတ် တော့ ကျွှန်တော်လည်း ဒီလောက်တော့ ဖြေပြထားပေးပါတယ်။
နောက်တစ်ချက်က Bluetooth disabled ဖြစ်နေတယ်ဆိုတာကတော့ အစ်ကိုသုံးနေတဲ့ စက်က Laptop နဲ့တူပါတယ်။များသောအားဖြင့် lap top များစုဟာ Bluetooth ကိုထည့်သွင်းထားတာ ရှိပါတယ်။ဖုန်းနဲ့အချိန်ဆက်ရဖို့။Window က 7 ဆိုတော့ buy ပြီးသုံးတာဆိုရင် driver run ပေးစရာမ လိုပါဘူး။စက်မှာ ဝယ်ကတည်းက ပါတာဆိုရင်လည်း no driver installation ပေါ့။နောက့်တစ်ချက်က xp သုံးတယ်ဆိုရင်တော့ blue tooth ကို run သုံးပေါ့။7 ဆိုတော့ my computer ကို r click ပေးပြီး Manage ကိုသွားပြီး





Computer Management ရောက်ရင် ကျွှန်တော်ပြထားသောနေရာမှာ Bluetooth ဆိုတာ ပေါ်နေပါလိမ့်မယ်။Disabled ဖြစ်နေတာကို Enabled ပြန်ပေးပါ။ပြီးရင်တော့ restart ကိုချလိုက်ပါ။window ပြန်တက်လာရင် အလုပ်လုပ်ပါလိမ့်မယ်။မှုပိုင်စက်မဟုတ်တော့ အဲ့လောက် ပဲ ဖြေပြထားပါတယ်။အဆင်ပြေပါစေ။အောက်လင့်မှာ Bluetooth နဲ့ပတ်သတ်လို့ပါ

http://www.windows7hacker.com/index.php/2009/07/how-to-setup-bluetooth-device-pairing-with-windows-7/

နောက်ပိုင်း အမေးအဖြေကိုလည်း ဆက်လက်စုစည်းပြီး ကောင်းတာတွေကို ဖြေပေးပါ့မယ်

ဒီပို့စ်ကို PDF FILE လိုချင်ရင်

1 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

စံအောင်ကျော် September 11, 2010 at 1:29 PM  

ကျေးဇူးတင်ပါတယ်။ bluetooth ကတော့ ok သွားပြီ ဒါပေမယ့် wireless ကတော့ disabled ပါပဲ။ အကိုပြောတဲ့ အတိုင်းလုပ်ပါတယ် မရသေးဘူး။ ကူညီပါအုံး ကျနော် နေတာ
ထိုင်း(Thailand) မှာဆိုတော့ အိမ်ဘေးက Hotel ကနေ wireless မိနေတယ် အခု Nokia
Phone နှင့် သုံးနေရတာ အဆင်မပြေဘူး အချိန်ကြာတယ် download ဆွဲလို့မရဘူး။ ကူညီပါအုံး နော်။ အာပေးလျှက်....