Monday, August 9, 2010

Building a PC Part-2

Building a PC Part-2 မှာကျွှန်တော်အဆင့်ဆင့်ရေးသားထားပါတယ်။ရှင်းလင်းအောင်လည်း ကြိုးစားရေးထား ပါတယ်။အဆင့်လိုက်ရေးသားပေးပါမယ်။အောက်ကအဆင့်လိုက်ကို တဆင့်ရှင်းရေးသားထားပါတယ်။
(1)CPU installation
(2)Motherboard installation
(3)Hardisk installation
(4)RUN installation
(5)CD ROOM (OR)DVD ROOM Installation
(6)FLOPPY DRIVE installation
(7)Graphic Card installation
(8)POWER SUPPLY installation
(9)Monitor installation

(1)CPU installation
Cpu ကိုဘယ်လိုတပ်ဆင်ရမလဲလို့မေးလာလျှင်တော့ အရင်ဆုံ Cpu နှင့်အတူတွဲတပ်ဆင်ပေးဖို့ Cpu fan ကိုသိရပါမယ်။ပြီးရင် ကိုယ်တပ်ဆင်မယ့် Cpu က slot type နဲ့လား socket type နဲ့လားပေါ့။အဲ့လောက်တော့ အရေးမပါပါဘူး။အရင်ဆုံး Cpu fan အကြောင်းရေးပေးမယ်။Casing တစ်လုံးမှာ fan တပ်ဆင်ဖို့ဆိုလျှင် fan နှစ်မျိုးရှိပါတယ်။တစ်မျိုးက processor နဲ့တွဲတပ်ပေးရသော cpu fan(သို့)processor fan လို့ခေါ်တယ်။နောက် တစ်မျိုးက system fan ပါ။ဘယ်လိုပိုင်းမှာတပ်ဆင်ရလဲဆိုလျှင်တော့ Casing ပုံးမှာတပ်ဆင်ပေးရပါတယ်။အဲ့ လောက်ဆိုရင် fan အကြောင်းတီးခေါက်မိနေပါပြီ။ရှင်းသွားအောင်အောက်ကပုံကိုကြည့်လိုက်ပါ။






အပေါ်ကပုံကိုကြည့်ပါ။System fan ဆိုတာတစ်ချို့ Casing ပုံးတွေမှာမြင်ဖူးကြမှာပါ။နောက်မှာ တပ်ဆင်ထား တာလေ။Cpu ပေါ်မှာတပ်ထားတဲ့ cpu fan ကိုတော့တွေ့မြင်ဖူးကြမယ်။ဒါပေမယ့် ဂဂနနလေးတော့ သိပ်မသိ တာတော့ များမယ်ထင်တယ်။ကဲ ပုံမှာ Fan လို့ရေးထားတာက အမှန်က အဲ့ ပန်ကာက processor တစ်လုံးကို အေးအောင်လုပ်ပေးတာမဟုတ်ပါဘူး။အောက်က Heatsink ကိုတွေ့လား အဲ့ Heatsink ဆိုတာအပူစုပ်ပေးတဲ့ ကိရိယာတစ်မျိုးပါ။Heatsink ကနေ processor ကထွက်သမျှအပူကိုစုပ်ပေးမယ်။ပြီးရင်အပေါ်က Fan က Casing ပုံးအပြင်ကိုအပူကို ရိုက်လွှင့်ပေးမယ်။သဘောပေါက်လောက်မှာပါ။System fan လည်းအဲ့လိုနည်းတူပဲ။ သူ့လုပ်ဆောင်မှုက Casing ပုံကအပူကိုအပြင်ကိုရိုက်လွှင့်ပေးတာပဲ။Cpu fan connector ကြတော့ သူ့က fan တစ်လုံးအလုပ်လုပ်အောင် motherboard ပေါ်မှာတပ်ဆင်ပေးရတဲ့ connector ပါ။ကဲ fan ပိုင်းနဲ့တော့ ရှင်းသွားလောက်ပီ။Cpu တပ်ဆင်ပုံကိုကြည့်ဦး။အောက်ကပုံကိုကြည့်ပေးပါ။



Cpu တစ်လုံးတပ်ဆင်ဖို့ဆိုလျှင်အရင်ဆုံး motherboard ပေါ်က cpu socket type ဘေးက လီဗာမောင်းတဲ့ကို အရင်ဆုံး 90* အပေါ်သို့မတင်ပါ။ပြီးလျှင် အောက်ကအဆင့်ကို ကြည့်ပြီး အဆင့်လိုက်တပ်ဆင်သွားပါ။



အဲ့မှာဝိုင်းပြထားသော အဖြူရောင်အဝိုင်းက အဓိကကြည့်ရမယ့်အချက်ပါ။ဘာလို့ကြည့်ရလဲလို့ မေးလာလျှင် တော့ cpu socket မှာကိုယ်တပ်ဆင်မယ့် processor နဲ့ အံ့ကျအောင်အဲ့ အဖြုရောင်ဝိုင်းနဲ့ အကိုက်ထည့်ပေးရ မှာပါ။အောက်ပုံကိုဆက်ကြည့်ပါ။




ကျွှန်တော်အပေါ်မှာပြထားသော အဖြူရောင်အဝိုင်းနဲ့အံကျအောင်ထည့်ပေးပါ။




ပြီးလျှင် processor ကိုအသာအယာဖိပြီး လီဗာမောင်းတံကို အောက်သို့ဆွဲချပါ။ကဲ processor တော့တပ်ပြီးပီ။ Cpu fan ကိုဘယ်လိုတပ်ဆင်မလဲ?အောက်ကိုကြည့်ပါ။



အဖြူရောင်ဝိုင်းကိုတွေ့လား?

