Sunday, August 1, 2010

Window 7 utimate installation

Window 7 installation အကြောင်းရေးပေးမယ်။Window installation နဲ့ပတ်သတ်ပြီး သိသလောက်တော့ ပြောပြမယ်။Window installation တစ်ခုမှာ clean installation နဲ့ upgrade installation ဆိုပြီး နှစ်ပိုင်းရှိတယ်။ပြောရရင်တော့ CD/DVD Drive များကနေ window installation ခွေထည့်ပြီး installation လုပ်တာကို clean installation လို့ခေါ်တယ်။Upgrade ကတော့ လက်ရှိ Window XP သုံးနေတယ်ဆိုတော့ လက်ရှိ သုံးနေတဲ့ window xp ကို window 7 version မြှင့်တင်လိုက်တဲ့သဘောပဲ။Clean installation ပဲကောင်းပါတယ်။ဘာလို့လဲဆိုတော့ hardrive မှာရှိတဲ့ နဂို operating system ကို format အပြီးရိုက်ပြီး new installation တင်လိုက်တဲ့သဘောပါဘဲ။Window 7 clean installation လုပ်ဖို့ဆိုရင် ဘာတွေကိုသိရမှာလဲ ?ဘယ်လိုဆက်လုပ်ရမလဲ?အောက်မှာကျွှန်တော် သိသလောက်တော့ ရှင်းပြပေးမယ်။

ခုတင်ပြပေးမှာက window 7 ultimate ကို တင်ပြပေးမယ်။Utimate ဆိုတာ professtional ပြီးမှထွက်တာပါ။Professtional လောက် ကောင်းလားဆိုလို့မေးလာခဲ့လျှင် professional ဆိုတာက လုံးဝကို Microsoft company ကနေ လုံးဝကို သုံးစွဲလို့ရပီ လုံးဝကို ပြီးပြည့်စုံပြီလို့ယူဆပြီးမှ professional ဆိုပြီးထုတ်လိုက်တာပါ။Utimate ဆိုတာက professional ကိုမှီလားလို့မေးလာလျှင်မှီတယ်လို့လည်းမပြောလိုပါ။မမှီဘူးလားလို့ပြောလာလျှင် တော့ မမှီဘူးလည်းမပြောလိုပါ။နှစ်ခုလုံးကတော့ နောက်ဆုံးမှ ထွက်လာတာပါ။ကဲလေရှည်သွားပြီ

Window တစ်ခုကို installation လုပ်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်စက်က တပ်လိုက်သော cd(or)dvd rom က auto detect ဖြစ်မဖြစ်တော့ ကြည့်တက်ရမယ်။Auto detect တော့ဖြစ်ပီ။Window installation ခွေကို cd(or)dvd rooms များက window installation ခွေကို booting တက်အောင်တော့ boot device ရွှေးတက်ရမယ်။အဲ့နှစ်ဆင့်လောက်သိရုံလောက်နဲ့တင် window installation ပိုင်းကို 75%လောက်တက်နေပါ ပြီ။

ကဲအရင်ဆုံး ကျွှန်တော်က window installation လုပ်ဖို့ cd(or)dvd room ကို auto detect ဖြစ်မဖြစ်ကြည့်ပြပေးမယ်။



ကဲ ခုပုံကိုကြည့်ပေးပါ။[_NEC DVD_RW ND-350J ကိုတွေ့လား!ဘာကိုပြောတာ လဲဆိုတော့ ကိုယ့်စက်က တပ်ထားတဲ့ DVD room က auto detect ဖြစ်ပါပီ။ပိုသေချာအောင်သိချင်ရင်တော့ enter ခေါက်ကြည့်လိုက် ပေါ့!

ကဲ ဒုတိယ အဆင့်ကိုဆက်ပြောမယ်။Auto detect တော့ဖြစ်နေပီ ဘာကိုဆက်လုပ်ရမလဲ ဆိုရင် Boot ကို သွားလိုက်ပြီး Boot setting ပိုင်းမှာ သူငယ်ချင်းက window တစ်ခုတင်မည်ဖြစ်တဲ့အတွက် boot device ကို first boot device တော့ dvd room ကိုထားပေးရမှာပေါ့။ခုကျွှန်တော်က dvd room ကနေတင်ပြနေခြင်းပါ။ အောက်ကပုံကိုဆက်ကြည့်ပေးပါ။




1st boot Device ကို DVD ROOM ထားပြီးရင်တော့ Exit ကိုသွား Exit saving changes ကိုနှိပ် enter ခေါက် Yes ကိုပေး။




