Wednesday, September 15, 2010

Q and A 5 ...




အရင်လိုပါဘဲ ကျွှန်တော် forum များကို လှည့်လည်ပြီး ကျွှန်တော်ဖြေသမျှလေးကို ရွှေးချယ်ပြီး ဗဟုသုတရအောင်တင်ထားပေးပါတယ်။အောက်မှာကတော့ blog ကနေ မေးတဲ့ comments များကို တက်နိုင်သလောက်တော့ ဖြေပြထားပေးပါတယ်

ကျွန်တော့ စက် က အခု ဖွင့်ထားတာ ကြာရင် အပြာနဲ့ အမဲ ရောင်ကွက်တွေ တက်လာပြီး ဘာမှ လုပ်လို့ မရတော့ဘူးဗျ..ပြီးတော့ restart ချပြီး ပြန်တက်လာရင် လဲ Boot Disk ပျောက်နေတယ်လို့ ပြတယ် အဲဒါက hard disk ကြောင့်လား M- board ကြောင့်လား မသိဘူး..ဘာလုပ်သင့်လဲ ဆိုတာ သိရင် ပြောပြပေးပါလားဗျာ


ဒီလို boot disk fail ပျောက်မှုဟာ ဘယ်လိုတွေမှာ ဖြစ်တက်တာများ တယ်ဆိုရင် အများဆုံး window 7 တင်ပြီးမှာ နောင့်ဝင်းဒိုး xp ကိုတင်လိုက်ရင် ဖြစ်တက်ပါတယ်။တစ်ချို့ဘုတ်တွေက dual boot ခေါ်လို့ရပါတယ်။Hardware ပိုင်းက window တက်ဖို့ boot device ကို hardisk ရွှေးပြီး တက်မလို့ boot က ရှာလို့မတွေ့ ဆုံးရုံးသွားတာပါ။အရင်ဆုံး ဝင်းဒိုး boot time ကို hardisk မခေါ်မီ f8 ကီးနှင့် safe mode ကို ခေါ်ကြည့်ပါ။ပြီးလျှင် safe mode နဲ့ဝင်းဒိုး တပ်ကြည့်ပါအဲ့လိုမှ မတက်လာရင်တော့ bios ပိုင်းမှာ first boot device မှာ cd room (or) dvd room ပေးပြီး window ကို အသစ်ပြန်တင်ဖို့ cd (or)dvd boot time ကိုခေါ်ယူလိုက်ခြင်းဟာ အကောင်းဆုံးပါ။

shift+del လုပ်မိတဲ့ files တွေကို ကျွန်တော်စမ်းဖူးသလောက်ကတော့ del လုပ်မိပီးရင် ၄င်း hard drive (or) use drive ကို ဘာ file မှ ထပ်မထည့်ရင် ရှာရတာပို တွေ့ပါတယ်။ ကျွန်တော်သုံးဖူးတဲ့ software က getdataback ntfs နဲ့ getdataback fat တို့ဖြစ်ပါတယ်။ ရှာဖူးသလောက် 10 GB ရှိတဲ့ video files တွေကို ပြန်ရပါတယ်။

သူငယ်ချင်းအားလုံးပဲ shift del ကီးနှင့် ရိုးရိုး del ကီးလေးဝင်ဆွေးနွေးပါတယ်။ရိုးရိုး del key နဲ့ computer မှာရှိတဲ့ data and information ကိုဖျက်လိုက်ရင်တော့ recycle bin ထဲကိုရောက်တာ သိပြီးသားပါ။Recycle bin ဆိုတာက hardisk cluster အခန်းရဲ့တစ်နေရာပါ။အဲ့တော့ del ကီးနှင့်ဖျက်လိုက်ရင်တော့ recycle bin ကနေ ပြန်လည်း recovery လုပ်လို့ရပါတယ်။Shift del key ကတော့ကြမ်းတယ်လေ။
Hardisk ကနေ ဝင်းဒိုး os system ကနေအပြီးတိုင် ကိုင်ထုတ်လိုက်တာ။Recovery software ကောင်းများရှိကောင်းရှိနိုင်ပါတယ်။ရှားပါတယ်။ဖိုလ်တွေနဲ့ ဖိုဒါတွေကိုဖျက်တော့မယ်ဆိုရင် သတိထားပါ။Del key ကိုသုံးပေးဖို့ပါ။Shift del key ကိုတော့ ပိုင်နိုင်မှဖျက်ပေးပေါ့။နောင့်တစ်နည်းက system restore လို့ခေါ်တဲ့ window os system မှာပါတဲ့ Utiltiy နဲ့ window backup ပြန်ခေါ်ကြည့်ပေးပါ။

