Saturday, August 7, 2010

Building a PC (Part - 1)

ကျွှန်တော် Forum တစ်ခုကို စာမှုပေးပို့ဖို့ရေးထားတာပါ။ခေါင်းစဉ်က Building a PC ပါ။လေ့လာနိုင်ပါတယ်သူငယ်ချင်းများ။

Forum ပေးမပို့ခင် ကျွှန်တော့်ဘလော့လ်ကိုအရင်တင်လိုက်တာပါ။Part1/Part2ဆိုပြီးနှစ်ပိုင်းခွဲရေး တာပါ။ကွန်ပျူတာတပ်ဆင်နည်းကိုတော့ Part2 မှာကျွှန်တော်ရေးမှာပါ။အောက်မှာ pdf upload sharing လုပ်ထားပေးပါတယ်။လေ့လာကြည့်ပေါ့

ကွန်ပျူတာတစ်လုံးစတင် တပ်တော့မယ်ဆိုရင် ဘာတွေသိရမှာလဲ? ဘယ်လိုဆင်ရမှာလဲ? ကဲအရင်ဆုံး ကျွှန်တော်သိသလောက်ပြောပြမယ်။ကွန်ပျူတာမှာ Hardware ပိုင်း Software ပိုင်းနှစ်မျိုးရှိတယ်။Hardware ပိုင်းကဘာကိုလဲ ပြောရရင်တော့ Processor or Central Processing Unit/Motherboard/Memory/ Hard Disk/Floppy Drive/ Video Graphic Card/Keyboard/Mouse & Pad/Casing/Monitor အစရှိသမျှ လက်နဲ့ကိုင်တွယ် ထိတွေ့လို့သမျှအားလုံးကို Hardware ပိုင်းလို့ခေါ်ဆိုတာပါ။Software ပိုင်းမှာ နှစ်ပိုင်းရှိတယ်။Application software နဲ့ system software ပါ။ကဲApplication software ပိုင်းဆိုတာက ကျွှန်တော်တို့ ကွန်ပျူတာတစ်လုံးကို Window (operating system)သုံးနေတယ်ဆိုတော့ ကိုယ် internet ကနေ software တစ်ခုဒေါင်းလိုက်တယ်။အဲ့ down လိုက်သော software ကို run လိုက်တယ်ပေါ့ဗျာ။အဲ့လို software ကို application software လို့ခေါ်တယ်။ကဲ system software ဆိုတာ ပြောပြမယ်။အခု ကွန်ပျူတာ ကိုစဖွင့်တယ်ပေါ့ဗျာ။ကွန်ပျူတာ စစဖွင့်ချင်း post လုပ်ငန်းစတင်လုပ်ပါတယ်။Post လုပ်ငန်းဆိုတာဘာလဲ လို့မေးလာလျှင်တော့ ကွန်ပျူတာစဖွင့်ဖွင့်ချင်း post လုပ်ဆောင်မှုက”ကဲ hardware ပိုင်းပစ္စည်းအားလုံးရေ မင်းတို့ အဆင်သင့်ဖြစ်ပီလား အားလုံးအဆင်သင့်ဖြစ်ရင် ငါ့ကိုတစ်ချက်တဆင့်သတင်းပို့ပါ”အဲ့လိုပါ။အဲ့လို post ပိုင်းပြီး မှ del key ကီးနှိပ်ပြီးမှ bios system ပိုင်းကိုဝင်လို့ရတာပေါ့ဗျာ။ပြီးတော့ window တက်ခြင်သူတွေ ကတော့ boot လုပ်ဆောင်မှုကို တဆင့်ခြင်းလုပ်ဆောင်ပြီးမှာ window တက်တာပါ။System software ဆိုတာ ကျွှန်တော်တို့ window မတက်ခင် del key နဲ့ bios setting ကိုခေါ်တယ်ပေါ့။အဲ့ bios setting ပိုင်းမှာရှိတဲ့ ပိုင်းကို system software များလို့ခေါ်ဆိုတာပါ။A++ မှာဖတ်ဖူးတာပါ။ကဲ့ hardware ပိုင်းနဲ့ ရင်းနှီးသွားအောင် အောက်မှာ တဆင့်ခြင်းသိသလောက်ပြောပြပေးမယ်။