ကဲဒီအဆင်တွေပြီးရင်တော့ DVD ROOM ကို window 7 တင်ပေးဖို့ boot စရွှေးနေပါပီ



ကဲနောက်တစ်ဆင့်ကို ကြည့်ပေးပါဦး။Window 7 တင်ပေးဖို့ loading တက်ပြီး အဆင့်နှစ်ဆင့်လုပ်ဆောင်ပါ လိမ့်မယ်။အောက်က အဆင့်နှစ်ဆင့်ပါ။






ကဲနှစ်ဆင့်တော့ပီးပီ ဘာဆက်လုပ်ဖို့ပြောလာမယ်ဆိုရင်တော့ install ဆက်လုပ်ဖို့ language ရွှေးခိုင်းမယ်။ပြီး ရင် Time and currency format ဝင်းဒိုး format စတိုင်ရွှေးခိုင်းမယ်။ပြီးလျှင်တော့ keyboard or input method ရွှေးခိုင်းမယ် ပုံအတိုင်းသာဖြည့်ပေးလိုက်ပါ။



အောက်အဆင့်မှာတော့ window install ဆက်လုပ်မှာလား?မလုပ်ဖူးလား?ပြီးရင် နဂို window 7 တင်ပြီးသား လူဆိုရင်တော့ window ကို repair လုပ်မှာလားမေးတဲ့အဆင့်ပါ။သူငယ်ချင်းက window ကို အသစ်တင်မယ် ဖြစ်တဲ့အတွက် Install Now ကိုနှိပ်ပေးပါ။အောက်ပုံကိုကြည့်ပါ။




Window set up လုပ်ဖို့ခုမှ loading လုပ်နေပါပီ



အောက်က step မှာတော့ သူငယ်ချင်းက micorosoft company ကထုတ်ပြန်ထားလိုက်တဲ့ agreement သဘောတူလားမေးလာလျှင် အမှန်ခြစ်သာပေးပြီး Next ကိုသာဆက်သွားလိုက်ပါ



အောက်အဆင့်မှာတော့ type of installation နှစ်ခုရွှေးခိုင်းတယ်။Upgrade လား?Custom(advanced)လား? ပေါ့။အပေါ်မှာကျွှန်တော်ပြောဖူးပါတယ်အပေါ်မှာလေ Upgrade ဆိုတာဘာကိုလဲဆိုတာကိုပါ။ကျွှန်တော်တို့က new installation လုပ်ပေးမှာမို့လို့ Custom(advanced) ကိုကျွှန်တော်က ရွှေးပေးလိုက်ပါတယ်။





Partitin ပိုင်းဖို့ အဆင့်ရောက်လာပါမယ်။ပြီးရင် မေးလာပါလိမ့်မယ်။Clean installation လုပ်ပေးမည်ဖြစ်တဲ့ အတွက် နဂိုရှိတဲ့ တင်ပြီးသား window ကိုဖြုတ်ပေးမည်ဖြစ်တဲ့အတွက် Format ကိုရွှေးပေးပါ။Delete ကိုမနိုပ် မိစေနဲ့နော်။ကိုယ် တင်ပေးချင်တဲ့ partition အခန်းကိုသာရွှေးပေးလိုက်ပီး format ရိုက်ပေးလိုက်ပေါ့။



ပြီးရင် format ရိုက်ပေးပြီး window7 ခွေကို window တင်ပေးဖို့လိုအပ်သော window systemfiles များကို ကူးသူသွားမှာပါ။အောက်ကပုံကိုကြည့်ပေးပါ။Window တင်ပေးဖို့ ကျန်ရှိသေးတဲ့ လိုအပ်တဲ့ လုပ်ဆောင်မှု step by step ကိုလုပ်ဆောင်မှုပေးပြီး restart တောင်းလာတော့မှာပါ။



ကဲအပေါ်ဆင့်ကအားလုံး complete ဖြစ်ပြီး restart စတင်တောင်းဆိုနေပါပြီ။



ကွန်ပျူတာ restart ထိုးပြီးကျသွားပါမယ်။အရေးကြီးပါတယ်။ကိုယ့်ကွန်ပျူတာက keyboard ခလုတ်များကို ဘာမှမနိုပ်ဘဲ ဒီတိုင်းလေးသာထိုင်ကြည့်နေပေးပါ။လက်သရမ်းချင်လို့ နိုပ်လိုက်လို့ဘာဖြစ်လာမလဲလို့မေးလာ ရင်တော့ နိုပ်ကြည့်ပေါ့။Window setup အစကနေ ပြန်ရောက်သွားလိမ့်မယ်။

နိုပ်ကြည့်ပေးနော် ဟဲဟဲ။Restart ကျပြီး အောက်ကအဆင့်ကိုရောက်လာပါမယ်။



အောက်ကလိုတဆင့်ခြင်း ရောက်သွားမှာပါ။



ကဲအောက်ဆင့်ကတော့ window username နဲ့ ကွန်ပျူတာ name ကိုသတ်မှတ်ခိုင်းတာပါ။ဖြည့်ပေးလိုက်ပေါ့!