အဲ့လိုခေါ်ရင်တော့ shift del ဖိုလ်တွေပြန်ရကောင်း၇နိုင်ပါတယ်။အကုန်လုံးကိုမဆိုဘူးနော်။Window partition မှာတင်ထားတဲ့ os files များကတော့ ရွှေးချယ်တဲ့ နေ့အလိုက် default အဲ့နေ့ကတုန်းတဲ့ အတိုင်းပဲ os ကိုပြန်လည် သုံးစွဲနိုင် ပါတယ်။


ကျွန်တော်ဆီမှာ Sony VAIO Laptop (Pink) လေးတစ်ခုရှိပါတယ်

သုံးနေရင်းတန်းလန်းကနေ shutdown ဆိုပြီး ကျကျသွားတယ်ကျချင်မှလည်းကျတယ် မကျချင်ဘူးဆိုလည်း နှစ်ရက်လောက်အထိတော့ခံတယ် ဒါပေမယ့် shutdown ကျပြီးသွားပြီးဆိုရင် နေ့ဝက်နီးပါး လောက်ပြန်ဖွင့်လို့မရဘူးဖြစ်နေတယ် ကျွန်တော်လည်း စိတ်မရှည်တာနဲ့ Service Center ပို့လိုက်တယ် နှစ်ရက်လောက် ကြာတော့ ရပြီတဲ့ လာယူပါဆိုလို့ သွားယူတော့ ကောင်းသွားပြီတဲ့

အောက်ဖတ်မှာ ဖုန်တွေတပ်နေလို့ ဖြစ်တာပါဆိုပြီး service charge ယူလိုက်ပါတယ်။အခု သုံးတော့လည်း ဒီတိုင်းပဲ ပြန်ဖြစ်နေပါတယ် နောက်ဆုံး service ဆိုင်တောင် မပို့ရဲအောင် ဖြစ်နေလို့





အစ်ကို laptop ရဲ့ အဖုံးကိုဖွင့်ကြည့်ပါ။ပြီးလျှင် cpu fan အောက်ခံထိုင်ကြပ်ထားတဲ့ မှုလီတွေကို ချောင်မချောင် ကြည့်ပေးပါ။Cpu fan မငြိမ်လျှင်လည်း shutdown ထိုးကြနိုင်ပါတယ်။နောင့်တစ်ချက်က del ကီးနဲ့ခေါ်ပြီး bios ကိုသွားပြီး cpu temperature ကိုကြည့်ပါ။လိုအပ်တာထက် သုံးစွဲနေတာလား?ပြီးလျှင် cpu fan rpm ကို တစ်ချက်ကြည့်ပါ။လိုတာထက် rpm များနေလား။ပြီးလျှင်တော့ အပေါ်ကပြောသလိုဘဲ fan ကိုစစ်ပါ။cpu ကိုပြန်စစ်ကြည့်ပါ။Fan heatsink နဲ့ cpu ကြားမှာ ခံပေးတဲ့ ကော်ရည်ကိုကြည့်ပါ။တစ်ချို့က အဲ့ကောင်ခြောက်သွှေ့မှု ကြောင့်လည်း shutdown ထိုးကျပါတယ်။Hardisk ပိုင်းလည်း ဖြစ်နိုင်ပါတယ်။hardisk ကနေ ထိုးထားတဲ့ power data cable ကိုတစ်ချက်စစ်ကြည့်ပါ။အဲ့ကောင် detect မဖြစ်လျှင်လည်း shutdown ထိုးကျသလို လေးလံ hung မှုတွေရှိလာပါတယ်။နောက်ဆုံးကတော့



Standard cmos features မှာကြည့်ပေးပါ hardwares ပိုင်းပစ္စည်းများ auto detect ဖြစ်မဖြစ်ပေါ့။လက်ရှိ မြှားကတော့ auto detect ဖြစ်တာကိုပြထားပေးပါတယ်။ဒီကောင်မှာ detect မဖြစ်ရင်တော့ hardware ပိုင်းပစ္စည်းလွှတ်နေ သော်လည်ကောင်း ပျက်နေသော် လည်ကောင်းဖြစ်နိုင်ပါတယ်။