တစ်ချို့က အဲ့နေရာတွေမှာ cpu နှင့် heatsink တို့ကြား အပူအအေးမျှတအောင် thermal compound(ကော်ရည်တစ်မျိုးပါ)အမျိုးစားလိုက်ရှိပါတယ်။ခံပေးသုတ်ပေးကြတယ် အဲ့နေရာမှာပါ။အ ရေးကြီးလားလို့ မေးလာလျှင်တော့ အရေးသိပ်မကြီးဘူးလည်း မဆိုချင်ဘူး။အရေးကြီးတယ်လို့လည်း မဆိုလို စေချင်ဘူး။Compound ရည်က အပူများသော processor များကိုသုတ်ပေးလျှင်တော့ ကောင်းပါတယ်။ဥပမာ ပြောရရင်တော့ amd processor ကသိပ်ကို heat တက်များတဲ့ processor တစ်ခုပါ။အဲမသုတ်ပဲတပ်ကြည့်ကြ ရအောင်။





ကဲအရင်ဆုံး အံဝင်အောင် processor ပေါ်မှာ cpu fan ကိုချိန်ကိုက်ကြည့်ပေါ့။



ဖိပြသော tip အောက်မှာ အပေါက်တစ်ပေါက်နှင့်အံကိုက်ဖြစ်ရင်ကိုဖိနိုပ်လိုက်ရုံနဲ့ cpu fan နဲ့ processor ကို motherboard ပေါ်မှာအံ့ဝင်နေပါပီ။နောက်တဆင့်က cpu fan connector ကိုတပ်ဆင်ပေးရတော့ မှာပါ။



ကျွှန်တော်အပေါ်ဆုံးမှာဝိုင်းပြဖူးပါတယ်။အနီရောင်ဝိုင်းနဲ့ cpu fan connector ကိုအဲ့ connector ကို m-board ရဲ့ fan connector တပ်ဆင်ရမယ့်ပိုင်း motherboard fan connector မှာတပ်ဆင်ရင်ကို processor installation ပိုင်းပြီးပီလို့ဆိုရပါမယ်။

(2)Motherboard installation




Motherboard installation လုပ်ဖို့ဆိုရင် screws များကိုဖြုတ်ဖို့ တပ်ဆင်ဖို့ကွန်ပျူတာအဖြုတ်တပ်ပစ္စည်းများ တော့လို မှာပါ။ဆိုင်တွေမှာ စုံတွဲလောက်ရောင်းပါတယ်။အရင်ဆုံး ဝယ်လာသော casing တစ်လုံးကို motherboard တပ်ဆင်ဖို့ဆိုလျှင် casing နောက်မှာရှိတဲ့ screw များကိုဖြုတ်ရပါမယ်။ဖြုတ်တဲ့နေရာမှာလည်း casing ပေါ်မှာအစွန်းအထင်းမကျန်စေဖို့နဲ့ ဝက်အူလှည့်ကိုလည်းအံဝင်အောင်တဖြည်းဖြည်းချင်း လှည့်ဖြုတ်ရပါ မယ်။အရင်ဆုံး casing နောက်ခံ shield ကိုဖြုတယ်ပါ။အောက်ကအဆင့်ကိုကြည့်ပါ။Motherboard ကို casing မှာအောက်ခံ အထိုင်ထိုင်ဖို့ပါ။








အဖုံးကိုချွှတ်ပြီးရင် motherboard board မှာပါသော usb port/serial port/parallel port/sound and audio port,etc.. အစရှိသော ports များအံဝင်ဖို့ casing နောက်မှာ input&output shield များတပ်ဆင်ပေးပါ။အဖြူ ပြထားပေးပါသည်။ဝိုင်းထားသောနေရမှာ screw ကိုကြပ်ပေးပါ။ကျန်တဲ့နေရာတွေပါ လိုက်ကြပ်ပေးပေါ့။






ကဲ motherboard တော့တပ်တော့မယ်။အရင်ဆုံး motherboard ပေါ်မှာရှိတဲ့ အဖြူရောင်ပြထားသောအဝိုင်း ကိုကြည့်ပေးပါ။အဲ့နေရာနှင့်အောက်မှာပြထားသော casing မှာ ဝယ်တုန်းက screws များပါလာပါသည်။အဲ့ screw ဖင်အထိုင်ကိုကြပ်ပြီး အဖြူပြထားသော နေရာနှင်အံ့ဝင်အောင်တပ်ဆင်ပေးပါ။




အံဝင်ပြီးဆိုလျှင် motherboard ပေါ်မှာရှိသော screw ပေါက်များကို ဝက်အူနဲ့လိုက်ကြပ်ပေးပါ။



ပီးလျှင် HDD LED/POWER SW/RESET SW/(system cables များလို့ခေါ် casing ဝယ်ကတည်းကပါသည်) Motherboard တစ်လုံးဝယ်လျှင် motherboard manual စာအုပ်တစ်အုပ်ပါပါသည်။အဲ့စာအုပ်မှာပြသထားပါ သည်။ထိုစာအုပ်တိုင်းလိုက်တပ်ပေးပါ။



ပြီးလျှင် casing တစ်လုံးမှာပါသော power supply မှာလာသော motherboard power cable ကို motherboard ပေါ်မှာရှိသော motherboard power connector ပေါ်မှာတပ်ပေးပါ/Motherboard installation ပိုင်းပြီးပါပြီ

Hardisk installation

Hardisk installation တစ်ပိုင်းကိုလုပ်ဖို့ဆိုလျှင် ကိုယ်ကဘယ်လို hardisk အမျိုးအစားကိုတပ်မှာလဲ?ဘယ်လို company ကထုတ်သော hardisk ကိုတပ်မှာလဲ?ဘယ်လောက် GB များများတပ်မှာလဲ?ပြီးတော့ကိုယ်တပ်ဆင် လိုသော hardisk က sata hardisk ဆိုရင် master/slave စကားပြောမည်မဟုတ်ပါ။IDE Hardisk သာစကား ပြောပါသည်။IDE Hardisk သည်ကိုယ်တပ်ဆင်တိုင်း တပ်ဆင်လို့မရသော hardisk အမျိုးအစားမဟုတ်ပါ SCSI Hardisk သည်လည်းတူတူပါဘဲ။SCSI Hardisk သည်ဒီခတ်ပိုင်းမှာ လုံးဝကိုတခတ်ကုန်သော hardisk အမျိုးအစားဖြစ်ပါသည်။

ယနေ့ခတ်မှာ သုံးသည်ကို တွေ့မြင်ရနည်းပါမည်ဟုထင်မြင်မိသည်။လူတော်တော်များ များကတော့ Sata hardisk အမျိုးအစားများသာ တပ်ဆင်နေသည်ကိုတွေ့မြင်ရသည်။တပ်ဆင်မှုပိုင်း လွယ်ကူ ပြီးတပ်ဆင်ပေးရမည့်အပိုင်းမှာလည်း master/slave jumper settings ပိုင်းများမချိုးပေးရသည့်အတွက် လူကြိုက်များသည်တော့ အမှန်ပါ။လူကြိုက်များဆုံး hardisk ထုတ် company ကိုပြောရမည်ဆိုရင် Seagate company ကလူကြိုက်များပါသည်။ကဲရှင်းသွားအောင် အောက်ကစာကိုဖတ်ကြည့်ပေးပါ။