Next ကိုသာဆက်နှိပ်ပြီးသွားလို့ အောက်ကအဆင့်ကတော့ window ကို security လုံခြုံစေဖို့နဲ့ accout password ရိုက်ခိုင်းချင်ပါဘဲ!ပေးချင်လဲပေးပေါ့



ပြီးလျှင်အောက်အဆင့်ကိုရောက်လာပါတယ်။ဒီအဆင့်ကတော့ window ခွေရဲ့ product key ကိုရိုက်ထည့်ခိုင်း ခြင်းပါဘဲ!တစ်ခုပြောချင်တာက window ခွေတစ်ခုကို installation လုပ်ပီဆိုလျှင် product key တောင်းလာတဲ့ ခွေဆိုလျှင် product key ကိုသိမှတင်စေချင်လိုတာပါ။မသိဘဲနဲ့ဆိုလျှင်တော့ စက်ကြီးဘဲထိုး ပိတ်ရမှာလား product ကီးဘဲခုပဲ လိုက်ရှာရမှာလားဆိုပီး ပွဲပျက်သွားစေနိုင်ပါတယ်။ကဲအောက်မှာ product ကီးကိုရိုက်ထည့်မယ်။Window ကို product ကီးရိုက်ထည့်ပြီးဖြစ်တဲ့အတွက် internet နဲ့ဝင်းဒိုးကို activate ဖြစ်အောင် အမှန်ခြစ်ထည့်ပေးမယ်။




အောက်ကအဆင့်ကတော့ installion ခွေကမေးတာပါ။Microsoftword company နဲ့ window update ရယူမှာလား?မရယူဘူးလားဆိုပေါ့!ကျွှန်တော်ကတော့ micorosoftword ကနေ update ရယူမှာမို့လို့ Use recommended Settings ကိုရွှေးလိုက်ပါတယ်



Choose the Correct Time Zone, Date, and Time ကိုရွှေးခိုင်းတဲ့အဆင့်ပါ။ကိုယ်နေတဲ့ နေရပ် အချိန် ရွှေးပေးပြီးရွှေးလိုက်ပေါ့!Windowတင်ပြီးမှပြန်ချိန်းတော့လည်းရတာပေါ့!အရေးအဲ့လောက် မကြီးပါဘူး။




ကဲဒီအဆင့်ကတော့ သူကမေးလာပါတယ် ဘာမေးလာလဲဆိုလျှင်တော့ ကိုယ်တင်လိုက်တဲ့ window က network ချိတ်မှာလား မချိတ်ဘူးလားပေါ့!ကဲရှင်းပြပေးမယ် ကျွှန်တော်သိသလောက်လေးပေါ့ လိုက်ဖတ်ကြည့် ပေးပါ။Home network ကဘာလဲဆိုတော့ အိမ်သုံးကွန်ပျူတာကို Network ချိန်ဆက်သွယ်ရယူခြင်းပါ။ဥပမာ ပြောရရင်တော မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေသုံးစွဲနေတာ Home Network ရယူသုံးစွဲနေခြင်းပါ။ကဲ Work Network ဆိုတာက company ကြီးကြီတွေ sever နဲ့ network ချိတ်ဆက်သုံးစွဲနေခြင်းပါ။Public Network ဆိုတာက Home Network လိုပါဘဲ အိမ်သုံး Network ချိတ်ဆက်သုံးဆွဲခြင်းပါဘဲ။ကျွှန်တော်က တော့ အိမ်သုံးမှာဖြစ်တဲ့အတွက် Home Network ကိုရွှေးလိုက်ပါတယ်။




ဒါဆိုရင်တော့ သူငယ်ချင်းကွန်ပျူတာက Window က Home Network ရယူဖို့လုပ်ဆောင် နေပါပြီ။




ကဲအောက်ကအဆင့်ကို ရောက်လာပါမယ်။Compuer Desktop မြင်ကွင်းကိုမြင်ရဖို့ Preparing လုပ်နေပါပြီ။





ကဲ window 7 ultimate installation ပိုင်းပြီးပါပီ။Desktop မြင်ကွင်းကို စတင်မြင်ရပါပြီ။Window ကိုစတင်သုံး နိုင်ပါပြီ၊လာလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။




ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: