Thursday, August 19, 2010

Removal and additional of hardisk partition ...


User တစ်ချို့ hardrive partition တစ်ခန်းခန်းမှာ secrets data လေးတွေနဲ့ မသိချင်တာလေးတွေထည့်ထား တက်တယ်လေ။ကိုယ့် data/information ကိုသူများတွေ့မြင်သွားမှာလည်းစိုးတယ်လေ။OS ရဲ့ user account နဲ့ password ခံပြီး ပိတ်ထားတက်ပေမယ့် တစ်ခါတစ်လေတော့ အရေးကြီးကိစ္စတော့ရှိတက်ကြတယ်လေ။

အဲ့ လိုအခါမျိုးမှာ ကိုယ်က ကွန်ပျူတာကို win key + l နဲ့ lock မချပဲအပြင်ကိုထွက်သွားတဲ့အခါမှာ တစ်စုံတစ်ယောက်ကကိုယ့်ရဲ့ ကွန်ပျူတာကိုလာသုံးတယ်လေ။Lock မချဘဲထားခဲ့မိတဲ့အတွက် ကိုယ့် hardrive partition က secrets လေးတွေတွေ့သွားနိုင်တယ်လေ။တစ်နည်းတော့ လမ်းပြကြယ်လုပ်ပေးလိုက်မယ်။

• Hardisk partition ကို security softwares များနဲ့ lock softwares များဝယ်သုံးစရာမလိုဘဲ ဖွက်နည်းလေးပေါ့





အရင်ဆုံး ကိုယ့် ဖျောက်ချင်တဲ့ Data တွေကို Partition အလွတ် တစ်ခုထဲကို ထည့်လိုက်ပါ။My Computer ကို Right Click ပြီးတော့ Manage ကို ရွေးပေးလိုက်ပါ။Computer Management တက်လာရင် ဘယ်ဘက်က အောက်ဆုံးနားလောက်မှာရှိတဲ့ Disk Management ကိုရွှေးပေးလိုက်ပါ။

ညာဖက်မှာ ကိုယ့်မှာရှိတဲ့ Disk တွေ ပေါ်လာတာကိုတွေ့ရပါမယ်။ဖျောက်ထားချင်တဲ့ Data တွေ ထည့်ထားတဲ့ Disk ကို Select လုပ်ပြီး Right Click နှိပ်ပြီး Change Letter and drive paths.. ကို ရွေးပေးပါ။



Select လုပ်ပြီး Remove ကို နှိပ်လိုက်ပါ။ Confirm Yes/No မေးရင် Yes ကို ရွှေးပေးပါ။ပြီးလျှင်တော့ ဖွင့်ထားတာကို ပိတ်လိုက်ပေါ့။ဒါဆိုရင် partition :E အခန်းကပျောက်နေပါမယ်။ပြန်ဖော်ချင်ရင်တော့ …



Disk Management ထဲကို ပြန်ဝင်ပါ။ ခုနက ဖျောက်ထားတဲ့ Disk ကို Right Click လုပ်ပြီး Change Letter and drive paths.. ကိုပြန်ပြီးရွှေးပေးပေါ့။“Add…” ကို နှိပ်ပေးပါ။



“Assingn the following drive letter:” ကို Letter တစ်ခုခု ရွှေးခိုင်းရင် drive letter change ချင်သူတွေကတော့ အသစ်ထပ်ပေးလိုက်ပေါ့။ဖျောက်ထားတဲ့ partition :E ကိုပြန်ဖော်မည်ဖြစ်တဲ့ အတွက် OK ကိုသာနိုပ်ပေးလိုက်ပါတယ်။အဆင်တော့ပြေမှာပါ။ကျေးဇူးတင်ပါတယ်။




ဒီပို့စ်ကို PDF FILE လိုချင်ရင်

1 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

Nayoothit August 19, 2010 at 11:04 AM  

အားပေးသွားပါသည် ပျော်ရွှင်ပါစေ