40GB(Maxtor)7200rpm,IDE
40GB(Seagate)7200rpm,IDE
40GB(Samsung)7200rpm,IDE
80GB(Maxtor/Hitachi)7200rpm,IDE
80GB(Seagate)7200rpm,IDE
80GB(Seagate)7200rpm,SATA
120GB(Seagate)7200rpm,IDE
120GB(Seagate)7200rpm,SATA

(Maxtor, Seagate, Samsung) မှာ သက်ဆိုင်ရာ Hard Disk ထုတ် (Company) များဖြစ်သည်။(7200 rpm) မှာ(HardDisk)လည်ပတ်နူန်းဖြစ်သည်။IDE(Integrated Device Electronics ) နှင့် SATA(Serial ATA) သည်(Hard Disk)အမျိုးအစားဖြစ်ပါသည်။(SATA- Hard Disk) သည် (IDE - Hard Disk) ထက် ပိုမိုလျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်ပါသည်။(Company) လိုက်ဈေးနူန်းကွာခြားနိုင်ပါသည်။လူကြိုက်များဆုံးမှာ ((SATA- Hard Disk)) ဖြစ်ပါသည်။အရင်တုန်းကတော့ (SCSI - Hard Disk) သုံးကြပါသည်။]
ကဲ SCSI Hardisk ကိုတော့ကျွှန်တော်မပြတော့ပါဘူး။IDE hardisk နှင့် SATA hardisk သာပြတပ်ဆင်မှုပိုင်း ပြပေးလိုက်ပါမည်။SCSI သည် IDE Hardisk နှင့်တူတူပါဘဲ။တပ်ဆင်မှုပိုင်းပါ။Setting အနေထားရော cable ပိုင်းရော တပ်ဆင်မှုပိုင်းပါ တူညီပါသည်။ကဲအောက်ကပုံကိုကြည့်ပါ။SATA hardisk နှင့် IDE hardisk ကိုကွဲပြားသွားအောင်ပါ။




အရင်ဆုံး IDE hardisk တပ်ဆင်မှုပိုင်းကိုစပြောပါမယ်။ပုံမှာ IDE Hardisk ကိုပြထားပါသည်။





အောက်က IDE cable သည် IDE Hardisk နှင့် cable ကို motherboard ပေါ်မှာရှိသော motherboard ide connector ပေါ်မှာ တပ်ဆင်ပေးရမည်။အရင်ဆုံးမတပ်ခင် master/slave jumper setting ချိုးနည်းကိုအရင် ကြည့်ပေးပါ။






ကျွှန်တော်က ide hardisk တစ်လုံကိုနမှုနာပြထားပေးပြီး အဲ့ hardisk က master jumper ပိုင်းလား?slave jumper ပိုင်းလား?ဆိုတာကိုကြည့်ပေးပါ။ပုံမှာပြထားသည်က ပုံ hardisk က master jumper ပိုင်းပါ။IDE hardisk တိုင်းရဲ့ ကျောပြင်မှာပါပါသည်။အလွယ်ဆုံးနည်းကို ပြောပြမယ်။Master jumper ပိုင်းဆိုတာ အစွန်နှစ်ဘက် အလယ်မှာပြထားမှန်သမျှသည် slave jumper ပိုင်းဖြစ်သည်။သေချာကြည့်ပါ။JUMPER DEVICES ကိုကြည့်လိုက်ရင် အဖြေတော့ပေါ်လာမှာပါ။ကဲ IDE hardisk က master တော့သေချာပြီ။နောက် တဆင့်က IDE cable ကိုကြည့်ပေးပါ။




ကြိုးမှာပြထားပါတယ်။အောက်ဆုံး cable ကြိုးအရှည်ဆုံးပိုင်းသည် motherboard မှာတပ်ဆင်ပေးရမယ့် ပိုင်းဖြစ်ပါသည်။Master လို့ရေးထားတာတွေ့လား အမည်းနဲ့လေ အဲပိုင်းသည်ကိုယ့်တပ်ဆင်လိုသော hardisk တစ်လုံးရဲ့ jumper setting ပိုင်းသည် master jumper ပိုင်း IDE hardisk ဖြစ်မယ်ဆိုလျှင် အမည်းပြထားသော master ပိုင်းရဲ့ ကြိုးရဲ့ထိပ်ဆုံးပိုင်းကိုတပ်ပေးပါ။Slave jumper ပိုင်းဖြစ်မယ်ဆိုလျှင်တော့ slave လို့ရေးထားသော ဒုတိယပိုင်းမှာ တပ်ဆင်ပေးပေါ့။ကဲပေါ်မှာက master jumper IDE Hardisk ကိုပြထားသည့်အတွက် ကြိုးရဲ့ ထိပ်ဆုံးပိုင်း master ပိုင်းနဲ့တပ်ပြပေးမယ်။



IDE Hardisk ရဲ့ရှေ့ဘက်တပ်ဆင်မှုပိုင်းက slave ချိုးထားတာကိုတွေ့မြင်ရတယ်။ကဲ ကျွှန်တော်က တပ်ဆင်ပြပေးမယ့် IDE Hardisk က master jumper hardisk တစ်လုံးဖြစ်သည့်အတွက် jumper setting ပိုင်းကို master တော့ချိုးပေးရမယ်။





ကျွှန်တော်ပြောဖူပါတယ်။Master ဆိုတာအစွန်နှစ်ဖတ် Slave ဆိုတာအလယ်ဆိုတာလေ ကျွှန်တော်တပ်ဆင် ပေးရမယ့် IDE hardisk က master jumper အမျိုးအစားဖြစ်တဲ့အတွက် အစွပ်ကိုဖြုတ်ပြီး ဘေးဆုံးတစ်ဖတ် ကို master jumper ချိုးပေးလိုက်ပါသည်။ကဲ master/slave ပိုင်းတော့ရှင်းလင်ပီးသွားပြီ။Motherboard ပေါ်မှာပဲတပ်ဆင်ရတော့မှာပါ။အရင်ဆုံးမတပ်ဆင်ခင် ရှင်းသွားအောင် အောက်ကိုဆက်ကြည့်ပေးပါ။





အပေါ်က IDE Hardisk ရဲ့ ရှေ့ပိုင်းကိုပြထားပေးပါတယ်။အပြာရောင်ကိုတွေ့လား အဲ့ပိုင်းက power supply ကလောသော hardisk power cable ကိုထပ်ဆင်ပေး။အဖြူရောင်ကိုတွေ့လား jumper setting က master jumper setting ချိုးထားသည့်အတွက် IDE cable ရဲ့ထိပ်ဆုံး master ပိုင်းနဲ့တပ်ဆင်ပေးပေါ့။အဝါရောင်က တော့ကျွှန်တော်အပေါ်မှာ ပြထားပါတယ်။Jumper setting ပိုင်းပါ။IDE hardisk က master jumper ပိုင်းဖြစ်တဲ့အတွက် master jumper ကိုထားပြီးချိုးထားတာကိုတွေ့ရပါတယ်။

ကဲ အားလုံးတော့ရှင်းသွားပြီ/ဘာ ဆက်လုပ်မလဲဆိုလျှင်တော့ Motherboard ပေါ်မှာတပ်ဆင်ပေးဖို့ပဲလိုပါတော့တယ်။




ကဲအရင်ဆုံး master ချိုးထားသော IDE hardisk ကို Casing ပုံးရဲ့ harddrive အုံမှာ screw ကြပ်ပြီးတပ်ဆင် ပေးပါ။Screw 1ခု။2ခု ဆိုလျှင်ရပါတယ်။ကြပ်အောင်တော့ တပ်ဆင်ပေးပေါ့။




ပြီးလျှင့် power supply မှာလာသော power cable ကို IDE hardisk ရဲ့ power connector မှာတပ်ဆင်ပေးပါ





နောက်တဆင့်ကတော့ အပေါ်မှာကျွှန်တော်ပြောသလိုပဲ hardisk က master jumper ပိုင်းဖြစ်တဲ့အတွက် ide cable ရဲ့ထိပ်ဆုံးပိုင်း(master ပိုင်း)နဲ့ ide hardisk ရဲ့ ide data connector ပေါက်မှာကြိုးကိုတပ်ဆင်ပေးပေါ့




ကဲ အပေါ်ပိုင်းတပ်ဆင်မှုပြီးသွားရင် motherboard ရဲ့ motherboard ide connector ပေါက်မှာ ide cable ရဲ့အရှည်ဆုံးပိုင်းဖြစ်တဲ့ ကြိုး(ide motherboard cable ပိုင်းလို့ခေါ်)အပေါ်မှာ to the motherboard လို့ပြထား ပါတယ်။အဲ့ပိုင်းကို motherboard ide connector ပေါက်မှာတပ်ဆင်ပေးလိုက်ပေါ့။ဒါဆိုရင် IDE Hardisk တစ်လုံး installation ပိုင်းပြီးဆုံးပီလို့ပြောလို့ရပါတယ်။




ကဲ SATA Hardisk ကိုတပ်ဆင်ကြရအောင်။

အရင်ဆုံး SATA Hardisk တစ်လုံးကိုရှင်းပြပေးမယ်။SATA Hardisk တစ်လုံးတပ်ဆင်မယ်ဆိုရင် ကြိုးပိုင်းကိုအရင်သိပါမယ်။Cable ကိုတော့ sata cable ကြိုးသုံးပါတယ်။ အပေါ်ပုံကိုကြည့်ပါ။အဲမှာပြထားပါတယ်။

SATA Hardisk 2 လုံးကိုပြထားပေးပါတယ်။အဖြူရောင်ဝိုင်းထား တာများကို တွေ့လား?အဲဒါက သူငယ်ချင်းတို့ sata cable ကိုတပ်ဆင်ပေးရမယ့်အပိုင်းပါ။အဖြူရောင် အဝိုင်းနှစ်ဝိုင်းလုံးမှာပါ။ကဲအဝါရောင်ပိုင်းကိုတွေ့လား?တစ်ချို့သော SATA Hardisk များသည် power supply မှလာသော power cable သည် SATA hardisk တစ်လုံးတပ်ဆင်ဖို့ အမျိုးအစားနှစ်မျိုးပဲလာပါသည်။ဘယ်လို အမျိုးစားလဲမေးလာလျှင်တော့ ကြိုးပုံကိုတွေ့လား ခေါင်းနှစ်ခေါင်းပြထားပေးပါတယ်။Power supply မှလာသော SATA hardisk တစ်လုံးတပ်ဆင်ဖို့ power cable ခေါင်းနှစ်ခေါင်းပါ။အနီရောင်ပြထားသည်က များ သောအားဖြင့် အဲ့ design ပုံစံဖြင့်လာလေ့ရှိသည်။အဝါရောင်ပြထားပေးသည်က အဲ့ design မလာလျှင် အနီရောင်ပြထားပေးသည့် ခေါင်းမှာ တဆင့်ခံသုံးပေးဖို့ အနီရောင်ခေါင်းမှာ တဆင့်ခံပေးရသည်။အဝါရောင် ခေါင်းကိုလေ!အနီရောင်ပြထားပေးသည့်ခေါင်းမှာတဆင့်ခံပေးဖို့ အဝါရောင်ပြထားသည့် ခေါင်းကိုသုံးချင်သူများ အတွက်ပါ။ပုံကိုထပ်ကြည့်လိုက်ပါရှင်းသွားအောင်လို့



အဲ့က power supply အုံမှာလာသော power cables များကိုကြည့်လိုက်ပါ။အနီရောင်ပြထားသောအဝိုင်းသည် ပုံမှန်ပါလာလေ့ရှိသောခေါင်းများဖြစ်သည်။ဘယ်ဘက်ကပုံမှာ အဖြူရောင်ပြထားသော အဝိုင်းသည်တကယ်လို့ သာ သူငယ်ချင်းများ power supply မှာလာသော power cables များထဲမှာ အဖြူရောင်ဝိုင်းထားသော cable သာမပါခဲ့လျှင် ညာဘက်ပုံက တဆင့်ခံကြိုးကို တပ်ဆင်ပေးရမှာပါ။သဘောပေါက်လောက်မယ်လို့ ထင်မိပါ တယ်။ကဲ motherboard ပေါ်မှာ SATA Hardisk တစ်လုံးတပ်ဆင်ရမယ့် motherboard ပေါ်က sata connector များကိုဆက်လက်လေ့လာကြရအောင်