ကွန်ပျူတာတစ်လုံး (Hardware) ပိုင်းတွင်အခြေခံအားဖြင့် အောက်ပါ hardware devices များပါဝင်ပါသည်။

(1) Processor or Central Processing Unit (CPU)
(2) Motherboard
(3) Memory
(4) Hard Disk
(5) Floppy Drive
(6) Video Graphic Card
(7) Keyboard
(8) Mouse & Pad
(9) Casing
(10) Monitor

(1) Processor or Central Processing Unit (CPU)




ကွန်ပျူတာတစ်လုံးရဲ့ အရေးကြီးဆုံးအပိုင်းလို့ခေါ်ဆိုလို့ရသလို ကျွှန်တော်တို့ window သုံးစွဲနေတဲ့အခါ စက် တစ်လုံးကို ရေရှည်အနှေးအမြန် သုံးစွဲအားကိုကြည့်မယ်ဆိုရင် cpu လို့ခေါ်တဲ့ central processing unit ကအရေးကြီးတယ်ဆိုမှားမယ်လို့မထင်ပါဘူး။Cpu ကိုဘာနဲ့ယူနစ်ကိုတိုင်းတာ ရသလဲလို့မေးလာလျှင်တော့ Hertz(Hz) နဲ့တိုင်းတာပါတယ်။ဒီနောက်ပိုင်း cpu(processor) များဟာ Mhz,Ghz များနဲ့သာတိုင်းတာပါတယ်။ ခုနောက်ပိုင်း cpu များဟာ Ghz နဲ့ပဲလာတော့တာပါ။Ghz ဆိုတာ ကွန်ပျူတာတစ်လုံးရဲ့ processor speed ပါ။Speed မှာမှ နှစ်မျိုးရှိပါတယ်။Internal speed နဲ့ External speed ပါ။ဥပမာ ပြောရရင်တော့ Pentium 4 3.2E GHz မှယ 3.2E GHz ဆိုတာ internal speed ပါ။ကဲ external speed ဆိုတာဘာလဲဆိုလျှင်တော့ Processor များတွင် L2 Cache (UltraFast)Memory အားထည့်သွင်းထားသည်။လုပ်ဆောင်မှုက memory က informations အား processor သို့ပို့ဆောင်ပေးမှုတွင် processor လုပ်ဆောင်မှုမြန်သဖြင့် စောင့်စားမှုမရှိ အောင် ကြားခဲ့ သိုလောင်မှုတစ်ခုအဖြစ် အလုပ်လုပ်ပေးပါသည်။Processor မှ L2 Cache ကြားခံသိုလောင်မှု တစ်ခုမှ informations များယူဆောင်ပြီး တွက်ချင်မှုလုပ်ပါက processor နှင့် memory(ram)ကြား ကွာဟမှု ကျဉ်းမြောင်းသွားစေတာတော့ အမှန်ပါ။အဲ့ L2 Cache လုပ်ဆောင်မှု speed ပါ။အောက်ကိုကြည့်ပါ။FSB ဆိုတာက external speed ကိုခေါ်ဆိုခြင်းပါ။တနည်းအားဖြင့်ပေါ့။ L2 Cache ကအဲ့ကြားခံသိုလောင်မှု အကျယ်အဝန်းကိုခေါ်ဆိုတာပါ။Unit ကိုကြည့်ဦး KB နော်။ရောနေမှာစိုးလို့။ကဲဒီလောက်ဆိုရင်ဘဲတော်တော် လေးတီးခေါက်မိနေပြီ processor အကြောင်းကို

Intel Pentium 4 CPUs
Internal Speed Range : 1.3 GHz
FSB : 400 MHz,
L2 Cache : 256 KB ,

(2)Motherboard



ကဲ Motherboard ဆိုတာကွန်ပျူတာတစ်လုံးရဲ့ အဓိကအစိတ်ပိုင်းဖြစ်သလို ကွန်ပျူတာ casing တစ်ခုရဲ့ဖင် အထိုင်လည်းဖြစ်တယ်။ဘာတွေတပ်ဆင်ရမလဲဆိုရင်တော့ Processor/CPU/Memory/Graphic Card/Sound Card, Hard Disk / CD-Rom(သို့)Dvd -Room / Floopy Drive / Network Card/Modem,etc…အစရှိ သဖြင့်ပေါ့။Graphic card များထပ်စိုက်စရာမလိုဘဲ onboard graphic ပါလာသော board များမှာ ဈေးသက် သာပါသည်။ကျွှန်တော်လက်ရှိသုံးနေတာ onboard graphic foxcoon အမျိုးအစား board ပါ။Game သမား များနှင့် video ကြည်လင်ပြတ်သားစွာ ကြည့်ချင်သူများအတွက်ကတော့ တပ်ဆင်သူကြိုက်နှစ်သက်မှု ကြိုက်ရာ memory ပါသော graphic card များတပ်ဆင်နိုင်ပါသည်။တိုင်းတာတဲ့ Unit ကတော့ Gigabyte,Migabyte,ပါ ဘဲ။Onboard သမားများကတော့ ram မှ board မှာပါသော graphic speed ကိုမျှဝေသုံးစွဲသဖြင့် graphic speed လျှော့ကြသွားစေတာတော့ အမှန်ပါ။ကျွှန်တော့်စက်ဆို နဂိုပါတာက 128MB ပါ။Window ရဲ့ adapter ပိုင်းမှာကြည့်တာတော့ 96MB ထိထိုးကျသွားပါတယ်။Motherboard မှာ data signals များဟာ track လမ်းကြောင်းများအတိုင်း အလုပ်လုပ်ပါတယ်။တစ်ချို့ board များမှာကတော့ track လမ်းကြောင်းများကို အုပ်ထားပါတယ်။တော်တော်များများ board များမှာပါဝင်ပါတယ်။အောက်ပုံကိုကြည့်ပါ။ကျွှန်တော်အနီပြ ထားပါတယ်။




(3)Memory




Ram ဆိုတာဘာကိုခေါ်တာလဲ ဆိုရင် ကွန်ပျူတာတစ်လုံးရဲ့ ယာယီသိုလှောင်လုပ်ဆောင်မှုပါ။ဥပမာ ကွန်ပျူ တာတစ်လုံး window သုံးနေတယ်ဆိုပါတော့ files များကိုဖွင့်မယ့်ပိတ်မယ်ပေါ့ဗျာ။အဲလိုလုပ်ဆောင်မှုက ဘယ်ကလုပ် ဆောင်တာလဲဆိုရင် ကွန်ပျူတာ ram ကလုပ်တာပါ။Microsoftword နဲ့စာရိုက်နေတယ်ဆိုပါတော့ မီးကလည်း ပျက်သွားတယ်။အဲ့အခါ ကိုယ့်ကွန်ပျူတာ microsoftword ကို save မလုပ်ထားလျှင် window ပြန်တက်လာ လျှင် နဂို default အနေထားကနေ စာပြန်ရိုက်ရပါတယ်။Save လိုက်တယ်ဆိုတာကလည်း hardisk ထဲမှာပေါ့။ အဲလိုဆိုတော့ သူ့ကို ယာယီခန memory (Random Access Memory)လို့ခေါ်ပါတယ်။နောက်တစ်ခုက ဘာလို့ ramdom access memory လို့ခေါ်တာလဲဆိုရင် သူ့ memory တစ်ချောင်းမှာ အခန်းများစွာပါပါတယ်။ ဥပမာပြောရရင်တော့ အခန်း 1ကနေ20 ထိရှိတယ်ဆိုပါတော့။Data/information တွေကို အခန်း1လုပ်ပြီး အခန်း2 မှာဆက်လုပ်ရမှာမဟုတ်ပါဘူး။အခန်း1 ကနေ အခန်း 20 ကိုလည်းကျော်လုပ်လိုက်လို့ရပါတယ်။အဲ့ဒါ ကြောင့် Ramdom Access Memory လို့ခေါ်တာပါ။A++ မှာဖတ်ဖူးတာပါ။သူ့တိုင်းတာတဲ့ Unit က GB နဲ့ Mhz ပါ။လူတော်တော်များများသိတာက GB လို့ပဲသိတာများပါတယ်။ဥပမာ 1GB ဆိုတာက အဲ့ ram ချောင်းရဲ့ data /information သိမ်းဆည်းမှုလုပ်ဆောင်မှု အကျယ်အဝန်းပါ။သူရဲ့ လုပ်ဆောင်မှုမြန်နှုန်းက 400Mhz ပါ။(ram တစ်ချောင်းနဲ့ တစ်ချောင်းမတူပါဘူး)ကဲ ရှင်းသွားအောင်အောက်ကပုံကိုကြည့်ပါ။





Ram chip များဆိုတာ အဲ့ ram ချောင်းရဲ့ data/information များယာယီသိမ်းဆည်းလုပ်ဆောင်ပေး တာ အဲ့ထဲမှာပါ။Ram sticks ဆိုတာ အဲ့ ram ချောင်းရဲ့လုပ်ဆောင်ပေးမှု ပိုင်းပါ။ကွန်ပျူတာ ram ချောင်းကို သုတ်မယ်ဆိုရင် ram sticks များကိုသုတ်ပေးရပါတယ်။

(4)Hard Disk






Hardisk သည် primary storage area ဖြစ်သည်။Ram လိုမဟုတ်ပါဘူး save ထားမယ်ဆိုရင် မီးပျက်သွားလည်း ပျောက်ဆုံးခြင်းမရှိပါဘူး။Save ထားသမျှ files များပေါ့။Hardisk ကို byte နဲ့တိုင်းတာပါတယ်။MB/GB/ပေါ့။ဒီခတ်ကြီးမှာ GB လောက်ဘဲလာတော့တာပါ။2000 GB Hardisk တောင်ရှိ တယ်လို့ကြားဖူးတယ်။မသုံးဖူးသေးပါဘူး။ရှင်းသွားအောင်အောက်ကိုဖတ်ကြည့်ပါ။

40GB(Maxtor)7200rpm,IDE
40GB(Seagate)7200rpm,IDE
40GB(Samsung)7200rpm,IDE
80GB(Maxtor/Hitachi)7200rpm,IDE
80GB(Seagate)7200rpm,IDE
80GB(Seagate)7200rpm,SATA
120GB(Seagate)7200rpm,IDE
120GB(Seagate)7200rpm,SATA


(Maxtor, Seagate, Samsung) မှာ သက်ဆိုင်ရာ Hard Disk ထုတ် (Company) များဖြစ်သည်။(7200 rpm) မှာ(HardDisk)လည်ပတ်နူန်းဖြစ်သည်။IDE(Integrated Device Electronics ) နှင့် SATA(Serial ATA) သည်(Hard Disk)အမျိုးအစားဖြစ်ပါသည်။(SATA- Hard Disk) သည် (IDE - Hard Disk) ထက် ပိုမိုလျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်ပါသည်။(Company) လိုက်ဈေးနူန်းကွာခြားနိုင်ပါသည်။လူကြိုက်များဆုံးမှာ ((SATA- Hard Disk)) ဖြစ်ပါသည်။အရင်တုန်းကတော့ (SCSI - Hard Disk) သုံးကြပါသည်။

