Friday, August 13, 2010

PDF ebook

ရေးချင်တာတော့ အများကြီးပါ။စာမေးပွဲကလည်း တစ်ဖက်ဆိုတော့ ကိုယ်ကလည်း အားတဲ့အချိန်လေးမျှပြီးရေး ရတာပါ။အရင်က gmail ကနေ သူငယ်ချင်းတစ်ယောက်မေးဖူးပါတယ်။နာမည်တော့ မပြောတော့ဘူး။Pdf file လုပ်ချင်လို့တဲ့။ပြီးတော့ microsoftword သုံးနည်းကိုသိလားလို့မေးတော့ မသိလို့ပါတဲ့။တစ်ခါတည်း အားလုံးလည်းသိအောင်ရေးပြပေးမယ်။သိပြီးသားသူများလည်း knowledge လေးတစ်ခုရအောင် မှတ်သားပေးပေါ့။Pdf file တစ်ဖိုလ်လုပ်ဖို့ဆိုရင် text ပိုင်းချည်းသက်သက်ဆိုရင်တော့ notepad ကနေထုတ်လို့ရပါတယ်။ပုံတွေနဲ့ စာတွေနဲ့ကျတော့ အဲ့လိုမရတော့ပြန်ဘူး။Microsoft word ကနေ တဆင့်ခံထုတ်ပေးရတယ်လေ။

Micorosoftword သုံးတက်သူများကတော့ တစ်မျိုးပေါ့ လွယ်ကူပါတယ်။မသုံးတက်ကြသူများတော့ ခက်ပြန်ရော။ကဲအရင်ဆုံး microsoftword သုံးနည်းကိုလွယ်ကူအောင်တော့ ကျွှန်တော်အနည်းငယ် ပြပေးလိုက်မယ်။2010 နဲ့ပဲ ပြပေးလိုက်မယ်။ပြီးတော့တစ်ခုပြောစရာရှိသေးတယ် တစ်ချို့ပို့စ်တွေကို pdf sharing မလုပ်ထားပါဘူး။Print ထုတ်ဖို့ကလည်း မအားသေးလို့နားလည်ပေးစေလိုပါတယ်။ပြီးတော့ ကျွှန်တော့်ဘလော့က လင့်ပျက်တာတို့ down မရတာတို့ရှိခဲ့လျှင် c box မှာအော်ခဲ့ပေးပါ။မဟုတ်ရင် comment box မှာပေါ့။ကျွှန်တော်လည်း စာမေးပွဲအမြန်ပြီးချင်ပါတယ်။ကဲလေရှည်သွားပြီ



အရင်ဆုံး micorosoftword မှာစာကိုညှိတဲ့ပိုင်းကိုအရင်ပြောမယ်။မြန်မာလိုပေါ်ဖို့ကတော့ zawgyi-One font ကတော့လိုမှာ သိပြီးသားလောက်မှာပါ။ကိုယ်လိုချင်သောစာကိုချရေးပေါ့ ပြီးရင် mouse point ထောက်ပြီး drag ဆွဲပြီး ညီချင်သောအပိုင်းကို Menu bar မှာရှိတဲ့ Home tab ရဲ့ justify နဲ့လိုက်ညှိပေးပေါ့။အောက်က စာပိုဒ်သည် Aling Text left စာသားကို left ဘက်မှာနေရာယူပြီး ညှိတာပါ။အဲ့လောက်ဆို သဘောပေါက်မယ် ထင်ပါတယ်။




နောက်တဆင့်က ပုံထည့်တာကိုပြောပြမယ် Insert ကနေ Picture tab ကနေဆွဲယူပြီးကြိုက်ရာပုံကို ထည့်ပေးပေါ့။





ကဲစာသား text အရောင်တွေရောထည့်တာပါပြောပြလိုက်မယ်။အရင်ဆုံး ကိုယ်ပြောင်းချင်တဲ့ text paragraph ကို mouse နဲ့ select ဆွဲပေါ့။ပြီးလျှင်တော့ Font Color မှာကိုယ်ကြိုက်တဲ့အရောင်ရွှေးထည့်ပေါ့။Red color ထည့်ပြလိုက်တယ်။ကဲ text color တော့ပြောင်ပြီး နောက်ခံ text ကို color background ထည့်ရအောင်။






အရင်လိုပဲ select ဆွဲပေါ့ Text Highlight Color မှာနှစ်သက်ရာ color ရွှေးချယ်ထည့်ပေါ့။ကဲ pdf file တစ်ဖိုင်လ်လုပ်မယ်ဆိုရင် လိုအပ်လောက်တဲ့ အချက်လောက်ပဲ ပြောလိုက်တော့မယ်။နောက်တစ်ခု ထည့်ပြပေးမယ်။Word Art လို့ခေါ်တယ်။ဒီပိုင်းက text တွေကို design တစ်မျိုးနဲ့ ဖန်တီးတယ်လို့မှတ်ထား လိုက်ပေါ့။





Insert ကနေ WordART ဘေးက Drag arrow ကိုအောက်သို့ဆွဲချပြီး ကြိုက်တဲ့ design ရွှေးမယ်ပေါ့။Fill-Blue,Accent 1,Metal Bevel,Reflection ဒီဇိုင်းတစ်မျိုးကို ရွှေးပြလိုက်တယ်။အောက်ကလိုပေါ့




မြန်မာလိုရိုက် design ထွင်ချင်ရင်တော့ r – click ပေးပြီး Font(Ctrl+Shift+F)မှာ Zawgyi-One font ကိုရွှေးပေးပေါ့/ပြီးရင်တော့ရိုက်ချင်တာရိုက်ပေတော့။စာလုံးတွေကိုစောင်းရိုက်ချင်ရင်တော့ select ဆွဲပြီး Italic ပေးပေါ့။ပိုထင်ရှားချင်ရင်တော့ Bold တင်ပေးပေါ့။ကဲလိုအပ်လောက်တဲ အဆင့်လောက်ပဲပြောပြလိုက်တော့မယ်။

နောက်တစ်ခုက Watermark သုံးနည်းပဲ။ဒီပိုင်းက background ပိုင်းမှာ text ထည့်တာပေါ့



Page Layout ကနေ Watermark ဘေးက drag arroow ကိုဆွဲချပြီး ကိုယ်နှစ်သက်တဲ့ text design ကိုထည့်မယ်ဖြစ်တဲ့အတွက် Custom Watermark ကိုရွှေးပေးပါ။Printed Watermark desing ကိုထုတ်ပေးမှာ ဖြစ်တဲ့အတွက် ကိုယ်က Text ပိုင်းနဲ့ထုတ်ပေးမှာဖြစ်လို့ text ပိုင်းကိုအင်္ဂလိပ်လိုပေါ်ချင်ရင်တော့ ရိုးရိုးလေးပေါ့။ Text မှာသာကြိုက်တဲ့စာသားကိုရိုက်ထည့်ပြီး Apply/OK ပေးလိုက်ရင် ရပါတယ်။မြန်မာလိုသမားကြပြန်တော့ Font: မှာ Zawgyi-One ကိုရွှေးပေးပေါ့။Color ကြတော့ နှစ်သက်တဲ့ color ရွှေးပေးပေါ့။Apply/OK ပေါ့။အောက်ကပုံလိုပေါ့






နောက်ခံမှာ ပုံထည့်ချင်သူတွေအတွက်ကတော့ Picture Watermark ရွှေးပေးလိုက်ပေါ့။အဲ့ပိုင်းတော့ မလိုအောက်ဘူးလို့ထင်ပါတယ်။ကဲ pdf file တစ်ဖိုလ်ထုတ်ဖို့ဆိုရင် တစ်ချို့က dopdf machine software/broand machine,etc..အစရှိသဖြင့်ထုတ်ကြသည်။ကျွှန်တော်ကတော့ pdf creater ကိုသုံးသည်။ ဘာလို့သုံးတာလဲလို့မေးလာလျှင် တော်တော်များများ အဆင်ပြေပါသည်။ဥပမာပြောရင် broand machine နဲ့ pdf file print ထုတ်တာသည်ထို software company စာသားများပါလာတက်သည်။

အဆင်မပြေဘူးလို့လား တော့မဟုတ်ပါ။ကြည့်ရတာတော်တော်လေးတော့ ဘဝင်မကျဘူးပေါ့။Pdf creater ကိုသုံးကြည့်ပေါ့။ကောင်းမ ကောင်းတော့ မပြောတော့ဘူး ကိုယ်တိုင်စမ်း print ထုတ်ကြည့်ရင်သိပါမယ်။ဘာကွာသလဲလို့ပေါ့။အောက်မှာ down ပါ။







ကဲ pdf file တစ်ဖိုင်ကို print ထုတ်ကြရအောင်။File ကနေ Print.. ကိုသွားပါ။Printer အောက်က drag arrow မှာ run ထားတဲ့ PDFCreator ကိုရွှေးပေးပေါ့ ပြီးလျှင်တော့ Print ကိုနှိပ်လိုက်ရင် OK ပြီလို့ဆိုလို့ရတယ်နော်။

2 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

astro November 12, 2010 at 11:08 PM  

မြန်မာမိသားစုကနေ ခြေရာခံလိုက်ခဲ့ပါတယ်ခင်ဗျာ။ ရေးထားသမျှ စေ့စေ့ငုငုဖတ်ရှုသွားပါကြောင်းနဲ့ ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားခဲ့လိုပါတယ်။

လေးစားလျှက်
ကိုပခန်း

နေမင်း April 14, 2011 at 1:13 PM  

ကိုဖိုးသားေ၇......ကျေးဇူးပါဗျာ......