Task manager ခေါ်လို့မရလျှင်ပေါ့

အကောင်းဆုံးက window backup system restore ကိုပြန်ခေါ်ကြည့်ပါ။ရက်စွဲလိုက် harddisk ကမှတ်ထားတဲ့ system restore points များရှိပါတယ်။ဒီနေ့မှစဖြစ် လျှင် မဖြစ်ခဲ့သော တစ်နေ့ကရက်ကိုပြန်ရွှေးပါ။System restore point မှတ်ထားလျှင်ပေါ့

ကျွန်တော်မေးစရာရှိလို့ဗျို့ ကျွန်တော့် ကိုယ်ပိုင်ကွန်ပျူတာကို GPU မြှင့်လိုက်တာဘာဖြစ်သွားမှန်းမသိဘူးဗျာ ကီးဘုတ်နဲ့ မောက်(စ်)ကမသိတော့ဘူးဗျာ ဒါပေမဲ့ USB ကီးဘုတ်နဲ့ မောက်(စ်)တော့သိတယ်ဗျာ

အဲဒါဘယ်လိုဖြစ်သွားတာလဲမသိဘူးသိတဲ့လူရှိရင်ရှင်းပြပါလားဗျာ။






အဲ့လိုမျိုး ကျွှန်တော်ဖြစ်ဖူးပါတယ် ကျွှန်တော့်တုန်းက ပိုဆိုးပါတယ် ကွန်ပျူတာ စဖွင့်လိုက်ရင် post ပိုင်း စလုပ်ပြီး bios ကိုခေါ်လို့မရတော့ပါ။ ပြီးလျှင်လည်း ကီးဘုတ်ကနေ ဘာကီးမှနိုပ်ပေးလို့မ၇တော့တာပါ။အဆင်ပြေသွားတာကတော့ cmos battery ချိုးပေးလိုက်ပါ။နဂို default bios ဖြစ်သွားမှာပါ။ပုံမှန် အလုပ်လုပ်လာပါလိမ့်မယ်။cmos ချိုးပေးခြင်းအားဖြင့် များသောအားဖြင့် window ပြုတ်ကျပါတယ်။ပြီးမှာ ဝင်းဒိုးအသစ်ကိုပြန်တင်ကြည့်ပါ။

avast! Free Antivrius တင်ထားတာ 2 day ဘဲရှိသေးတယ်။error တက်နေပြီ Avast UI Failed to load language dll ဆိုပြီးတော့ window ဖွင့်တာနင့်တက်လာတယ်။Avast ကိုဖွင့်ရင်လဲ ဒါဘဲ တက်လာတယ်။Control Panel မှာရှာတာလည်း မရှိဘူး။Start task Manager လဲ AvastSvc.exe နှင်.AvastUI.exe ရှိတယ် ဒါပေမယ့် End Process လုပ်လို့ မရဘူး လုပ်ရင်လဲ The operation could not completed. Access is denimed သုံးလို့လည်းမရဘူး ထုတ်လို့လဲမရဘူး အစ်ကိုရေ ထပ်ပြီး ကူညီပါအုံး။

