Friday, June 17, 2011

Virtual Memory in Window 7

Virtual Memory အ၇င်တုန်းကလည်း window xp မှာ virtual memory အကြောင်းကို ရေးပေးခဲ့ဖူးပါတယ်။Virtual ဆိုတော့ အရင်ဆုံး အတုအယောင်ဆိုတာကို သိထား၇မယ်။Virtual clone drive များလိုပေါ့ drive room ကို virtual ထားသလိုပေါ့။Virtual memory ဆိုတာ swap file လို့လည်း ခေါ်ဆိုပါတယ်။ဘယ်လိုနေရာတွေမှာ အသုံးတည့်လည်း?ဆိုလိုတာက ကိုယ့်ကွန်ပျူတာမှာ ram 512 လောက် တပ်ဆင်ထားတဲ့ motherboard တွေ ဒါမဟုတ်လည်း ram(system memory) တွေ နည်းတဲ့အခါမှာ Window ကနေ virtual ခံထားခြင်းဖြင့် memory ကိုပိုမို အလုပ်လုပ်စေပါတယ်။သူ့ရဲ့လုပ်ဆောင်ပုံက ဥပမာ ram 512 Mb လောက်တပ်ဆင်ထားတဲ့ အခါ window မှာ ram(memory)လုပ်ဆောင်မှုက တအားနှေးကွေး လွှန်းပါတယ်။ဥပမာ application software ခပ်စားစား corel draw or cs(photo shop)တွေ သွားပြီး running ပေးတဲ့အခါ window မှာ အသုံးပြုလိုက်တဲ့အခါမှာ ram ကနဂို 512Mb တပ်ထားသည့်အတွက် သူ့ ram မှာ access လုပ်ဆောင်မှုဟာ လိုတာထက်များသွားတယ်။Ram အပိုကလည်း မရှိဘူး ကျန်တဲ့ နေရာမှာ access လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပဲ စက် window က hunting ဟမ်းသွားရော။အောင်ကပုံကို ဆက်ကြည့်ပါ။


အဲ့ ပုံမှာက memory သည်လိုတာထက် application လုပ်ဆောင်မှုတွေ များတဲ့အတွက် hard disk မှာ virtual memory ထားလိုက်တယ်။အဲ့ဒါကို swap file လို့တစ်နည်းခေါ် မဟုတ်လည်း virtual memory လို့ခေါ်ပါတယ်။(အတိုချူံးလိုက်ရင် ram မှာ application or other access running တွေ မလောက်တဲ့အခါ hard disk ကနေ memory တစ်နေရာစာသတ်မှတ်လိုက်ခြင်းကို ခေါ်ဆိုသည် အဲ့နေရာကို swap file or virtual memory)လို့ခေါ်ပါတယ်။Window 7 မှာ ဘယ်လို သတ်မှတ်မလည်း။

My computer / Properties ကနေ Advanced System Setting ကိုသွားလိုက်ပါ။Advanced ကိုဆက်သွားပါ။Performance အောင့်နားမှာ Settings .. ဆိုတာကို click ပေးလိုက်ပါ။

Advanced ကိုဆက်သွား Change … ကနေ virtual memory ထားလို့ရပါတယ်။

Automatically manage paging file size for all drives က check ကိုဖြူတ်ပြီး Custom size မှာ MB ကို ကြိုက်တဲ့ hard disk partitions များကနေ virtual သတ်မှတ်ထားလို့ရပါတယ်။(Initial size အစ နဲပ Maximum size)အဲ့အတွက်မှာ သတ်မှတ်ချက်ပေးပါ။သတ်မှတ်ကြည့်ဦးဗျာ လိုရင်းကတော့ memory နည်းတဲ့ စက်တွေ မှာ virtual swap file တစ်နေရာ hard disk မှာ သတ်လိုက်ခြင်းပါ။

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: