Tuesday, May 31, 2011

Disappear hard disk partition clusters

ကျန်းမာရေးက တစ်ကြောင်းနဲ့ ဘလော့လ်ဘက်ကို မရေးဖြစ်တာပါ။ကျန်းမာရေးဆိုတာကလည်း နှာခေါင်းသွေးတွေ လျှံနေတာ လေးရက် ဆက်နေပီ တိတ်လည်း မတိတ်ဘူး အပူများတာလား ဘာလည်း တော့မသိတော့ဘူး။ဒီခတ်လ်ကိုက ရောဂါကပေါတာကိုး။အရင်ဆို ဘလော့လ်ပို့စ်ကို တစ်နေ့ကို တစ်ပို့စ်လောက်တော့ တက်အောင်ရေးနေကြပါ။ကိုယ်လည်း စိတ်ဝင်စားမှု ရှိတာကိုး ဒီအပိုင်းကို နောင့်ပိုင်း အရေးကျဲလာတယ် စာမေးပွဲက တစ်ဘက်နဲ့ ဆိုတော့ အားချိန်မျှရေးရတာ ခုလည်း ကျောင်းပိတ်တော့မယ်လေ အဲ့ကြမှ ပဲ အတိုးချ ရေးလိုက်တော့မယ်။ဂိမ်းကလည်း ဆော့လို့ကောင်းဆိုတော့ ဂိမ်းဘက်လှည့်လှည့်သွားတာ လည်း တစ်ကြောင်းပေါ့။

Tuesday, May 24, 2011

Delete window boot screen choice and window - error


မရေးဖြစ်တာကြာသွားပီ ဖြစ်တဲ့အတွက် စာမေးပွဲ တစ်ဘက်နဲ့ ဘလော့လ်ပိုင်းကို မရေးဖြစ်တာပါ။နောင့်ပိုင်း ကျွှန်တော်က စာဖတ်ဖြစ်တာနဲ့ တက်နိုင်သလောက် ပြန်ရေးမယ်လို့တော့ စိတ်ကူးထားရှိထားတယ်။ခုလည်း စာမေးပွဲက သုံးလေးရက်လောက် ဆိုပြီးတော့မှာ ဖြစ်ပါတယ်။ရေးမယ့် error နစ်ခုကို အခြေခံပြီး ရေးသားမှာ ဖြစ်ပါတယ်။အပေါ်က ပြထားတာက window os partition နစ်ခန်းမှာ ဝင်းဒိုး နစ်ခု ဆောင်းထားခြင်းပါ။တစ်ခုက window vista and window 7 ပေါ့။Window 7 က partition D နှင့် Window Vista က partition C မှာ( အဲ့မှာမှ အနီပြထားတာက အဲ့ပါတီးရှင်း D မှာ os 7 systems files များကို format ၇ိုက်ထားပြီး ကွန်ပျူတာ ဝင်းဒိုးအတက်မှာ Boot ပေါ်တာကို တွေကို မြင်ဖူးမှာပါ။အောင့်က ပုံကို ဆက်လက်ကြည့်ပါ။

Monday, May 23, 2011

မဟာမြိုင်ဆရာတော် ဦးဇောတိက၏ အသိပေးစကားစုများ။


ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပ ပစ္စည်းတွေထက် ကိုယ့်ရင်ထဲကသဘောထားက ပိုပြီးအရေးကြီးပါတယ်။ သင်္ချာမှာ ပုံသေနည်းဆိုတာရှိတယ်။ ဘဝမှာပုံသေနည်း မရှိဘူး။ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှု၊ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုဟာ ကိုယ့်ဘဝတိုးတက်ရေးမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ခွင့်မလွတ်နိုင်ရင် ငါ့ဘဝဟာ နာကြည်းမှုနဲ့ လက်စားချေမှု သံသရာထဲမှာပဲ လည်နေတော့မယ်။ကံကို ယုံပါ။ ဒါပေမဲ့ စိုက်ခင်းကိုတော့ ရေလောင်းပါ။ဒုက္ခကို ရှောင်နေရုံနဲ့ အရည်အသွေးပြည့်တဲ့ဘဝကို နေလို့မရနိုင်ဘူး။ လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ်။ အဲဒီအလုပ်ကို လုပ်လို့ ဒုက္ခတွေ့မယ်ဆိုရင် တောင့်ခံနိုင်သလောက် ဒုက္ခကိုခံပြီး ဆက်လုပ်ရမယ်။လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲဆိုတာကိုကြည့်ပါ။ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့အမြင်က ကိုယ့်ဘဝကိုကျဉ်းမြောင်းအောင် လုပ်နေတယ်။ကိုယ့်အမှားကို အမှားပါလို့ လက်ခံပြီး ပြင်ရဲတဲ့ သတ္တိဖြစ်ပါတယ်။အခက်အခဲနဲ့တွေ့တဲ့အခါမှာ ကံဆိုးလေခြင်းလို့မတွေးပါနဲ့။ ဘာသင်ခန်းစာယူရမလဲလို့တွေးပါ။လကွယ်မရှိရင် လပြည့်ညဟာ ပျော်စရာ သိပ်ကောင်းမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုရှိတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို အသက်နဲ့လဲမယ်။ ငွေနဲ့မလဲဘူး။