Thursday, September 16, 2010

PhotoInstrument 4.0 Build 403 ...


ကျွှန်တော် ပေးမယ်ပေးမယ်တဲ့ ကြာတဲ့အထဲတစ်ခုပေါ့။ PhotoInstrument 4.0 Build 403 လေ။လိုက်ရှာနေ တာ full version အနေနဲ့သုံးလို့ရအောင်လို့ keygen file တွေ serial key တွေပေါ့။ခုတော့ အဆင်ပြေသွားပီ။ PhotoInstrument 4.0 Build 403 ကို serial key နဲ့တင်ပေးလိုက်တယ်။သုံးနည်းကို အောက်မှာ ရေးသားပါ့မယ်။ဘယ်လိုကြောင့် PhotoInstrument 4.0 Build 403 ကိုသုံးရလည်းဆိုရင် ရုပ်စိုးသူတို့ software ဆိုလည်းမမှားဘူးလေ။မျက်နှာဆိုးနေသူတို့ ဝက်ခြံတင်းတိတ် ပေါက်နေသူတွေ အသားမည်းနေသူ တွေအတွက် အသုံးဝင်တယ်လေ။အောက်မှာ ဆက်ကြည့်ုလိုက်ပါ။Download လုပ်လိုက်ဦး။





Install ပေးပြီးတာနဲ့ serial notepad ထဲက email adderss and registration key ထည့်ပေးလိုက်ရင် အဆင်ပြေနေပီ။ဘာကြောင့် ထည့်ပေးရလည်းဆိုတာကိုတော့ သိပြီးသားလောက်ပါ။




အရင်ဆုံး file ကနေ ကိုယ်နှစ်သက်ပြုပြင်ချင်တဲ့ မျက်နှာပုံတစ်ပုံကိုရွှေးချယ်ပေးပါ။လက်ရှိ Instruments များအောက်မှာ ပုံတစ်ပုံရဲ့ မျက်နှာနှင့်အသားအရေကို ပြောင်းလည်းပြုပြင် အသုံးချနိုင်ရန် instruments များချ ပြထားပေးပါတယ်။လက်ရှိ နှာခေါင်းမှာ အမာရွှတ်လို ဖြစ်နေတာကို smdge instrument ကိုသုံးပြီး အမာရွှတ်ကို ဖျောက်ပြပေးထားတာပါ။Size မှာ ကိုယ်ပြုချင်လိုသော ထားချင်တဲ့ size ရဲ့ဘေးအကျယ် အဝန်းကိုရွှေးချယ်ပေးပါ။လက်ရှိ 54 အနေထားလိုက်ကို ရွှေးချယ်ပေးလိုက်ပါတယ်။Hardness ကြတော့ ပြတ်သားမှုပါ။Smdge instrument ကြတော့ အသားရည်ကိုဆွဲဆန့်ထုတ် လိုက်ခြင်းသဘောပါ။နှာခေါင်းသေး တာကို ကြီးတာတို့ လက်ချောင်းငယ်တာကို ကြီးတာတို့ မှာသုံးပါတယ်။လက်တလော အဆင်ပြေအောင် smdge instrument သုံးပြီး အမာရွှတ်ကို ဆွဲဆန့်လိုက်ခြင်းဖြစ်လို့ အမာရွှတ်ပျောက်သွားခြင်းပါ။




Clone instrument ကိုသုံးပြီးပြုပြင်ပြလိုက်တာပါ။Clone instrument ဆိုတာ ပြောရရင် လိုအပ်တဲ့ size အကျယ်အဝန်းကို ယူပြီး လိုချင်သော နေရာကို ဆွဲထုတ်လိုက်တာပါ။အပေါ်ကတိုင်းပဲ ပြုပြင်လိုသော နေရာကို လိုအပ်သလောက် size ပေးပြီးပြုပြင်ပေးပါ။လက်ရှိ ကျွှန်တော်က နဂိုပုံက ဆံပင်ကို အရှေ့သို့ အနည်းငယ် ဆွဲဆန့်ပြီး ဆံပင်ကို ရှေ့သို့အနည်းငယ် ရှည်ပေးလိုက်ပါတယ်။နဂိုကိုပြုပြင်ပုံကို ကြည့်လိုက်ပါ။နည်းနည်းရှည် လာလားလို့ ပြီးတော့ နဂိုပုံမှာ အကျီ ကြယ်သီးကိုဆွဲထုတ်ပြီး နဂိုပုံကိုပြုပြင်ပုံမှာ ကြယ်သီးကို အစားထိုးလိုက် ပါတယ်။




Colorize instrument ကတော့ အကျီ color အရောင်တွေတင်တာတို့ lightness ဖြစ်အောင် တောင်ပမှု ပို၇ှိအောင် လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ်။လက်ရှိ အဝိုင်းပြထားသော နေရာကိုကြည့်ပါ။နဂို အနီရောင်ကို ပန်းရောင် lightness ဖြစ်အောင် colorize instrument ကိုသုံးပြုထားခြင်းပါ။



နောက်တဆင့်က Skin cleaner instrument ကိုသုံးခြင်းပါ။ဘာလို့ သုံးရလည်းဆိုလျှင်တော့ လက်ရှိ အသား အရည်ကို ပိုမိုလှပအောင် သုံးစွဲခြင်းပါ။ဝက်ခြံ တင်းတိတ်ပေါက်သူတို့ သုံးစွဲသင့်ပါတယ်။အမာရွှတ်ကို ပါဖျောက်လို့ရတယ်။အပြာရောင်ဝိုင်းပြထားသော နေရာတွေက ကျွှန်တော် skin cleaner သုံးပြီး အသားအရည်ကို ပြုပြင်ထားကြည့်ပါ။ဘာတွေကွာသွားလည်းလို့ ကိုယ်တိုင်ကြည့်ကြည့်ပေါ့။မှဲ့ပါဖျောက်ပြထား ပေးတယ်။



နောက် object removal instrument ကမိုက်တယ်နော်။နဂိုပုံကနေ ကျွှန်တော်က object removal instrument ကိုသုံးပြီး ဆွဲကြိုးက လက်ဝါးကတ်တိုင်ကို ဖျောက်ပြထားပါတယ်။လက်စွပ်လေးကတော့ ဖွက်ထား လိုက်တယ်လေ။ကျွှန်တော့်ဆီမှာ ပိုက်ပိုက်လိုနေလို့ ဟီး




Liquify instrument ပိုင်းကတော့ ဆံပင်တွေကို ဖြန့်တာတို့ ကိုယ့်မျက်နှာကို ပိုမိုဝအောင်လုပ်တာတို့ ရှင်းအောင် ပြောရရင်တော့ နဂိုပြင်ချင်တဲ့နေရာကို ပိုမိုကြီးမားလာအောင် screen resolution များလာအောင် လုပ်သလို ဆွဲဆန့်လိုက်ခြင်းပါ။ကျွှန်တော် ဝိုင်းပြထားသော နေရာတွေက ပြင်ထားတဲ့နေရာ တွေပါ.
လက်ရှိ basic အခြေခံလောက်ပဲ ရေးသားလိုက်တာပါ။ကောင်းမယ်ထင်လို့ လိုအပ်မယ်ထင်လို့ ကြိုးစား ရှာဖွေပြီး တင်ပေးလိုက်တာပါ။ကျွှန်တော်လည်း အသုံးဝင်မှုရှိသလို ကျန်သူများလည်း အသုံးဝင်မှုရှိတာ ပေါ့ မဟုတ်လား။ကျန်တဲ့ပိုင်းကိုတော့ မရှင်းပြပေးတော့ပါဘူး။လက်ရှိ ကျွှန်တော်သုံးပြပေးထားတဲ့ basic instruments များသုံးတက်လျှင်ကို မျက်နှာ ကိုပြုပြင်လို့ရနေပါပီ။ PhotoInstrument 4.0 Build 403 ကိုကောင်းစွာ သုံးတက်လို့ရပီပေါ့။ကိုယ်တိုင် ဖန်တီးပြင်ယူမယ် ဆိုလျှင် အဆင်ပြေပါတယ်။ကျွှန်တော့်ထက် အများကြီး ပြင်ဆင်နိုင်မှာပါ အဆင်ပြေပါစေ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

1 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

nayla September 16, 2010 at 10:11 PM  

ယူသွားပြီ ကိုဖိုးသား..ကျွန်တော်လည်းစမ်းကြည့်အုံးမယ်....