အစ်ကို system restore ကြောင်းကို သိမလားတော့ မသိဘူး။ခု ကျွှန်တော်ပြတဲ့ လင့်မှာ system restore ကြောင်းကိုရေးသားပေးပါတယ်။ဘယ်လိုကြောင့် os တစ်ခုဟာ system restore လုပ်ရလည်းဆိုရင် ကျွှန်တော် ဒီနေ့ ဝင်းဒိုးသုံးနေတယ်ဆိုပါတော့ errors များစွာတက်လာတယ် ဆိုဆို့။မနေ့က ကျွှန်တော် errors များ မဖြစ်ခဲ့သော နေ့တစ်နေ့ restore point ကိုရွှေးချယ်မယ် ဆိုလျှင် errors များ window files များဟာ အဲ့ရွှေးချယ် လိုက်သော နေ့အတိုင်း ဝင်းဒိုးလုပ်ဆောင်မှု default အနေထားရောက်ပါ့မယ်။လက်၇ှိ ကျန်တော်ဆို ဝင်းဒိုး စအသစ်တင်လိုက်တိုင်း restore point တစ်ခု ခြင်းဆီ စမှတ်ပေးထားပါတယ်။တစ်ခု ဖြစ်လိုက်တိုင်း restore point ကိုခေါ်ယူပါတယ်။Software installation ကိုမှာယွင်းတဲ့နေ့မှာ လုပ်ထားတယ် ဆိုလျှင် ပြန်ခေါ်ယူလိုက်တဲ့ errors များမဖြစ်တဲ့ နေ့ကိုပြန်ခေါ်လိုက်လျှင် software installation ပြုတ်ပါတယ်။အဲ့လိုနည်းမှာ ဆက်လက်ပြီး errors များထပ်ပြလာလျှင်တော့ registry ပိုင်းကနေ အောက်က လမ်းကြောင်းတိုင်းသွားပါ။မဖြုတ်ပေးခင် control panel ကနေ uninstall programs များမှာ avastgui ကိုဖြုတ်လိုက်ဦး။ပြီးလျှင် registry ပိုင်းကနေ ဆက်ဖြုတ်ပါ။





ကျွှန်တော်ပြထားသော နေရာလောက်မှာ free avast တင်ထားသော software ကိုဝင်နေပါ့မယ်။del ကီးနဲ့ဖျက် ထုတ်ပါ။အဲ့လိုမှ မရလျှင်တော့ avas removal tool တစ်ခုတင်ထားပေးပါတယ်။ဖြုတ်ကြည့်လိုက်ပါ။

http://forum.avast.com/index.php?topic=54385.0

ဒီလင့်မှာဒေါင်းလိုက်ပါ။ဖြစ်ရတဲ့ အကြောင်းရင်း ကတော့ language dll file လိုနေတာပါ။Loading လုပ်နိုင်အောင်ပါ။ဝင်းဒိုးတစ်ခုမှာက ဖြစ်တက်တဲ့ errors များက သိန်းခြောက်သောင်းလောက်ရှိတော့ ကျွှန်တော်လည်း အဲ့လောက်ဘဲပြောတက်ပါတယ်။Restore point ကိုခေါ်ပြီး ပြန် installation လုပ်ရင်လုပ် မလုပ်ရင် avas removal tool ကိုသုံးကြည့်ပါ အစ်ကို။

bluetooth ကတော့ ok သွားပြီ ဒါပေမယ့် wireless ကတော့ disabled ပါပဲ။ အကိုပြောတဲ့ အတိုင်းလုပ်ပါတယ် မရသေးဘူး။ကူညီပါအုံးကျနော်နေတာထိုင်း(Thailand) မှာဆိုတော့ အိမ်ဘေးက Hotel ကနေ wireless မိနေတယ်အခုNokiaPhone နှင့် သုံးနေရတာ အဆင်မပြေဘူး အချိန်ကြာတယ် download ဆွဲလို့မရဘူး။ ကူညီပါအုံးနော်။







အရင်ဆုံး my computer ကနေ network area မှာကြည့်ကြည့်အုံး။ခုပြထားပေးတာက လက်ရှိသုံးယောက် သုံးနေတာပါ။တစ်ခြားတစ်ယောက် ဝင်သုံးနေတယ်ဆို လျှင်တော့ wireless လွှင့်မှုကို ပိတ်ခိုင်းပါ။လက်၇ှိက disabled ဖြစ်နေသေးတယ် ဆိုလျှင်တော့ အောက်မှာ လင့်များပေးထားပါတယ် ဝင်ပြီး လေ့လာကြည့်ပါ။
http://www.online-free-tips.com/how-to-enable-wireless-n-in-windows-vista-and-windows-7/

အဲ့လိုမှမဟုတ်ရင် နဂို wireless network connection ကိုပဲ enabled ပြန်ပေးကြည့်ပါအုံး အစ်ကို အဲ့လိုမှ ထပ်မရရင်တော့ ကျွှန်တော့် gmail ကိုသာ အစ်ကိုဖြစ်နေတဲ့ ပုံကို capture ၇ိုက်ပြီး ပို့ပေးပါ။

ကျွှန်တော်လည်း မျက်မြင်ကိုယ်တွေ့မဟုတ်တော့ အဲ့လောက်ပဲဖြေပြနိုင်တာပါ။နားလည်ပေးပါ အစ်ကိုတော်
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: