Showing posts with label About Me. Show all posts
Showing posts with label About Me. Show all posts

Saturday, October 29, 2011

CCleaner 3.12 Released, Free System Optimization, Privacy and Cleaning Tool

မရေးဖြစ်တာကြာသွားပါတယ်။ရေးမယ်နဲ့ ကျောင်းက တက်နေရတော့ ဘယ်လိုမှ အချိန်မရတာနဲ့ မရေးဖြစ်သေးတာနဲ့ ဘာလိုလိုနဲ့ ဒီဘလော့လ်ရေးခဲ့တာတောင် နှစ်နှစ်လောက်ရှိပီ။တစ်လောက နက်ကောင်းတုန်းလေး ဝင်မွှေဝင်ဖတ်ကြည့်လိုက်တာနဲ့ c cleaner လိုတာနဲ့ ရှာလိုက်တာ lasest version CCleaner 3.12 Released တွေ့တာနဲ့ဒေါင်းယူလိုက်တာ။မြန်မာက လူတော်တော်များများ ဒေါင်းလော့ဆွဲရာမှာ အခက်ခဲတွေနဲ့ရှိလိမ့်မယ်။Freeware ဆိုတော့ ညွှန်းပေးလိုက်ပါတယ်။နောင့်မိတ်ဆက်ပေးလိုက်ပါတယ်။ http://www.filehippo.com ကို အဲ့မှာတော့ free ware ရတဲ့ဆော့ဝဲလ်တိုင်းက အဲ့မှာ ရှာဒါင်းယူနိုင်ပါတယ်။Free ware ဆိုတာက လူတန်းစေ့ money purchase မရှိဘဲ သုံးစွဲနိုင်ခွင့်ရှိသလို တင်သမျှ အဲ့ဆိုဒ် sever မှာရှိတဲ့ software တိုင်းဟာ free software တွေချည်းပဲ။



တကယ်လို့ ကိုယ့်ကွန်ပျူတာ window os တင်လို့ လိုအပ်နေတဲ့ fire fox /vzo/adobe reader /window တစ်ခုမှာလိုအပ်နေတဲ့ အသေးစားဆော့ဝဲလ်လေးတွေကို ဒေါင်းဆွဲနိုင်ပါတယ်။ဥပမာ c cleaner နဲ့ပတ်သတ်ပြီးဆိုလျှင် version ဘယ်လောက်လောက်ကစပြီး ထွက်သလည်း ခု ဘယ် version updated ဖြစ်လည်းပေါ့။

CCleaner is a freeware system optimization, privacy and cleaning tool. It removes unused files from your system - allowing Windows to run faster and freeing up valuable hard disk space. It also cleans traces of your online activities such as your Internet history. Additionally it contains a fully featured registry cleaner. But the best part is that it's fast (normally taking less than a second to run) and contains NO Spyware or Adware! :)

C cleaner ဆိုတာက free ရတဲ့ ဆော့ဝဲလ်ဖြစ်တယ်။ဖတ်ရှားပေးတယ် ကိုယ့်ရဲ့ window os က hard disk clusters အခန်းများစွာက မလိုအပ်တဲ့ files တွေ junk ဖြစ်နေတဲ့ files ပြီးတော့ အရိုးရှင်းဆုံးပြောရလျှင် window မှာဆို hard disk ကို disk clean up လုပ်တာနဲ့တူပါတယ်။Window မှာ disk clean up လုပ်တယ်ဆိုတာမှာ hard disk နဲ့ window တင်ထားတဲ့ partition ပဲ အကျူံးဝင်သွားတာ ဖြစ်တယ်။C cleaner နဲ့ ရှင်းမယ်ဆိုလျှင်တော့ ပိုကောင်းမှာပေါ့/C cleaner အကြောင်းကို ဒီစစရောက်တုန်းက ရေးသားခဲ့ဖူးပါတယ် အောက်ကလင့်မှာ ဖတ်ယူလိုက်ပါ။
http://www.phoothar3.co.cc/2010/07/ccleaner-233portable.html
Download link

Saturday, June 4, 2011

(Realtek ..

Internet သုံးရင်း သီချင်းတော့ ဆိုချင်ကြမှာပါ။အဲ့တော့ ဝင်းဒိုး နဂို ear phone ကနေ ဆိုလို့ရအောင် ရေးသားပေးပါ့မယ်။ဟိုးတုန်းက အစ်ကို တစ်ယောက်မေးဖူးတာ သီချင်း ဆိုချင်လို့တဲ့ ကာလာအိုခေ ဆော့ဝဲလ် ရှိလားဆိုတော့ မရှိဘူးလို့ တစ်ခါမှတော့ မစမ်းဖူးဖူးအဲ့လိုမျိုး။အဆိုကတော့ ဝါသနာပါပါတယ်။အားအားနေ Ear phone နဲ့ဟဲနေကြ ဆိုင်တွေ မှာဆို ပိုတောင် ဟဲလို့ကောင်းသေး။ကိုယ့်ကွန်ပျူတာမှာ ဟဲလို့ရအောင် အရင်ဆုံး Audio and window နဲ့စပ်စပ်တာကို အရင်နည်းနည်း ကြည့်ရအောင်။ဝင်းဒိုးတွေ မှာ အသံ driver အလုပ်လုပ်တာ နစ်မျိုးရှိပါတယ်။အသံလာအောင်လေ။Window xp တင်ပြီးတဲ့ နောင့်ပိုင်း driver motherbard cd ခွေ install ဘာလို့ပေးလည်း?Window xp ကိုက installation window မှာ driver ကို မဖတ်ခဲ့လို့ပဲ။

Driver တွေထဲမှာထည့်လိုက်တာနဲ့ နက်ရအောင်(Ethernet-Onboard)(ပြီးမှ Graphic resolution ညိုလို့ရအောင် Graphic driver ) (ပြီးမှ Audio driver(နှစ်မျိုးရှိ Window မှာ အလုပ်လုပ်တာ(မားသားဘုတ်မှာ အသံလာအောင် တစ်ခုက Hd audio and ac 97 real teak audio driver )အဲ့ driver Install တစ်ခု မဟုတ်တစ်ခု လုပ်ပီးမှ window က အသံလာတာပါ။တစ်ချို့ window 7 တင်လိုက်တယ် ဒါပေမယ့် ဝင်းဒိုးတော့ ရလာတယ် အသံမလာဘူး။ဖြစ်တာက window audio driver hd and ac 97 တစ်ခုခု ဝင်းဒိုးနဲ့ ညှိနေတာ။ဒေါင်းလိုက်ပါ ဒီလင့်မှာ audio driver real teak ac 97 ကို ဒေါင်းယူလိုက်ပါ။

http://218.210.127.131/downloads/downloadsView.aspx?Langid=1&PNid=14&PFid=24&Level=4&Conn=3&DownTypeID=3&GetDown=false


ကိုယ့်သက်ဆိုင်တဲ့ ဝင်းဒိုးအလိုက်ကို ဒေါင်းယူလိုက်ပါ။

အပေါ်မှာ ပြထားတဲ့ ဥပမာ m board မှာ audio earphone cable ကြိုးအနီနဲ့ အစိမ်းကို သာ တပ်ထားမယ်ဆို Microphone ဆိုတာ ဝင်နေလိမ့်မယ်။ထို့မှ ပြထားသော နေရာကို နှိပ်ပြီး ပြထားတဲ့အတိုင်းေ၇ှ့သို့ရွှေ့လိုက်လျှင် Earphone က ပြောသမျှကို မိုက်က ဘောက်အသံနဲ့ သီချင်းဆိုလို့ ရပြီဖြစ်တယ်။သီချင်း ဆိုဝါသနာ ပါသူများက sing for you .net မှာ ဆိုလျှင် ဆို မဟုတ်လည်း လက်ရှိ window က vlc player (video lan player) နဲ့ဆိုလိုက လည်း install ပေးလိုက်ပါ။သီချင်း အပုဒ်တိုင်းတော့ သူ့မှုရင်း အသံကို ဖျောက်လို့ ရမလည် မဟုတ်ပါ။တစ်ချို့အပုဒ်တွေဆို နဂိုမှုရင်း အသံကို vlc player နဲ့ ဖျောက်လို့ရသည်။

ဖွင့်လိုသော video song ကိုဖွင့်ပါ Audio / Audio Channels - ကနေ Stero/Left/Right and Reverse stero တစ်ခုချင်းကို လိုက်ချိန်းပြောင်းပီး အပေါ်က real teak သုံးပြီး သီချင်း ဆိုကြည့်ပါ။လက်ရှိတော့ အဲ့လို ပဲ ဟဲနေကြလေ :P အဆင်ပြေပါစေ

Tuesday, May 24, 2011

Delete window boot screen choice and window - error


မရေးဖြစ်တာကြာသွားပီ ဖြစ်တဲ့အတွက် စာမေးပွဲ တစ်ဘက်နဲ့ ဘလော့လ်ပိုင်းကို မရေးဖြစ်တာပါ။နောင့်ပိုင်း ကျွှန်တော်က စာဖတ်ဖြစ်တာနဲ့ တက်နိုင်သလောက် ပြန်ရေးမယ်လို့တော့ စိတ်ကူးထားရှိထားတယ်။ခုလည်း စာမေးပွဲက သုံးလေးရက်လောက် ဆိုပြီးတော့မှာ ဖြစ်ပါတယ်။ရေးမယ့် error နစ်ခုကို အခြေခံပြီး ရေးသားမှာ ဖြစ်ပါတယ်။အပေါ်က ပြထားတာက window os partition နစ်ခန်းမှာ ဝင်းဒိုး နစ်ခု ဆောင်းထားခြင်းပါ။တစ်ခုက window vista and window 7 ပေါ့။Window 7 က partition D နှင့် Window Vista က partition C မှာ( အဲ့မှာမှ အနီပြထားတာက အဲ့ပါတီးရှင်း D မှာ os 7 systems files များကို format ၇ိုက်ထားပြီး ကွန်ပျူတာ ဝင်းဒိုးအတက်မှာ Boot ပေါ်တာကို တွေကို မြင်ဖူးမှာပါ။အောင့်က ပုံကို ဆက်လက်ကြည့်ပါ။



ဒါကို ဆိုလိုခြင်းပါ အဲ့မှာ ကွန်ပျူတာ အတက်မှာ ပေါ်နေသော window 7 boot choice ကို ဖျက်ထုတ်မှာပါ။(စဉ်းစားစရာ အချက်က ဝင်းဒိုး နစ်ခု ကို partition နစ်ခန်းမှာ တင်းထားမယ်ဆို ကိုယ်ဖျက်ချင်သော ဝင်းဒိုးကို အရင် format ဖိုင်အားလုံးကို ရိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ဒါဆို window systems များအားလုံးကုန်ပေးမယ့် အပေါ်က ပြတဲ့ choice boot တော့ပေါ်နေဆဲဖြစ်တယ်)အရင်တုန်းက window partition အခန်းတွေမှာဝင်းဒိုး နစ်ခု တင်တာကို ရေးထားပြီးဖြစ်ပါတယ်။Blogger Categories မှာ ရှာဖတ်ကြည့်လိုက်ပါ။)
အပေါ်ဆုံးက ဝင်းဒိုး 7 ကိုေ၇ွှးချယ်ပြီး Delete ကိုေ၇ွှးပေးလိုက်ပြီး အဆင့်လိုက် restart တောင်းပါလိမ့်မယ်။ပေးလိုက်ပါ။ပေးမှပဲ ဝင်းဒိုးအတက်မှာ အပေါ်က choice boot screen က တစ်ခု ပျောက်သွားမှာ ဖြစ်ပါတယ်။

နောင့် error တစ်ချက်က window မတက်ခင် (ဥပမာ ဝင်းဒိုး နစ်ခုကို ဟက်လ်ဒစ် နစ်လုံးမှာ တစ်လုံးချင်း ဆီ တင်ထားမယ်ဆို Boot Screen ကို ခေါ်ပေးရတယ်။လက်ရှိ ကျွှန်တော့် စက်က Foxcoon board ဆို Esc ကီးနဲ့ ခေါ်ယူရတာ ဖြစ်ပါတယ်)အောင့်က ပြထားတဲ့ ပုံကို ဆက်ကြည်ပ့ါ။

အပေါ်မှာ ပြထားတာက google ကနေ လွှယ်တကူလင့် ရှာဖွေထားတဲ့ပုံပါ။အဲ့စက်မှာ Esc နဲ့ boot screen ကို ခေါ်ယူပြီး ကွန်ပျူတာ စစဖွင့်ခြင်းပေါ့။ပြီးတာနဲ့ motherboard မှာ တပ်ဆင်ထားတဲ့ floppy ဝင်မယ် ပြီးတော့ Hard disk နစ်လုံး ဖြစ်တဲ့ SAMSUNG (company) hd (IDE လား sata လား Scsi ) လားတော့ မသိဘူး Delete နဲ့ Bios ထဲကို ဝင်ကြည့်မှ ဖြစ်ပါတယ်။ပြီးတော့ အောင့်မှာ ဝင်နေတဲ့ Sata အမျိုးအစား Cd-Room ကို ဆက်ပြပေးတယ် ပြီးတော့ Usb စက်မှ ထိုးထားလျှင် Usb စတစ်များနဲ့ သက်ဆိုင်ရာ Devices များကို ပြသပေးထားတာ ဖြစ်ပါတယ်။အဲ့အဆင့်က Boot deviceေ၇ွှးချယ်မယ့် အပိုင်းပါ။Memory stick နဲ့တင်လိုသူများ ဝင်းဒိုးကို မဟုတ်လည်း hard disk နစ်လုံး တပ်ဆင်ထားသူများ ဘယ်ဟက်ဒစ်လ်က ဝင်းဒိုးကို တက်စေခြင်သလည်းပေါ့။

ခု ပြောမယ့် error က safe mode က အပေါ်မှာ ပြထားတဲ့ အတိုင်းပါ။တော်တော်များများ Safe Mode ကို ဝင်းဒိုး ဘယ်လို အပိုင်းတွေမှာ ခေါ်ယူပြီး အသုံးပြုလို့ ရမှာကို သိပြီးသားဖြစ်ပါတယ်။ဆိုလိုချင်တာက ကွန်ပျူတာ တစ်နေ့က စက်ကိုဖွင့်လိုက်တယ်။Window 7 ကိုတက်ခိုင်းလိုက်ပြီး Welcome screen မှာ ရပ်နေတယ်။ဒါနဲ့ စက်ကို restart ပြချ ပြန်လုပ်ကြည့်တယ် ဒါလည်း ဒီနားမှာ ရပ်နေတုန်းပဲ။ဝင်းဒိုးက ဘာဖြစ်တာလည်း မသိဘူး။ဝင်းဒိုးလည်း မတင်ချင်ဘူး ပျင်းတယ်လေ ကိုယ်တိုင်ကို က :P အဲ့တော့ ကွန်ပျူတာကို ထပ် restart ချပြီးတာနဲ့ esc နဲ့ Boot device ကို ရွှေးချယ်ပီး f8 ကီးကို ခေါ်ယူ (board အလိုက် ကီးဘုတ်ခေါ်ယူမှု ကွာ ခြားနိုင်ပါတယ်)ပြီးတာနဲ့ အပေါ်က ကျွှန်တော်က အစက Last Known configuration ( ဝင်းဒိုးနောင့်ဆုံးအခြေအနေကို ခေါ်ယူကြည့်တယ်)ဒါလည်းရပ်နေတုန်းပဲ ။အဲ့ဒါနဲ့ မထူးဘူး ဆို Dubbing ကို ခေါ်ယူကြည့်တယ်။ဒါက တော့ window က စက်မှာ graphic ကဒ်တပ်ထားတော့ အကုန်ဖတ်တယ် နက်လည်း ရတယ်လေ ပုံမှန် application softwares များ install လုပ်ထားတာကလည်း သုံးလို့ရတယ်လေ။ဒါဆို ဝင်းဒိုးအသစ်တင်လိုသူများက အဲ့ကနေ hard disk ကနေ တစ်ခါတည်း တင်ယူသွားလို့၇တယ်(ယခင်ပို့စ်များကေ၇းထားပြီးသား ဖြစ်ပါတယ်။ဒီ Setting လေးကို တော်တော်လေးကို ကြိုက်သွားတယ်။ဝင်းဒိုးတော့ မတင်ချင်ဘူးလေ ထပ်ပျင်းတာနဲ့ Safe Mode နဲ့တက်ပြီး window start menu ကနေ system restore ကိုရိုက်ထည့်ပြီး ကျွှန်တော်က ဒီနေ့ ၂၄ ရက်ဆို ကျွှန်တော်က choice different points များက မနေ့က အသုံးပြုတဲ့ ၂၃ ရက်ကို ပြန်ခေါ်လိုက်တာနဲ့ window က hardisk က window backup တစ်ခု system restore point တစ်ခုကိုခေါ်ယူပြီး restart ကျတာနဲ့ ပြတက်လာတယ်။လေ့လာရင်း ပျော်ရွှင်ပါစေခင်ဗျာ:P

Monday, May 23, 2011

မဟာမြိုင်ဆရာတော် ဦးဇောတိက၏ အသိပေးစကားစုများ။


ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့ ပြင်ပ ပစ္စည်းတွေထက် ကိုယ့်ရင်ထဲကသဘောထားက ပိုပြီးအရေးကြီးပါတယ်။ သင်္ချာမှာ ပုံသေနည်းဆိုတာရှိတယ်။ ဘဝမှာပုံသေနည်း မရှိဘူး။ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှု၊ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုဟာ ကိုယ့်ဘဝတိုးတက်ရေးမှာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ခွင့်မလွတ်နိုင်ရင် ငါ့ဘဝဟာ နာကြည်းမှုနဲ့ လက်စားချေမှု သံသရာထဲမှာပဲ လည်နေတော့မယ်။ကံကို ယုံပါ။ ဒါပေမဲ့ စိုက်ခင်းကိုတော့ ရေလောင်းပါ။ဒုက္ခကို ရှောင်နေရုံနဲ့ အရည်အသွေးပြည့်တဲ့ဘဝကို နေလို့မရနိုင်ဘူး။ လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ်။ အဲဒီအလုပ်ကို လုပ်လို့ ဒုက္ခတွေ့မယ်ဆိုရင် တောင့်ခံနိုင်သလောက် ဒုက္ခကိုခံပြီး ဆက်လုပ်ရမယ်။လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲဆိုတာကိုကြည့်ပါ။ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့အမြင်က ကိုယ့်ဘဝကိုကျဉ်းမြောင်းအောင် လုပ်နေတယ်။ကိုယ့်အမှားကို အမှားပါလို့ လက်ခံပြီး ပြင်ရဲတဲ့ သတ္တိဖြစ်ပါတယ်။အခက်အခဲနဲ့တွေ့တဲ့အခါမှာ ကံဆိုးလေခြင်းလို့မတွေးပါနဲ့။ ဘာသင်ခန်းစာယူရမလဲလို့တွေးပါ။လကွယ်မရှိရင် လပြည့်ညဟာ ပျော်စရာ သိပ်ကောင်းမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုရှိတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို အသက်နဲ့လဲမယ်။ ငွေနဲ့မလဲဘူး။

ဘဝဆိုတာဟာအမြဲတမ်းပြောင်းလဲနေတယ်။

ပြောင်းလဲမှုကိုဆန့်ကျင်နေရင် ဘဝပျောက်သွားမယ်။ အလုပ်များများလုပ်ဖို့ထက် အလုပ်ကိုစေတနာမှန်မှန်နဲ့ လုပ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ကိုယ့်ကိုယ်ကို မြှင့်ချင်ရင် သူတစ်ပါးကိုလည်းမြှင့်ပေးပါ။ သူတစ်ပါးကိုမြှင့်ပေးလေလေ၊ ကိုယ်လည်း မြင့်သွားလေလေပဲ။လမ်းမှားနေတဲ့ လူဟာ မြန်မြန်သွားလေလေ၊ လိုရာပန်းတိုင်နဲ့ ဝေးလေလေပဲ။ဘယ်လောက်အသက်ရှည်ရှည်နေရမယ်ဆိုတာက ပြဿနာမဟုတ်ဘူး။ ဘယ်ပုံဘယ်နည်း နေသွားမယ်ဆိုတာကမှ ပြဿနာ။ရနေတဲ့ အခွင့်အရေးထက် ဆုံးရှုံးသွားတဲ့ အခွင့်အရေးက ပိုကြီးတယ်လို့ထင်ရတယ်။မဖြစ်မနေ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တယ်။အနာဂတ်အတွက် မျှော်လင့်ချက်မရှိရင် ပစုပန်မှာ အင်အားမရှိဘူး။
စိတ်ချရတဲ့ အခြေအနေဆိုတာ တကယ်တော့မရှိပါဘူး။ အမြဲတမ်း နိုးနိုးကြားကြားနဲ့လိုလိုမယ်မယ် ကြိုတင်ပြင်ဆင်ထားရမယ်။တာဝန်ကျေရုံ မလုပ်ပါနဲ့။ နည်းနည်း ပိုလုပ်လိုက်ပါ။မှတ်ဥာဏ်ကောင်းရုံနဲ့ ပညာတတ်မဖြစ်ဘူး။ ဆက်စပ်ပြီး တွေးခေါ်စဉ်းစားတတ်မှ ပညာတတ်ဖြစ်မယ်။ကိုယ့်သားသမီးတွေကို ပေးနိုင်တဲ့ အမွေတွေထဲမှာ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ချင်စိတ် ကိုပေးတာက အကောင်းဆုံး အမွေဖြစ်တယ်။စည်းကမ်းနဲ့နေ၊ စည်းကမ်းနဲ့ပြောတတ်၊ လုပ်တတ်တဲ့သူဟာ အင်အားကြီးမားတယ်။ သြဇာရှိတယ်။မှန်တဲ့သဘောထားဟာ အကောင်းဆုံး မိတ်ဆွေဖြစ်တယ်။ မှားနေတဲ့သဘောထားဟာ အဆိုးဆုံး ရန်သူဖြစ်တယ်။ကိုယ်ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို ကိုယ့်သဘောထားကပဲ ဟောကိန်းထုတ်နေပါတယ်။ကိုယ့်သဘောထားက ကိုယ့်အပြုအမူကို လွှမ်းမိုးတယ်။ ကိုယ့်အပြုအမူ ကိုယ့်အောင်မြင်မှုကို လွှမ်းမိုးတယ်။အောင်မြင်မှုဆိုတာကို အခက်အခဲတွေကြားထဲမှာ ဝှက်ထားတယ်။
ကိုယ်လုပ်တဲ့ အလုပ်ကို မချစ်တဲ့သူဟာ စစ်မှန်တဲ့အောင်မြင်မှုကို မရနိုင်ဘူး။အသက်ရှည်ရှည် စိတ်ချမ်းချမ်းသာသာ နေချင်ရင်
သဘောထားမှန်မှန်နဲ့နေဖို့လိုတယ်။အမှားဆိုတာ ဥာဏ်ကြီးကြီးနဲ့ ထပ်ကြိုးစားဖို့အခွင့်အရေးပါ/

Sunday, April 10, 2011

Hell ..


ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ့လျှားမှု အကြောင်း လေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင် များရယ် ပူးပေါင်းပြီး ဆိုဗီယက် နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန် တစ်နေရာတွင် မြေအောက် ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြ ပါတယ်။

ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက် ကိုးမိုင်အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင် ဒေါက်တာဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကိုတွေ့ ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီး တစ်ခုကို ရောက်နေလို့ ထိမ်းမရအောင် လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ တွေ့ရှိပါတယ်။


အဲဒီအခါမှာတော့ လုံးဝ မခံမရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။ ပထမတော့ သူတို့ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာ စူးစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံး တစ်လျှောက်ထဲမှာ ကြားနေရတဲ့ အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့ က ဆိုပါတယ်။ သေချာအောင်လို့ အသံဖမ်းစက်ကို တွင်းထဲချပြီး အသံဖမ်း နားထောင်တဲ့အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအ၀င် တခြားပညာရှင်တွေရော တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။ ဒါဟာ ငရဲကို တွေ့ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့ လူ့လောကကို ဆက်ပေးလိုက်ကြပြီးလို့ထင်မိပါတယ်။

ကျနော် အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ဟာတွေက တွင်းတူးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။

ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယား ဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။ ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခု ကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။

မြေကြီးအောက် ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ်။ သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆ လောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။

တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ် တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီးဆိုတဲ့ သတင်းစာကြီးက1990-ခု၊ ဇန်န၀ါရီလ 4-ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။

ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့… ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ။ တွင်းတူး တွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။

ဒီလိုတွေ့ရှိမှုတွေ ပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့ ဖင်လန်နိုင်ငံမှ ဘူမိဗေဒ ပညာရှင်တချို့ အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသား ဖော်ပြခဲ့ကြတယ်။


အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ရှိချက်အပြီး နှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်က နှုတ်ထွက်ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်း လိုက်ကြတယ်။ ဆိုဗီယက် သာသနာရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီး နှုတ်ပိတ်ခဲ့တယ်။ ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက် ပေးပုံရတယ်လို့ မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။

ဘာနီနန်မီဒယ်ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လှူဒါန်း လိုက်တယ်လို့ သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့အခါမှာတော့ သူ့အသက်လဲ စိုးရိမ် ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီ ပယ်ချခဲ့ပါတယ်။ နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့လူ ရေးခဲ့တဲ့စာပါပဲ။ သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။

စာရေးတဲ့ နေ့စွဲက ၁၉၉၀-ခု၊ ဇန်န၀ါရီလ ၇-ရက်နေ့ သူ့စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉-ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရိကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ နော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်ပေါင်းများစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။

ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့အခါမှာတော့ သူဟာ အရမ်းအံ့သြ တုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံး မှာတော့ သူ့ကို ဘုရားသခင်ထံမှာ အပ်နှံကြောင်းနှင့် လုံခြုံတဲ့ နေရာမှာ ထားပေးကြပါလို့ ရေးသားထားကြောင်း သိရပါတယ်။

မှတ်ချက်။ “ငရဲကြီး ရှစ်ထပ်ကို နော်ဝေ၊ ဖင်လန်နိုင်ငံမှ ဘူမိပညာရှင်များ အတည်ပြု” ဟူသော အထက်ပါ ဆောင်းပါးကို သူငယ်ချင်းမှနေ အီမေးလ်ထဲသို့ ဖော်ဝပ် လုပ်ပေးထားသဖြင့် မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးထားပါသည်။ ဤဆောင်းhttp://www.blogger.com/img/blank.gifပါးနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ်ရာ အင်္ဂလိပ်-ဆောင်းပါး များစွာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးသည်။ အချို့ကား မှန်သည်ဟု ယူဆ၍ တစ်ချို့ကား ချဲ့ကား ပြောထားသည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ အဖြစ်အပျက်ကား တကယ်ပင် ပေါ်ပေါက်ခဲ့ဘူးသည်။ ရှာဖွေခဲ့သည့် ဓာတ်ပုံနှင့်ဆောင်းပါး လင့်များကို အောက်ပါ အတိုင်း ကလစ်နှိပ်၍ သွားရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ကို ကြည့်လိုပါက အောက်ပါလင့်ကို နှိပ်ပါ-
http://englishrussia.com/index.php/2008/03/25/darvaz-the-door-to-hell/
အင်္ဂလိပ်လို ရေးသားထားသည့် ဆောင်းပါးကို ဖတ်လိုပါက အောက်ပါလင့်ကို နှိပ်ပါ-
http://www.truthorfiction.com/rumors/d/drilltohellfacts.htm
မှတ်ချက် ဖတ်ဖူးတဲ့ စာပေကို မျှဝေလိုက်တာပါ ဖိုးသား ခင်မင်စွာဖြင့်
လက်ရှိ ကျွှန်တော့်စက်က အသံဖိုင်လ်
http://www.mediafire.com/?hwceh13mtwiwhk1

Sunday, November 21, 2010

Window os audio event

ဒီလိုဗျာ။Window တင်ပြီးနောက် ဖြစ်တဲ့ ပြသာနာ တစ်ခုနှင့်အတူ အသံ audio driver အကြောင်းကို ကျွှန်တော် သိသလောက်တော့ နည်းနည်းလေး ဆွေးနွေးပြမလို့။တော်၇ုံဆို window installation တင်ပြီးတဲ့နောက်မှာ board ပေါ်မှာ graphic ပိုင်း Onboard graphic card အလုပ်လုပ်ဖို့ဆို graphic on board driver သို့မဟုတ် songs များကြားအောင် လာဖို့ audio driver(နှစ်မျိုး၇ှိပါသည် တစ်ချို့ board တွေက ac 97 audio driver and hd audtio driver) တစ်ခုခု သို့မဟုတ်လည်း net ၇အောင် Ethernet driver တွေဖတ်ပေး၇ပါတယ်။ဒါပေမယ့် xp မှာ တင်ပြီးတဲ့နောင့်ပိုင်းမှာ motherboard driver ကိုဖတ်လိုက်လျှင် ok ပါတယ်။ဒါဆို board က drivers format 3 မျိုးလုံးအလုပ်လုပ်ပီလို့ ဆို၇ပါ့မယ်။ဒါပေမယ့် window os 7 တင်ပြီးတဲ့နောက်ပိုင်းမှာ အဓိက ကျန်တဲ့ driver နှစ်မျိုးဖြစ်တဲ့ Ethernet driver and Graphic driver တွေက ဖတ်ပြီး audio driver ကဖတ်ပြီး အသံမလာခြင်းပါ။ဒါက တစ်နေ့ စက်တစ်လုံး ကိုသုံးနေ၇င်း အသံမလာတာနဲ့ လုပ်ကြည့်လိုက်၇တာ အဆင်ပြေတာကိုတွေ့ရပါတယ်။ဖြစ်ပုံကဒီလို window 7 တင်ပြီးတဲ့နောက်မှာ အသံ audio driver ကဝင်ပြီး os task bar ပေါ်က song ပုံစံ icons လေးက သီချင်း တစ်ပုဒ်ကို window media player နဲ့ဖွင့်လိုက်တာ အသံမလာခြင်းပဲ။အ၇င်ဆုံး device manager ကိုအ၇င်ဖတ်ကြည့်ပေးပါ။Device Manager ဆိုတာ device တွေကို Diagnostic စစ်ဆေးခြင်း နှင့် အပြစ်၇ှာဖွေခြင်းတို့အတွက် window os နဲ့ tools တစ်ခုပဲဖြစ်ပါတယ်။Driver တစ်ခုတင်ပြီးတိုင်း ok လား no ok လားဆိုတာ device manager မှာ ကြည့်လို့ရပါတယ်။အဝါေ၇ာင် အဝိုင်းလေးပေါ်မှာ အမည်းေ၇ာင် exclanation mark ကတော့ driver တွေကို အသိအမှတ်မပြုတာပါ။Driver မတင်နိုင်တာတို့ driver files များပျက်နေတာတို့မှာ ပြထာပါ။အောက်ပုံကိုကြည့်ပေးပါ။






အနီရောက်ကြက်ခြေခက်ကတော့ခန device တွေကို disable လုပ်ထားတာပါ




အောက်ကအချက်တွေကပုံရှာမရလို့မတင်ပေးလိုက်တာပါ။

(1)အဖြူေ၇ာင်ပေါ်အပြာေ၇ာင် I ပုံစံလေးကတော့ error မဟုတ်ပါဘူး ပစ္စည်းနဲ့ပတ်သတ်လို့ information ပေးချင်တာ ဖြစ်ပါတယ်။
(2)အစိမ်းရောင် ? ကတော့ Window ME မှာပဲပြတဲ့သင်္ကေတပဲဖြစ်ပါတယ်။သူကတော့ Window ကဒီပစ္စည်း သူ့drive နဲ့သူမတင်ထားဘူး။အလားတူ driver နဲ့တင်ထားတယ်။ပစ္စည်းကတော့တက်သွားပြီး အချို့ function ကိုသုံးချင်မှသုံးလို့ရမယ်။ဒါဆို device manager အကြောင်း audio driver နဲ့ပတ်သတ်လို့ သိလောက်ပါပြီး။Window os တစ်ခုတင်ပြီးတဲ့နောက်ပိုင်းမှာ audio driver ဝင်ပြီးတဲ့နောက်ပိုင်းမှာ ဖတ်ပြီးတဲ့နောက်မှာ window os နဲ့ mother board audio driver ဖတ်မဖတ်ကို ဘယ်မှာကြည့်မလဲ?




အရင်ဆုံး my computer ကို r click ပေးပြီး Manage ကိုသွားလိုက်ပါ။ပြီးလျှင် Device Manager ကို ထောင့်ပြီး အပေါ်မှာ ကျွှန်တော်ပြထားသော Sound video and game controllers မှာကြည့်လိုက်ပါ။ဒါဆို လက်၇ှိ os မှာ audio driver onboard ကတော့ဖတ်နေပါပီ။Window 7 ဆို drivers ခွေများဖတ်စ၇ာမလိုတာ သိပြီးသားလောက်ပါ။ပြီးလျှင် ဒီလို audio driver လည်း os နဲ့ကိုက်နေပီ ဒါပေမယ့် အသံမလာဘူး။ကျွှန်တော် စာဖတ်သလောက်တော့ သိသလောက်ပါ။အဆိုပါ audio driver သည် အလုပ်လုပ်တာ နှစ်မျိုး၇ှိပါသည်။တစ်ခုက Hd audio driver software နဲ့ AC 97 audio driver တစ်မျိုးမျိုး board နဲ့ကိုက်သွားမှ အသံလာခြင်းဖြစ်သည်။လက်တလော ဘုတ်က Hd audio driver software ကတော့ ဝင်နေပါပြီ။သို့သော် အသံမလာပါ တာနဲ့ပတ်သတ်ပြီး စဉ်းစားလာစ၇ာ၇ှိပါတယ်။ဘယ်လိုလုပ်မှာလည်း။အနီး စပ်ဆုံးပြော၇၇င် အဲ့လိုဝင်နေတဲ့နေ၇ာမှာ audio driver hd ဆို ac 97 audio driver ပြောင်းလည်းပေး၇ပါ့မယ် သို့မဟုတ်လည်း သင့်တော်သော audio driver window version အလိုက်လိုက်၇ှာပြီး ပြောင်းလည်းပေး၇ ပါ့မည်။ဘယ်လို ရှာကြမှာလည်း?Link တစ်လင့်နဲ့တူ audio driver for os version အလိုက် ပြထားပေးပါသည်။အောက်က link ကိုသွားလိုက်ပါ။ပြီးလျှင် ဖြစ်တုန်းက စက်တစ်ခုကတော့ ဒီလိုတော့ အဆင်ပြေသွားသည်။အ၇င်ဆုံး http://218.210.127.131/ ကိုတော့သွားလိုက်သည်။အဲ့ဒါနဲ့ သူငယ်ချင်းသုံး ယောက်ခေါင်းချင်း ဆိုင်ပြီးလုပ်ကြည့်တာပေါ့။ပထမဆုံး realtek audio driver for window 7 အတွက် ချလိုက်ပြီး အ၇င်ဆုံး installation ပေးလိုက်တာ ဒေါင်းလိုက်သော realtek audio driver သည် error တစ်ခု တက်လာပြီး installation ဆက်ပေးလို့မ၇ပါဘူး။ဒါနဲ့စဉ်းစားကြည့်လိုက်တယ်။အဲ့ဒါနဲ့ my computer ကို r click ပေးပြီး Manage ကနေ အပေါ်ကပြထားသော နဂို hd audio driver ကို uninstall




ပေးပြီး နဂို window os က ဖတ်ပြီးသား audio driver ကို ဖလှယ်လိုက်တယ်ပဲ ဆို၇ပါ့မ်။ဒီလိုနဲ့ window 7 audio driver က စက်တောင် restart ချစ၇ာမလိုဘဲ အသံလာတာကိုတွေ့ရပါတယ်။ဖြစ်တက်တာလေးကို ပြန်ချပြလိုက်တာပါ။အပေါ်က realtek audio drivers links များကိုပေးချင်တာလည်းပါပါတယ်။

Wednesday, November 17, 2010

Fantastic

ခုလည်း အ၇င်ဘလော့လ်က ထူးဆန်းတာလေးတွေ သိမ်းထားတာ၇ှိလို့ ပြန်တင်လိုက်တယ်။ဖတ်ပြီး ကြည့်ပီးသားလူ တွေလည်း ၇ှိရင်လည်း ၇ှိမှာပေါ့။အ၇င်စာအတိုင်းပဲ ပြန်တင်ထားလိုက်တယ်။သနားစ၇ာ ဘဝပါဗျာ သူတို့နေရာမှာဆို ဘယ်လိုများခံစားရမလည်းဆိုတာ စဉ်းတောင် မစဉ်းစားဝံ့ပါဘူး။အော် သူတို့က ဘဝအကျိုးပေးကံကိုက ဆိုးလိုက်တာဗျာ ကိုယ်ချင်းစာကြည့်ပါ။ကိုယ်နဲ့ထပ်တူထပ်မျှလေ။အော် သူတို့လည်း လူ့ဘဝကိုေ၇ာက်လာလျှင် ကျွှန်တော်တို့လို ကိုယ်လက်အင်္ဂါစုံစုံလင်လင်လေးနဲ့တော့ နေချင်မှာပေါ့လေ။လူ၇ယ် လို့ဖြစ်လာလျှင် ဘယ်သူမဆိုပြည့်စုံချင်သထက် ပြည့်စုံချင်ကြ တာဘဲလေ။ သူများထက်ရုပ် ဆိုလည်းပိုလှနေမှလေ ပိုက်ဆံကိုလည်း အများသူသုံးစွဲသလို သုံးစွဲချင်စိတ်လေးတွေကတော့ လူသားတိုင်းမှာ ၇ှိကြပါတယ်။ဒါပေမယ့် လူ၇ယ်လို့ဖြစ်လာလျှင် ပြည့်စုံတဲ့ဘဝရယ်လို့ မ၇ှိကြဘူးလေ ဒီလိုဘဲ တက်နိုင်သလောက်တော့ ကိုယ့်ကိုယ့်ကို ဖြည့်ဆည်း၇တာပဲလေ။လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့ စကားပုံတောင် ၇ှိကြသေးတာပဲ မဟုတ်လား?ဒီ movie ကိုကြည့်ပြီး “အော်ကမ္ဘာကြီးမှာ သူတို့လို လူသားတွေရှိပါသေးလားဆို တဲ့အတွေးလေး ဝင်မိတယ်။ကိုယ့်ထက် ဘဝချို့ယွင်းချက်၇ှိသေးတဲ့ လူတွေတောင်၇ှိသေးတာပဲလေ။ကိုယ်က သူတို့ထက်စာလျှင် အများကြီးသာလွှန်ကဲပါတယ်။ဘယ်လိုဖြစ်ဖြစ်ပေါ့ သူတို့လည်း တစ်ဘဝက ကုသိုလ်ကံက များပေမယ့် အကုသိုလ်ကံများတာနဲ့တူပါတယ်။ဒါကြောင့် ကိုယ်တို့လည်း ဒီဘဝ အကုသိုလ် ကံများလိုက်နေမိလျှင်လည်း လိုက်မိတဲ့အခါတွေ လည်းရှိမှာပေါ့။ဒါကြောင့် လူဘဝဆိုတာ ခနလေးပါ။အားလုံး ကဒီလမ်းသွားနေကြတဲ့အပေါင်းဖော်တွေပါ။နောက်ဘဝမှာသူတို့လို ဘဝမျိုး ဖြစ်လာနိုင်မယ်လို့ မပြောနိုင်ဘူးလေ။ဒါကြောင့် ကိုတို့တွေ ဘယ်လို လျှောက်လမ်း၇မလည်းဆိုတာ အေ၇းကြီးတယ်လေ။လူဘဝ ကတခနလေးပါ။

ထို့အတူ လူငယ်ဘဝဆိုတာလည်း တခနလေးပါ။ကျွှန်တော်တို့တောင်ခုဆို 22 နှစ်တောင်ေ၇ာက်လာပီလေ။ကလေးကနေ ဒီအသက်၇ွှယ်ကို တွက်ကြည့်လိုက်လျှင် မျက်စိတမှိတ်ပဲလေ ဘာကြာလို့လည်း။၇လာတဲ့ တစ်ခနလေးတွင်းမှာ ကောင်းတာလေးတွေ လုပ်မကြည့်ချင်ဘူးလားးးးး?ဒီနေ့ကို ဘယ်နေ့ဘယ်အချိန် ဘယ်နာနာရီ သေမလည်းဆိုတာကို မပြောနိုင်ဘူးလေ။ဘယ်အနာ ရောဂါနဲ့ သေမလည်း ဆိုတာလည်း မပြောနိုင်ပါဘူး။ကဲပါ လေရှည်သွားတယ် ကြည့်ဦး ခေါင်းနှစ်လုံးနဲ့လူလေ။အောက်မှာ ချို့ယွင်းချက်တွေနဲ့ လျှောက်လှမ်းနေကြတဲ့ လူသားတွေကို ကျွှန်တော် 4 shared ကနေ blogger post ပေါ်ဆွဲတင်ထားပေးပါတယ်။ကျွှန်တော်လည်း လေရှည်သွားပါတယ်။





အောက်မှာကြည့်ဦးဗျာ စဉ်းစားလို့တောင်မ၇ဘူး??????
ဒီမှာကြည့်ကြပါဦးဗျာဘယ်လောက်များရက်စက်သလဲလို့ဗျာ...

Wednesday, October 27, 2010

About my blog

ဒီ blog site ကို intro နည်းနည်းဝင်မယ်နော် ဒီလို လုပ်ထားရတဲ့အကြောင်းရင်းက လက်ရှိကိုယ်တိုင် လေ့လာခဲ့သမျှကို စာဖတ်သူများအား မျှဝေတဲ့သဘောလောက်ပါ။ပြီးတော့ ကိုယ်တိုင် computer အကြောင်း လေ့လာမိတိုင်း ဘလော့လ်ကို ပို့စ်တွေ အဖြစ်တင်ခဲ့တာ ခုဆို ပို့ပေါင်း ၄၃၀ ကျော်နေပါပြီ။တခြား ဆိုဒ်က ရေးထားသမျှ တင်တာက ပို့စ်တွေ ၁၅ ပို့စ်လောက်ရှိပါတယ် အဲ့အောက်မှာ ကျွှန်တော်က source /site link ကို ပြန်ညွှန်းဆိုထားပါသည်။ရေးထားသည့်အ ကြောင်းရင်းက ကွန်ပျူတာ နှင့်ပတ်သတ်သမျှ အခြေခံလေ့လာ သူများအတွက် ရေးထားသလို ရေးရင်းနဲ့ သိခဲ့ရတဲ့ အကျိုးကျေးဇူးက ကျွှန်တော့်အတွက် အများကြီးပါ။ကျွှန်တော့် ထက် သိတဲ့ တက်တဲ့ အစ်ကို အစ်မတွေ သူငယ်ချင်းတွေလည်း များစွာရှိပါတယ်။ပြောဆို ဆုံးမနိုင်သလို တကယ်လို့ မသိတာ ရှိခဲ့လျှင်လည်း ပြောပြပေးနိုင်ပါတယ်။ကျွှန်တော့်ရေးသမျှ ပို့စ်များကို မျှဝေနိုင်ပါတယ်။အရင်ဆုံး ဆိုဒ်က နိုင်ငံရေးဆိုဒ်မဟုတ်သလို ညစ်ညစ်တဲ့ ဆိုဒ်လည်း မဟုတ်သည့်အတွက် ဆဲဆိုခြင်းများအား မပြုလုပ်ပါရန် တောင်းပန်အပ်ပါသည်။အောက့်မှာ ဘလော့လ်နှင့်ဆိုင်ရာ များကို ဘယ်လို ဖတ်ရူရမလည်း ဆိုတာ ဘယ်လိုတွေ လုပ်လည်း ဆိုတာကို အကျဉ်းချူံးရေးတာကို ဆက်လက်ဖတ်ရူပါ။


ပြထားသော အပြာရောင်သည် menu tool bar ဖြစ်ပီး အကောင်းဆုံး ပို့စ်များကို စုဝေးတဲ့ tool bar တစ်ခု ဆိုလည်း ဖြစ်ပါတယ်Window Xp ဆို window xp အကြောင်းများရေးထားခြင်းဖြစ်သည်။
ပြထားသော အနီရောင်သည် သူငယ်ချင်းတို့ Subscribe မှာသာ email ထည့်ပေးပြီး join လုပ်မယ်ဆို ဘလော့လ်က ပို့စ်လ်တစ်ပုဒ် အသစ်တင်တိုင်း သူငယ်ချင်းတို့ မေးလ်ကို ပို့ပေးမည်ဖြစ်သည်။
ပြထားသော အဝါရောင်သည် ခင်မင်လိုသော သူငယ်ချင်းများက facebook မှာပေါ့ like ပေးထဲ့လျှင် face book မှာ group ဖွဲ့ထားသော သူငယ်ချင်းများ ထဲကို ဝင်သွားမည်ဖြစ်သည်။

All Posts များကတော့ ရေးခဲ့သမျှ ပို့စ်အားလုံးကို အသေးစိတ်ရှာဖွေနိုင်ပါသည်။Categories ဆိုတာက စုဖွဲ့ထားသမျှကို ရှာဖွေနိုင်ပါသည်(ဥပမာ G Talk ဆိုတဲ့ tag link ကို နှိပ်လျှင် g talk အကြောင်းအရာ များပဲ ဖတ်ရူလို့ရမည်ဖြစ်သည်)
Join this site ဆိုတဲ့ follow ကတော့ တကယ်လို့ သူငယ်ချင်းတို့မှာ blog တစ်ခုရှိမယ်ဆို ဘလော့လ်နဲ့ ချိတ်ဆက်နိုင်ပါတယ်။ဘလော့လ်မရှိပဲလည်း ချိတ်ဆက်နိုင်ပါတယ်။
Chat box ကတော့ သူငယ်ချင်းတို့ လိုတာရှိရင်ေ၇းထားနိုင်သလို ခင်မင်စွာ မိတ်ဆက် စကားပြောဆိုလည်း ရပါတယ်။ပျော်ရွှင်ပါစေဗျာ။



Comment ပေးတဲ့အပိုင်းပါ။ပို့စ်ကို နှစ်သက်မယ်ဆို သို့မဟုတ်လည်း ရေးထားသော ပို့စ်အောက်မှာ ဝေဖန်စရာ ပြုပြင်စရာ များ မှားစရာ အချက်များရှိလျှင် commnets ပေးနိုင်ပါတယ်။ အဝါရောင် ပြထားသောနေရာသည် တကယ်လို့ comment ပေးလိုသူက ကိုယ်ပိုင် site ရှိမယ် ဘလော့လ် ဆိုဒ်ရှိမယ်ဆို အဝါရောင် ပြထားသော နေရာကနေ ဝင်ပြီး googl account and password ကို ပေးပြီး comments ပေးနိုင်ပါတယ်
အနီရောင်ပြထားသော နေရာသည် စာဖတ်သူများက Name/Url ကို ရွှေးပေးပြီး comments များပေးနိုင်ပါတယ်။Name နေရာမှာ နာမည်ထည့်ပေးပြီး Url နေရာမှာ ဘယ်က နေရောက်လာတာလည်း(ဂျီတော့လ်အကောင့်ရှိရင်လည်း ထည့်ပေးနိုင်ပါတယ် Url မှာ လင့်တွေ လည်း ကြိုက်နှစ်သက်ရာ ထည့်ပေးနိုင်ပါတယ်)တကယ်လို့ Name ပဲပေးပြီး Url နေရာမှာ ဘာမှ မထည့်ပေးလည်း ရပါတယ်။Commnet ပေးဆိုသည့်အပိုင်းပါ။

တစ်ချို့ဆော့ဝဲလ်များ လင့်သေတာတို့ ဒေါင်းမရတာတို့ ၇ှိလျှင် ပြောခဲ့ပေးပါ အသစ်ပြန်တင်ပေးထားပါမည်။cbox သို့မဟုတ် comment မှာပေါ့

Friday, October 22, 2010

သီတင်းကျွှတ်လပြည့်


ဘဝတွေ ဘယ်လောက်ခက်ထန်ပါစေ ဒုက္ခလိုင်းတွေ ဘယ်လောက်တိုက်ခက်ပါစေ လောဘအပူတွေ ဘယ်လောက် လောင်ကျွှမ်းပါစေ ထိုအပူတွေနဲ့သားသမီးတွေကို စားဝတ်နေရေး မပျောက်အောင် စောင့်ရှောင့် ခဲ့တဲ့အဖေ။အသက်ပင်ရင်းပြီး ရင်ထဲနွယ်ပြီး မေတ္တာဖြင့် ဘဝလှမ်းကြောင်းဖြောင့်အောင် လမ်းပြပေးခဲ့သူ အမေ။မိဘသည် ဘယ်လိုပင်ဘာပင်ဖြစ်ဖြစ် မိဘဆိုတာ မိဘပါဘဲ။ဒီအရွှယ် ဒီပညာ ဒီပိုက်ဆံရအောင် ဒီအနေထား ခြေခိုင်အောင် ဘယ်သူလုပ်ပေးလည်းလို့ မေးလာလျှင် အဖေနှင့်အမေပါ။ဒီသီတင်းကျွှတ်လပြည့် မှာ မိဘနှစ်ဦး နှင့်အနန္တောအန္တာတငါးပါးအား ဦးထိပ်ထားပြီး ၇ှိခိုးကန်တော့လိုက်ပါသည်။
ဘုရားကဟောဖူးပါတယ်။မိဘကျေးဇူးဆိုတာ ဘယ်လောက်ဆပ်ဆပ်ကုန်တယ် ဟူပြီးမရှိပါ။ထို့အချက်နဲ့အတူ နည်းနည်းလေး ဆွေးနွေးပြမယ်နော်။ကျွှန်တော်တို့တွေ ဒီအလုပ်ဒီကိုင်နဲ့ ဒီအရွှယ် ထိရောက်အောင် ကျွှေးမွေး ခဲ့သူသည် မိဘနှစ်ပါးပင်ဖြစ်သည်။မိဘနှစ်ပါးသာ မပြုစုမစောင့်ရှောင့်ခဲ့လျှင် ဒီအရွှယ်ဒီထမင်းဒီဥစ္စာ ဒီပညာကို ရစရာ အကြောင်းကိုမရှိပေ။ထို့ကြောင့် မိဘကျေးဇူးသည် ပဦးဆုံးဆပ်သင့်သော ကျေးဇူးတစ်၇ပ်ပင် ဖြစ်သည်။ညအိပ်ခါနီးဆို တွေးလေ့တွေးထရှိသည့်အဖေ မနက်ဖြန်ငါ့သားသမီးတွေ ကျောင်းလခ ရှိသေးတာပဲ သူတို့ကို ရှင်ပြုပေးရမှာပဲ ဒီတော့ ငါတက်နိုင်သလောက် ငါရှိသရွှေ့ ငါ့သားမီး မငတ်စေရဖူးဆိုသည့် အတွေးသည် ဖခင်တိုင်းဧ။် စိတ်ထွင် ကိန်းအောင်းနေတက်သည်။မကိန်းအောင်းသည့် ဖခင်ဟူပြီးကမ္ဘာမှာမရှိပေ။

တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့ ဆိုရိုးစကားရှိခဲ့တယ်လေ။မိဘဆိုတာ ကျွှေးခဲ့သော ထမင်းသည် တစ်လုပ်မကပင် ရှိပါသည်။ရေတွက်လို့မရနိုင်ပါ။ထို့ကြောင့် မိဘသည်အချိန်တန် အိုကြသေကြဦးမည်။မိဘကျေးဇူးကို မသေခင် ဆပ်ပါ သေမှမငိုပါနဲ့ ဆိုတဲ့စကားသည်မှန်ပါသည်။ကျွှန်တော်တို့ အသက်အရွှယ်သည် နောင့်တွင် မိဘနေရာ ဝင်ဦးမည်ဖြစ်သည်။မိဘသည် အိုကြသည့်အခါ အမှီသဟဲဆိုလို့ သားသမီးအပေါ်တွင်သာ ရှိပါသည်။ထို့ကြောင့် ကျွှန်တော်တို့လည်း တစ်ချိန်အိုကြသည့်အခါ အမှီသဟဲဆိုလို့ ကျွှန်တော်တို့ သားသမီးသာရှိပါသည်။ထို့ကြောင့် မိဘကို တက်နိုင်သလောက် ကိုယ်အသက်ရှင်နေထိုင်သရွှေ့ကျွှေးမွေး စောင့်ရှောက်သင့်ပါသည်။လောကတွင် အကြီးမားဆုံး ကုသိုလ်တစ်ရပ်သည် မိဘကို ရဟန်းဝတ်ပေးသည့်ကုသိုလ်ပင်ဖြစ်သည်.တစ်နည်းဆိုရသော် ဓမ္မအမွေ ပေးခြင်းပင်ဖြစ်သည်။မိဘဆိုသည် အချိန်တန် သေကြရမည်ဖြစ်သည်။ထို့ကြောင့် မသေခင်ကျွှန်တော်တို့သည် တက်နိုင်သည့်အားနှင့် ကျွှေးမွေးစောင့်ေ၇ှာင့်သင့်ပါသည်။ခု ကျေးဇူးဆပ်လိုက်သော ကျေးဇူးသည် ငယ်စဉ်မွေး ဖွားကတည်းက ဒီအရွှယ်ရောက်အောင် မိဘစောင့်ရှောက် ခဲ့သည်ကျေးဇူးသည် သည်ထက်မက များပေသည်။ နိုင်းလို့မရပေ။နိုင်းလို့လည်းမရပါ။မိဘကျေးဇူး သိတက်သော သားသမီးသည် သေသည့်တိုင် ထမင်းမငတ်ပေ။ထို့အတူ နောင်ဘဝ သံသရာတွင်လည်း ကောင်းစားမည် ဖြစ်သည်။ထို့ကြောင့် ကျွှန်တော်တို့ အသက်ရှင်သေးသရွှေ့ ကိုယ့်မိဘအသက်ရှင်သေး သရွှေ့ တက်နိုင်သလောက် ကျေးဇူးဆပ်ကြပါ။ထို့အတူ တစ်ခြားအသက်ကြီးရွှယ်အိုများ လည်း ကျေးဇူးဆပ် နိုင်သော သားကောင်းသမီးများ ဖြစ်ကြပါစေ။ တခြားသက်ကြီးရွှယ် အိုသူမများသည်လည်း တစ်ချိန် တစ်ဘဝက ကိုယ့်မိဘတော်စပ်ဖူးပါသည်။လောကတွင် အမျိုးမတော်စပ်သူသည် မရှိပါ။ဗုဒ္ဓကဟောထားပါသည်။ထို့ကြောင့် အသက်ရှင်သေးသရွှေ့ ကိုယ့်ထက်ချို့တဲ့သော လူသားများနှင့် လောကတစ်ထောင့်တစ်နေရာတွင် လိုအပ် နေသော ဖြည့်စွက်ချက်များကို အကျိုးပြုနိုင်သော အမျိုးကောင်းသားသမီး များဖြစ်ထွန်းပါစေလို့ ကျွှန်တော်မှ ဆုတောင်းပေးလိုက်ပါသည်။အောင့်မှာ မိဘကျေးဇူး တရားလေး တင်ထားပေးပါသည်။ပျော်ရွှင်ပါစေ သူငယ်ချင်းများ posted by ပီးသား

Friday, October 15, 2010

22 year full birthday



ဒီနေ့က ကျွှန်တော့်ရဲ့ ၂၂ နှစ်ပြည့်တဲ့မွေးနေ့ပါ၊ထို့အတူ ဘလော့လ်ကလည်း တစ်နှစ်ပြည့် သက်တမ်းပေါ့။ ခုလိုမနက်စောစော စီးစီးမှာစာလာဖတ်သော ဘလော့လ်ဂါညီအစ်ကို မောင်နှမများနှင့် သူငယ်ချင်းများအားလုံး စိတ်ချမ်းသာခြင်း ကိုယ်ချင်းသာ ခြင်းနှင့်ပြည်စုံပြီးတော့ေ၇ှ့ဆက် တိုးတက်အောင်မြင်ပါစေ လို့ကျွှန်တော်ဆုတောင်းပေးလိုက်ပါတယ်။ထို့အတူ ကျွှန်တော့်ကို မွေးဖွားပေးခဲ့သော အဖေနှင့်အမေကို လည်းကျွှန်တော့်မွေးနေ့မှာ ကျန်းမာစွာရှိချင်စေသလို ကျန်သော ကိုယ့်ထက်အသက် ကြီးသော လူများအားလုံးကိုလည်း ကန်တော့လိုက်ပါတယ်။ကျွှန်တော်နာမည်ကို ပြောရရင်တော့ ပီးသားပေါ့ ဟီး။နေတာက ဘဘုန်းကြီးကျောင်းမှာ အမှီစွဲပြီးနေတာလေ
ဆက်သွယ်ရန်လိပ်စာကတော့ လမ်းမတော် ဘုန်းကြီးကျောင်းလို့သာ မှတ်ထားလိုက်နော် စနေတာ တကယ်လည်း နေတယ်မမှတ်နဲ့ဦး နာမည်ရင်းက အေးမင်းအောင်ပါ။လူမျိုးက မွန်ပါ။နေတာကတော့ ရန်ကုန် မြောက်ဒဂုံမှာနေတာဆိုပါတော့။ချစ်သူကတော့ ခုမှရှာတုန်း ဘယ်သူကကြိုက်မှာလည်း ကျွှန့်တော့်ကိုလေ ဒါကတော့ top secret လို့မှတ်ထားပေးနော်။ကျွှန်တော်ကတော့ မွေးနေ့ကိုရောက်တိုင်း ကောင်းမှုတစ်ခုလောက်တော့ ကျန်အောင်လုပ်တယ်။လူဘဝဆိုတာ တစ်ခနပါ။ရလာတဲ့ လူ့ဘဝတိုတိုလေးမှာ ကောင်းတာတွေနဲ့ပဲ ဘဝကိုပြီးပြည့်စုံသွားခြင်ပါတယ်။ခုလက်တစ်လော ကျွှန်တော်တို့တွေ တွေ့ကြဆုံကြဆို တာတစ်ခနတာတွင်းလေးပါ။လူဆိုသာက အားလုံးက ဒုက္ခသည်တွေ ချည်းပါဘဲ ဆရာတော်ဦးဇဝန ပြောသလိုပါဘဲ လူဆိုတာလည်း ထမင်းစားပြီးသေနေ့ကိုစောင့်နေရတယ် ရဟန်းလည်းဒီလိုဘဲ ဆွမ်းစားပြီး စောင့်နေရတယ် တခြားသောတိရစ္ဆာန်ဘုံသတ္တဝါများလည်း အလားတူပါဘဲ။ကျွှန်တော်ပြောချင်တာက ညီအစ်ကိုမောင်နှမများအားလုံး လူဘဝတွေ့ကြဆုံကြ တစ်ခနလေးအတွင်းမှာ ကျန်သော အစ်ကိုမောင်နှမ များနှင့်တခြားသော မိတ်ဆွေများကိုလည်း ကောင်းတာတွေဘဝမှာ ဖြစ်သွားစေချင်တာပါ။

နည်းနည်းလောက် ပြေပြမယ်နော်။ဆရာကြီးလုပ်တယ်လို့သော စိတ်ထဲမမှတ်ထားပါနဲ့နော် လူဆိုတာ လက်ကျန် ဘဝကိုကျွှန်တော်တို့တို့ ဖြတ်သန်းကြတယ်လေ တစ်ချိန်အိုကြဦးမယ် သေကြဦးမယ် ဒါတွေက ဖြစ်လာမှာပါ။ပိုက်ဆံဆိုတာက သေရင်ပါမှာမဟုတ်ပါဘူး ထို့အတူကျွှန်တော်တို့ လက်၇ှိ ကိုယ်ပိုင်ပစ္စည်းမပြောနဲ့ ကျွှန်တော်တို့ ခန္တာတောင် သေရင်မပါပါဘူး။ထို့အတူပါရင် ကျွှန်တော်တို့ နဲ့အတူ ပါလာမှာက ကောင်းမှုတစ်ခုတည်းပါ။ဘယ်လိုပြောပြော အားလုံးဒီဘဝဒီတစ်ခနမှာ တွေ့ကြတဲ့လူတွေဆိုတာကလည်း အားလုံးက ညီအစ်ကိုမောင်နှမတွေချည်းပါဘဲ။ဒီထမင်းစား ဒီလမ်းသွားဆိုတာကြီးပါ။လက်ကျန်ဘဝကို ပျော်အောင်နေကြပြီး ကောင်းသော လောကကို အကျိုးပြုနိုင်သော လူများဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။လက်တလော ကျွှန်တော်ကပေးစရာတော့ ဘာမှတော့မ၇ှိဘူး။ကျွှန်တော့် ဘလော့လ်ကို လာလည်တဲ့သူငယ်ချင်းများအားလုံးနဲ့ မိတ်ဆွေအားလုံး ညီအစ်ကိုမောင်နှမအားလုံးကို ဓမ္မလက်ဆောင်တစ်ခုပေးပါရစေ။ဒါက ဆရာတော် အရှင်ဦးဇဝနဟောကြားတဲ့ လူဖြစ်ရခြင်းရည်၇ွှယ်ချက်ဆို တာလေးပါ။ကျွှန်တော် ညအိပ်တိုင်း အနည်းဆုံး တစ်ပါတ်ကို အဲ့တရားကို သုံးခါလောက် ဖွင့်ဖြစ်ပါတယ်။အသိတရားလေးဝင်ဖို့ နာတာပါ။လေရှည်သွားတဲ့ ကျွှန်တော့် စကားပြောတာကို စိတ်၇ှည်အောင် နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ပျော်ရွှင်ပါစေ။အပေါ်ကမွေးနေ့ကိတ်ပုံကြီးကတော့ ကိုယ်တိုင်ဆွဲ ကိတ်လေးပေါ့။ဗိုက်ဆာတက်ရင် ဖဲ့စားနော် မွေးနေ့လက်ဆောင်ပေးစရာမလိုဘူး။အဲ့ ကိတ်ကြီးက မကုန်ဘူးစိတ်ချ ကြိုက်သလောက်စား ဟီး။