အပေါ်က motherboard ပေါ်က SATA Hardisks များတပ်ဆင်ရမယ့် motherboard SATA connectors များပါ။အဲ့ပိုင်းမှာ သူငယ်ချင်းတို့ sata cable ကြိုးကိုတပ်ဆင်ပေးရမှာပါ။တပ်ဆင်မှုပိုင်းကတော့ sata cable ကြိုးကို motherboard ရဲ့ sata connectors များပေါ်မှာ ဖင်တပ်တပ်ခေါင်းတပ်တပ်ရပါသည်။နောက်တစ်ပိုင်း က power supply မှလာသော power cables များထဲမှ sata hardisk ရဲ့ power connector ပေါ်မှာ sata power cable ကိုတပ်ဆင်ပေးရမှာပါ။Power cable နှစ်မျိုးရှိတာကိုတော့ အပေါ်ပိုင်းမှာ ကျွှန်တော်ပြောပြီးသား ပါ။ကဲအဲ့လောက်ဆိုရင် IDE Hardisk ရော SATA Hardisk တပ်ဆင်မှုပိုင်းကို နားလည်မိတယ်လို့ ယူဆမိပါတယ်။

(2)RUN installation

RUN installation လုပ်ဖို့ဆိုလျှင် motherboard ပေါ်က run slot types အမျိုးမျိုးရှိပါတယ်။ DIMM / SIMM /RIMM ပေါ့။အဲ့လောက်ကအရေးမကြီးလှပါဘူး။ကိုယ်တပ်မယ့် run အမျိုးအစားနဲ့ကိုက်ဖို့နဲ့ ကိုယ့် board ကဘယ်လောက် MB/GB လောက်ထိလက်ခံပြီးတပ်လို့ရလဲ?Motherboard အမျိုးအစားလိုက်ရှိပါတယ်။တစ် ချို့ board များဆိုလျှင် dual ရွှေးတဲ့ board များတောင်ရှိပါတယ်။အပေါ်ပါ motherboard သည် run အမျိုးအစား dual ရွှေးသော ဘုတ်တစ်ခုပင်ဖြစ်သည်။တပ်ဆင်မယ်ဆိုရင် အစိမ်းနုရောင်တွေ့လား အဲ့နေရာမှာ တပ်ဆင်ဖို့ဆိုလျှင် အစိမ်းနုရောင် slot 2 ခုလုံးမှာ ram GB တူညီစွာတပ်မယ်ဆိုလျှင် အဆင်ပြေပါတယ်။Mhz တူညီမယ်ဆိုလျှင်ပိုလို့တောင် ကောင်းပါသေးတယ်။လူအများသိတာက ram တစ်ချောင်းကို mhz (ram speed)ကိုသိတာနည်းပါတယ်။သိတဲ့သူတော်တော်များများကတော့ ram ကို 1GB ဆိုတဲ့တစ်ချောင်းဆိုလျှင် 1GB လောက်ဘဲသိကြတာပါ။1GB ဆိုတာ ram တစ်ချောင်းရဲ့ data store လုပ်ဆောင်ပေးနိုင်တဲ့ အလုပ်လုပ် နိုင်တဲ့ ram chips များအကျယ်ဝန်းပါ။အဲ့ 1GB တစ်ချောင်းကိုမှာ 400Mhz/500Mhz ဆိုပြီးလာတာရှိပါသေး တယ်။အဲ့လို Mhz နဲ့ပြတာက 1GB ram တစ်ချောင်းရဲ့ speed(လုပ်ဆောင်နူန်းပါ။)

ပို့အဟောင်းမှာ ကျွှန်တော် ရေးထားဖူးပါတယ်။ကဲ အစိမ်းနုရောင် slot type မှာကျွှန်တော်က ram 1GB(500Mhz)ရှိတဲ့ ram နှစ်ချောင်းစိုက်ပါမယ်။ဘာလို့လဲမေးလာလျှင်တော့ dual board အနေထားကြောင့်ပါ။တလွဲစိုက်လို့ရလားလို့ မေးလာလျှင်တော့ စိုက်လို့ရပါတယ်။Dual စိုက်ပေးမှုထက်တော့ လျှင်မြန်စွာ data/information များကို လျှင်လျှင်မြန်မြန် အလုပ်လုပ်မည်မဟုတ်ပါ။အပေါ်ပုံသည်ရင်းနှီးသွားအောင် ပြသခြင်းဖြစ်သည်။


အရင်ဆုံး ram တစ်ချောင်း motherboard ပေါ်မှာရှိတဲ့ ram slots များပေါ်တပ်ဆင်ဖို့ဆိုလျှင် ပေါ်မှာပြထား သေား motherboard ပေါ်မှာပြထားသော အဖြူရောင်ပြထာသည့်အဝိုင်းသည် အောက်က ram မှာပြထား သော အနီရောင်ပြထားသည့်အဝိုင်းနှင့်အံကိုက်ဖြစ်အောင် လက်ကိုချိန်ဆပြီးမှ ဘေးနှစ်ဘက်က ram sticks များလည်း slot နှင့်အံ့ဝင်ပြီဆိုလျှင် တပ်ဆင်မှုပိုင်း ok သည့်အနေထားပင်ဖြစ်သည်။အောက်မှာကျွှန်တော်က အလားတူ dual board တစ်ခုကိုတပ်ဆင်ပြပေးပါမည်။



Ram တပ်မယ်ဆိုလျှင် အရင်ဆုံး slop type အမျိုးစားမှာရှိတဲ့ ဘေးနှစ်ဖက်ရှိ ကလစ်ကိုအောက်သို့ လက်ဖြင့်အ သာယာဖိပြီးအောက်သို့ဆွဲချပါ။ဆွဲချရာတွင် တအားလည်းမဖိရ အကြိုးလွယ်ဆုံးနေရာပင်ဖြစ်သည်(အဖြူရောင် ပြသထားပါသည်။ပြီးမှအပေါ်မှာကျွှန်တော်ပြောသလို အနီရောင်ဝိုင်းနှင့် အဖြူရောင်ဝိုင်းကို အံကိုက်ပြီလို့ ယူဆပြီးမှ တပ်ဆင်ပါ။ပြီးမှ ကလစ်ကို ညှင်သာစွာပြန်လည် ram ဘေးအံသို့ဝင်အောင်ပြန်လည်တပ်ဆင်ပါ။အဲ့ လောက်ဆိုရင်ကို ram installation ပိုင်း တီးခေါက်မိနေပါပြီ။နောက်တစ်ချက် ram တစ်ချောင်းကို ဝယ်ယူတပ် ဆင်မယ်ဆိုရင် Mhz တူညီပြီး Gb တူညီသော RAM များကိုတပ်ဆင်စေချင်ပါသည်။အောက်သို့ ဖတ်ကြည့်ပါ။
DDR2 RAM 1GB 400MHZ
DDR2 RAM 1GB 400MHZ
DDR2 RAM 512MB 500MHZ
DDR2 RAM 256MB 500MHZ

CD ROOM (OR)DVD ROOM Installation

CD ROOM(သို့မဟုတ်)DVD ROOM တစ်လုံးတပ်ဆင်ဖို့ဆိုလျှင် အမျိုးအစားနှစ်ပိုင်းကို သိရမယ်။ကိုယ်တပ် ဆင်ပေးမယ့် CD ROOM (OR) DVD ROOM ကဘာအမျိုးစားနဲ့တပ်ဆင်မှာလဲ?SATA အမျိုးစား style လို CD ROOM (OR)DVD ROOM အမျိုးအစားလိုတပ်ဆင်မှာလား?IDE အမျိုးစားလို CD ROOM (OR) DVD ROOM အမျိုးအစားတပ်ဆင်မှာလားပေါ့။ရှင်းသွားအောင်ပုံကိုကြည့်လိုက်ပါ။




အပေါ်ပုံသည် SATA style DVD ROOM ဖြစ်သည်။အောက်ပုံသည် IDE Style DVD ROOM ဖြစ်သည်။SATA style DVD ROOM ကိုတော့ပြောစရာလိုမည်မဟုတ်ပါ။Master slave မလိုဘဲ power connector မှာ power supply မှာလာသော power cable ကိုတပ် data connector မှာ sata cable ကိုတပ်ပေးပြီး sata cable နောက်တဆက်ကိုတော့ motherboard ပေါ်မှာရှိတဲ့ SATA connectors များမှာတပ်ဆင်ပေးလိုက်ပေါ့။လာပီ IDE Style DVD ROOM ဘယ်လိုတပ်ကြမလဲ?မေးစရာတော့ရှိတယ်တော် ဟဲဟဲ ကဲဒီကောင်က IDE Hardisk လို master/slave တော့ချိုးပေးရတာအမှန်ဘဲ။သူလည်း IDE Hardisk နည်းတူပါဘဲ။ဘာမှကွာတာမဟုတ်ဘူး။ ကိုယ်က motherboard က ide connector မှာဟက်ဒစ်နဲ့ CD ROOM တွဲတပ်မယ်ဆိုလျှင် ကိုယ်တပ်ဆင်ပေး ရမယ့် Hardisk က master ဆိုပါတော့။အဲ့အခါစကားတော့ပြောလာပီ ကိုယ်အခုတပ်ဆင်မယ့် CD ROOM က master အနေနှင့်ထားတပ်ပေးလို့တော့မရပါ။Slave ကိုတော့ jumper setting ထားချိုးပေးရမှာပေါ့။ချိုးနည်းက တော့ IDE hardisk ချိုးနည်းပါဘဲ။အပေါ်မှာ ကျွှန်တော်ရေးပြထားပါတယ်။တော်တော်များများ CD (OR)DVD ROOM များသည် master slave နှစ်မျိုးနှင့် ကြိုက်တာတပ်ဆင်လို့ရသောအမျိုးအစားက များပါသည်။အဲ့တော့ ကိုယ့် တပ်ဆင်မယ့် hardisk ပေါ်မှုတည်ပြီး ကြည့်ပြီး ဝယ်ဆင်မယ့် CD ROOM(OR)DVD ROOM များကို master လား?slave လား?ပေါ့။ကိုယ်ဝယ်ထားတာက hardisk က master အမျိုးအစားဖြစ်ပြီးမှတော့ CD ROOM (OR)DVD ROOM ကိုတော့ slave အမျိုးအစားဝယ်ပေးရမှာပေါ့။များသောအားဖြင့် master slave အမျိုးအစား နှစ်မျိုးလုံး တပ်ဆင်လို့ရသော CD ROOM(OR)DVD ROOM များကများလှပါသည်။ကိုယ်တပ်ဆင့် မယ့် CD ROOM(OR)DVD ROOM ကဘာအမျိုးအစားလဲကြည့်လိုသပဆိုလျှင်တော့ CD ROOM(OR)DVD ROOM ကို Hardisk ကြည့်သလိုပဲပေါ့။နောက်ကျောကိုကြည့်ပေးပါ။အောက်ကပုံကိုကြည့်ပါ




သည်ပုံက master slave နှစ်မျိုးလုံးသုံးလို့ရပါသည်။တပ်ဆင်မှုပိုင်းကိုသွားရအောင်။ကဲကျွှန်တော်က IDE style CD ROOM တစ်လုံးကိုပဲတပ်ပြလိုက်တော့မယ်။






အရင်ဆုံး motherboard ide connector တစ်ခုပေါ်မှာ ide cable ပိုင်းရဲ့အရှည်ဆုံးအပိုင်းဖြစ်တဲ့ master/slave မဟုတ်တဲ့အောက်ဆုံးပိုင်း motherboard ide cable ပိုင်း နဲ့ တပ်ဆင်ပေးပါ။


ခုတပ်ပြမယ့် IDE style CD ROOM က master/slave မရွှေးတဲ့အတွက် jumper setting ပိုင်းကိုမချိုးတော့ ပေးတော့ဘူး။ဒီအချိန်မှာ သတိထားရမယ့်အချက်က ခု hardisk နဲ့ CD ROOM တွဲတပ်ပေးမည်ဖြစ်တဲ့အတွက် Hardisk ကလည်း master jumper setting ဖြစ်တဲ့အတွက်(IDE Hardisk master jumper ချိုးနည်းကို အပေါ်မှာတပ်ပြပေးထားပါသည်)လောလောဆယ် CD ROOM ကလည်း master/slave မရွှေးသည့်အတွက် ကျွှန်တော်က IDE cable ရဲ့ slave ပိုင်းဖြစ်တဲ့ ဒုတိယပိုင်းနဲ့တပ်ဆင်ပေးပေါ့။IDE Cable slave ပိုင်းကို CD ROOM ရဲ့ Data connector(ခုကြိုးတပ်ထားသည့်အပေါက်)လည်းတပ်ဆင်ပြီးပြီ။အောက်ပိုင်းမှာ power supply မှလာသော power cable ကို CD ROOM ရဲ့ power connector ကိုတပ်ဆင်ပုံကိုအောက်မှာ ဆက်ကြည့်ကြစို့