Hardisk တစ်လုံးကိုတပ်ဆင်တော့မယ်ဆိုရင် hardisk ကို Master/Slave jumper ချိုးတက်ရပါတယ်။ပို့အ ဟောင်းမှာရေးဖူးပါတယ်။ဒီပို့စ်ပီးနောင်တစ်ခုမှာ ရေးပေးမှာပါ။Hardisk ကိုကြည့်မယ်ဆို အမျိုးအစားက (3)မျိုးပဲရှိတာပါ။SCSI/IDE/SATA ပါ။Company နာမည်များနဲ့ရောမထွေးစေဖို့ပါဘဲ။SCSI ဆိုတာ တော်တော် လေးကို ခတ်နောက်ကျနေပါပြီ။IDE တောင်ခတ်နောက်ကျနေပါပီ။ခုလက်ရှိလူတော်တော်များများ သုံးတာ SATA အမျိုးအစား hardisk များပါ။သူက data cable တက်ဆင်မှုပိုင်းမှာ လုံးဝ master (or) slave ချိုးစရာမလိုပါ။ပြီးတော့ SCSI/IDE/ ထို့ထက်မြန်ပါတယ်။

(5)Floppy Drive





Floopy Drive ကိုဒီခတ်အနေထားဆိုရင် မသုံးစွဲလောက်တော့ပါဘူး။ဟိုးရင်တုန်းက hardisk မပေါ်ခင်ကရယ် hardisk က GB နည်းတာရယ် အဲ့လိုခတ်အနေထားလောက်မှာပဲသုံးစွဲတာပါ။Floopy drive တွင် 3.5” ရှိ floppy disk ပြားကိုထည့်သွင်းထားပါတယ်။Data and information များကိုကူးယူနိုင်ပါတယ်။တပ်ဆင်မှုပိုင်း ကတော့ motherboard ရဲ့ motherboard floppyconnector မှာတပ်ဆင်ရမှာပါ။တော်တော်များများ board မှာ အမည်းနဲ့လာပါတယ်။Floopy cable နဲ့ပဲတပ်ဆင်ပေးပြီး master(or)slave လုံးဝမလိုပါ။ဖင်တပ်တပ် ခေါင်းတပ်တပ်ရပါသည်။
(6)Video Graphic Card




ယနေ့သုံးနေကြတဲ့ Graphic Card တော်တော်များများ အမျိုးအစားဟာ AGP Garaphic Card များပါ။ PCI slot များနဲ့လာတာပါ။ISA slots များဆိုတာ ကျန်ခဲ့ပီ။တစ်ချို့ board တွေမှာရှိရင်လည်းရှိမှာပေါ့။ဘာတွက်သုံးသ လဲဆိုရင် screen resolution ကောင်းအောင်ရယ် ကြည့်ရတာကြည်လင်ပြတ်သားမှုရှိအောင်ရယ် ဂိမ်းသမား တွေကတော့ ဂိမ်းဆော့ရတာငြိမ်တာပေါ့။Resolution များတော့ screen ကတုန်မနေဘူးပေါ့။အရင်တုန်းက PCI slot နဲ့ VGA Card အမျိုးစားများလည်းလာဖူးပါသည်။တိုင်းတာမှု Unit ကတော့ MB/GB ပါဘဲ။ထုတ်လုပ်မှု company ကတော့အမျိုးစားလိုက်ရှိပါတယ်။တပ်ဆင်မှုပိုင်းကတော့ motherboard ရဲ့ PCI slots များထဲမှ AGP slot များမှာတပ်ပေးပါ။Photoshop တို့ coreldrew သုံးချင်တဲ့ users သမားများကတော့ 512GB လောက် အနည်းဆုံးတပ်ဆင်ပေးပေါ့။
(7) Keyboard




Keyboard သည်ကွန်ပျူတာသို့ data and information ထည့်သွင်းရာမှာသုံးပါသည်။Input device တစ်ခုပေါ့။ ထုတ်လုပ်တဲ့ company ကတော့ အစားစားပေါ့။PS/2 Keyboard ဆိုရင်ကြိုးက ခရမ်းရောင်ပါ။ကြာတော့ ကြာပါပီ။တပ်ဆင်မှုပိုင်းတော့ casing ရဲ့ ခရမ်းရောင်ပေါက်မှာတပ်ပေးပေါ့။နောက်ပိုင်း ကြိုးမဲ့ keyboard များ တောင်ထွက်နေပါပြီ။Battery အားသွားပြီးသုံးရတာပါ။

(8) Mouse & Pad




Mouse လည်း keyboard လိုပါဘဲ data/information ထည့်သွင်းတဲ့ input device တစ်ခုပဲ။Serial Mouse,PS2 Mouse,Optical Mouse,USB Mouse,Wrieless Mouse အမျိုးမျိုးရှိပါသည်။ခုသုံးနေကြတာ များစုက USB Mouse များပါ။Weel မသုံးပဲ Sensor နဲ့သုံးတဲ့ Optial Mouse များလည်းလူကြိုက်များပါသည်။ Serial Mouse များကြတော့ နှေးကွေးပြီး အသုံးဝင်မှုနည်းပါးသည်။တပ်ဆင်မှုပိုင်းကတော့ ကြိုက်တဲ့ mouse ကြိုး အလိုက်ကိုကြည့်ပြီးတပ်ဆင်ပေးရပါမည်။

(9)Casing




Casing တစ်လုံးတပ်ဆင်တော့မယ်ဆိုရင် အတူတွဲပါလာသော power supply ကိုပါမေးမြန်းသင့်သည်။ကိုယ် တပ်ဆင်မယ့် power supply က 350W(OR)400W(OR)450W လား?400W လောက်ဆိုလုံလောက်ပါတယ်။ ပြီးတော့ Casing ပိုင်းနဲ့ပြောရင် နှစ်မျိုးရှိပါတယ်။Desktop ရယ် tower ရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်။Desktop ဆိုတာ ရှင်းအောင်ပြောရင် Casing အပုစားပါ။ခပ်နိမ့်နိမ့်ပေါ့။Tower ဆိုတာက Normal casing လောက်ဆို tower လို့ခေါ်ဆိုပါတယ်။Desktop က သူ့ system ပုံးမှာ hardrive ထည့်ပေးမှုအကျယ်ဝန်းက ကျဉ်းမြောင်းတော hardware ပိုင်းများများတပ်ဆင်သမားတွေ အတွက်တော့ အဆင်ပြေမှာမဟုတ်ပါ။Tower ကြတော့ Hardware တပ်ဆင်မှုများများတပ်ဆင်သူတွေ အတွက်အဆင်ပြေမှာပါ။

(10) Monitor





Monitor က output device ပစ္စည်းဖြစ်တယ်ဆိုတာသိပြီးသားလောက်ပါ။15", 17", 19", 21" CRT(Cathode Ray Tube)သုံးဆိုတာက tube ကိုခေါ်ဆိုတာပါ။သူ့ company လိုက်အမျိုးအစားကွဲလွဲပါတယ်။Philips, Samsung company ထုတ် monitor မှာလူကြိုက်များပါတယ်။LCD (Liquid Crystal Display) Monitor ဆိုတာ flack တို့ laptop monitor များပါ။Hard Copy လုပ်လိုလျှင် printer မှလုပ်လို့ရပါတယ်။ကြိုက်နှစ်သက် တဲ့အမျိုးစားကို ရွှေးပြီးတပ်ဆင်လို့ရပါတယ်။
ကျေးဇူးတင်ပါတယ်
ဒီပို့စ်ကို PDF FILE လိုချင်ရင်

1 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

Anonymous,  August 11, 2010 at 3:38 AM  

ကောင်းပါတယ်သူငယ်ချင်း
မင်းကfloppy drive လိုသုံးထားတာများတယ်နော်
အခုနောက်ပိုင်းက DVD drive တွေအသုံးများလာတော့DVD drive အကြောင်းကိုရေးတာပိုမကောင်းဘူးလား
ပိုမကောင်းဘူးလား အကြံပေးတာပါ ငါမင်းရဲ့သူငယ်ချင်းပါ
ကျေးဇူးတင်ပါတယ်