ကဲ power supply မှလာသော power cable ကို CD ROOM ရဲ့ power connector မှာတပ်ဆင်ပေးပေါ့။ဒါဆို လျှင်ဘဲ CD(OR)DVD ROOM installation ပိုင်းပြီးပီလို့ဆိုလို့ရပါတယ်။
(6)FLOPPY DRIVE installation
အရင်ဆုံး FLOOPY DRIVE installation လုပ်ဖို့ဆိုရင် floopy drive/floopy cable/power supply မှလာသော floopy power connector ကိုတော့ရင်းနှီးအောင်တော့လုပ်ရမယ်။

အပေါ်ပုံသည် ညာဘက်ကပုံသည် floppy drive ကို motherbard ပေါ်မှာရှိတဲ့ floppy connector တစ်ခုပေါ် မှာတပ်ဆင်ပေးဖို့ floppy data cable တစ်ချောင်းပင်ဖြစ်သည်။1ဆိုတာသည် floppy Drive:A တစ်ခုကိုတပ် ဆင်ပေါ်ရမည့်အပိုင်းဖြစ်သည်။Floppy 2လုံးတပ်ရင်ပေါ့။ပထမအလုံးကိုအပေါ်ဆုံးအပိုင်းဖြစ်တဲ့ 1 ပိုင်းမှာတပ် ပေးပေါ့။2ဆိုတာသည် floppy Drive:B တွင်တပ်ဆင်ရမည့်အပိုင်းဖြစ်သည်။ဒုတိယ floppy drive တစ်လုံးဝယ် လာသည်ရှိသော် 2 ပိုင်းနဲ့တပ်ပေးပေါ့။3ဆိုသည့်အပိုင်းမှ motherboard floppy connector ပေါ်တွင်တပ် ဆင်ပေးရမည်ဖြစ်သည်။ဘယ်ဘက်ကပုံသည် အနီရောင်ဝိုင်းထားသည့်အပိုင်းသည် floppy drive တစ်လုံးရဲ့ floppy power connector ပိုင်းတွင်တပ်ဆင်ပေးရမည်ဖြစ်သည်။ဘယ်ကက ပုံသည် တဆင့်ခံကြိုးဆိုလည်း ဖြစ်ပါသည်။

သည်ပုံသည် အနီရောင်ပြထားသော နေရာသည် ကျွှန်တော်အပေါ်မှာပြောသလို floppy data cable ကိုတပ် ဆင်ပေးရမည့်အပိုင်းဖြစ်သည်။Floopy drive တစ်လုံးကိုတပ်ဆင်မယ်ဆိုလျှင်တော့ floopy Drive:A ပိုင်းနဲ့တပ် ဆင်ပေးပေါ့။နှစ်လုံးဝယ်လာလျှင်တော့ second အလုံးကို floopy Drive:B ပိုင်းမှာတပ်ဆင်ပေးပေါ့။အပြာရောင် ပြထားသည့်နေရာသည် floopy power connector တပ်ဆင်ပေးရမည့်အပိုင်းဖြစ်သည်။အပေါ်ကပုံမှာ ပြထား သည့် အနီရောင်ပြထားသော cable ပိုင်းနဲ့တပ်ဆင်ပေးပေါ့။ကြိုးက power supply တစ်လုံးဝယ်လျှင်ပါပါသည်။ ကျွှန်တော်အပေါ်မှာ ပြထားသောပုံသည် တဆင့်ခံကြိုးဖြစ်သည်။နှစ်လုံးသမားများအတွက်ပေါ့။အောက်မှာဆက် ကြည့်ပေးပါအုံး။Motherboard တစ်လုံးပေါ်မှာရှိတဲ့ floopy connector ဆိုတာဘာလဲပေါ့။(တော်တော်များများ အမဲရောင် connector များနှင့်လာတာများပါသည်)
သည် အဖြူရောင် motherboard floopy connector ပါ။ကဲရင်းနှီးသွားရင်တပ်ဆင်မှု ပိုင်းကိုစလိုက်ကြရအောင်

ပုံမှာက အပေါ်ပုံသည် motherboard floopy connector(အမည်းရောင် connector type ပါ)အောက်ကပုံ သည် အဖြူရောင် motherboard floopy connector ပါ။ကဲရင်းနှီးသွားရင်တပ်ဆင်မှု ပိုင်းကိုစလိုက်ကြရအောင်

အရင်ဆုံး floppy cable အောက်ဆုံးပိုင်းဖြစ်တဲ့ motherboar floppy cable ကို motherboard floppy connector ပိုင်းမှာတပ်ဆင်ပေးပေါ့

ပြီးလျှင်တော့ powersupply မှလာသော floppy power cable ကို floppy drive power connector ပိုင်းမှာ တပ်ဆင်ပေး/ပြီးလျှင်တော့ floopy cable ပိုင်းရဲ့ထိပ်ဆုံးပိုင်းဖြစ်တဲ့ floppy Drive:A ပိုင်းနဲ့ floppy drive data connector ပိုင်းမှာတပ်ဆင်ပေးပါ။Floppy Drive တစ်လုံး installation ပိုင်းပြီးပီလို့ဆိုရပါမယ်။
(7)Graphic Card installation
Graphic Card installation ပိုင်းကိုပြောဖို့ဆိုလျှင် ကိုယ်သက်ဆင်သော graphic card အမျိုးအစားကိုသိရ ပါမယ်။ပြီးတော့ ဘယ်လောက် graphic memory GB တပ်ဆင်မလဲ?ဘယ်လို card မျိုးတပ်ဆင်မှာလဲ?ပြီး တော့နည်းနည်းပြောပြမယ်။Graphic card ပိုင်းနဲ့ပတ်သတ်ပြီးတော့/Graphic card မှာ နှစ်မျိုးရှိတယ် အရင်တုန်းက တပ်ဆင်ခဲ့တဲ့ graphic card အမျိုးအစားများသည် VGA graphic card များဖြစ်ကြသည်။ယခု နောက်ပိုင်း card များသည် AGP card များပင်ဖြစ်သည်။Graphic ကဒ်တစ်ခုတပ်ဆင်ရာတွင် system memory(ram)နဲ့ ၄:၁ လောက်ယူတာ အကောင်းဆုံးအနေထားပင်ဖြစ်သည်။ဥပမာ system ram က 2GB လောက်ဆိုလျှင်တော့ graphic card တပ်ဆင်မှုပိုင်းတွင် 512MB လောက်တပ်ဆင်မယ်ဆိုလျှင် ကောင်းသော အနေထားတစ်ခုပါ။ကဲအရင်ဆုံး ဘယ်မှာတပ်ရမလဲလို့မေးလာလျှင်တော့ motherboard ရဲ့ graphic card တပ်ဆင်ရမယ့်နေရာကိုသိရပါမယ်။

ပုံမှာပြထားသည်က အပြာရောင် ဘောင်ခတ်ထားသည်က pci slots များပင်ဖြစ်သည်။PCI slots များသည် အဖြူရောင် slot types များနှင့်လာလေ့ရှိပါသည်။အရင်တုန်းကတော့ ISA slot types များနှင့်လာလေ့ရှိသည်။ ဒီခတ်မှာတော့ ထို slot types များသည်ခတ်ကုန်လောက်ပီလို့ဆိုရပါမယ်။ကဲပုံမှာက AGP slot type ကိုတွေ့လား?အဲ slop type နဲ့ကိုက်ညီမယ့် AGP graphic card တစ်ကဒ်ကိုတပ်ဆင်ပေးရမှာပါ။

ဒီပုံကတော့ AGP graphic card အမျိုးသားပါ။အဝါရောင်ပြထားသော အဝိုင်းကိုတွေ့လား အဲ့ပိုင်းက monitor မှာလာသော

Monitor data supply cable နဲ့တွဲတပ်ဆင်ပေးရမှာပါ။အပေါ်ပုံ AGP graphic card နောက်က port(အဝါရောင်ပြထားသော port သည် serial port ဖြစ်သည့်အတွက် monitor data supply နှစ်ခုပြထား သည့်အနက်မှာ parallel port cable နဲ့တပ်ဆင်ပေးမှ အံ့ဝင်ကျမည်ဖြစ်သည်။ကိုယ့်စက်မှာ graphic card တပ်ဆင်သူတွေကတော့ graphic card နောက်ကရှိတဲ့ port များနဲ့ monitor data supply cable နဲ့တပ်ဆင်ပေးမှ သာ ကိုယ့် computer သည် graphic ပိုင်းလုပ်ဆောင်ပေလိမ့်မည်။ကဲတပ်ဆင်မှုပိုင်းစကြရအောင်


အရင်ဆုံး AGP graphic card စိုက်ဖို့ဆိုရင် AGP slot မှာအံ့ကျအောင်တပ်ပေးပါ။





ပြီးလျှင် graphic card ကို system unit မှာ တည်ငြိမ်ဖို့ screw ကိုကြပ်ပေးပါ။ပြီးလျှင်တော့ graphic card ကို system unit အံဝင်ပြီးဖြစ်တဲ့အတွက် monitor မှာဝင်အောင်တော့ အောက်ကပြထားသော ပုံပါ graphic data port 2 ခုကို ကိုယ့် monitor ရဲ့ data supply cable နဲ့တပ်ဆင်ပေးပေါ့။ဒါဆိုရင် Graphic installation ပိုင်းပြီး ပီလို့ဆိုရပါမယ်။

(8)POWER SUPPLY installation
ကဲ power supply installation ပိုင်းကိုစကြရအောင်။Casing တစ်လုံးတပ်ဆင်တော့မယ်ဆိုရင် အတူတွဲပါလာသော power supply ကိုပါမေးမြန်းသင့်သည်။ကိုယ် တပ်ဆင်မယ့် power supply က 350W(OR)400W(OR)450W လား?400W လောက်ဆိုလုံလောက်ပါတယ်။များသောအားဖြင့် Casing နဲ့အတူ တွဲပါလာပါတယ်။အသစ်သမားတွေကတော့ အောက်မှသိသလောက်တော့ ပြောပြပေးမယ်။





အပေါ်ပုံသည် power supply တစ်လုံးမှ motherboard တစ်လုံးကို တစ်ခြား hardware devices များကို power ရအောင်တပ်ဆင်ပေးသော power cables များပင်ဖြစ်သည်။



အရင်ဆုံး ကိုယ်တပ်ဆင်မယ့် power supply တစ်လုံးကို casing ပိုင်းရဲ့ power supply တပ်ဆင်မယ့်ပိုင်းမှာ နေရာယူပေးပါ။



ဒါလောက်ဆိုရင်ကို အံ့ဝင်နေပြီလို့ပြောလို့ရတယ်။ကိုယ့်ဘာသာ ချိန်ကိုက်ကြည့်ပေါ့ မဟုတ်လား ဟဲဟဲ



ပြီးလျှင်တော့ ကျွှန်တော်ပြထားသော အဖြူရောင်ဝိုင်းထားသော screws များကိုလိုက်ကြပ်ပေးပေါ့။အနီရောင်ပြ ထားတာသည့်နေရာမှာ Main power cable(Monitor lead) နဲ့တပ်ဆင်ပေးပေါ့။အောက်မှာပြထားပါသည်။

ဒီလောက်ဆိုရင် POWER SUPPLY installation ပိုင်းပြီးပြီလို့ဆိုရပါမယ်။
(9)Monitor installation


ကဲ monitor installation ပိုင်းကိုပြောရမယ်ဆိုလျှင် monitor ပုံတော့မပြပေးတော့ဘူး။Monitor မှလာသော cable ကြိုးနှစ်ကြိုးရှိသည်။တစ်ကြိုးက ကိုယ့် casing ပိုင်းမှာတပ်ဆင်ပေးရပါတယ်။တစ်ကြိုးကတော့ monitor ကို power ရအောင် မီးပလက်ပေါက်မှာတပ်ပေါ့ ဟဲဟဲ။နောက်တစ်ကြိုးကတော့ monitor data supply ကြိုးပါ။Monitor တစ်လုံးနဲ့ casing ကိုဆက်သွယ်မှုရအောင်ပေါ့။ဘယ်မှာတပ်ဆင်ရမလဲ ဆိုလျှင်တော့ casing ပုံးနောက်မှာရှိတဲ့ input/output shields နောက်က ports များထဲမှ serial port/parallel port ဆိုတာရှိတယ်။Casing လိုက်တော့ကွဲပြားမှုရှိတာပေါ့။ကိုယ့် monitor data supply cable က serial လိုက်လာလျှင်တော့ ကိုက်ညီအောင် parallel port မှာတပ်ပေးပေါ့။အပေါ်မှာအဖြူရောင်ဝိုင်းပြထားပါသည်။( သို့မဟုတ်)monitor data supply cable က parallel ဖြစ်လာလျှင်တော့ serial port မှာတပ်ပေးပေါ့။ကိုယ် တိုင်တပ်ဆင်ကြည့်ရင်တော့ အဲ့လောက်မခက်ပါဘူး။ပြောပြတာထက်ပေါ့လေ။

ကဲ knowledge ရအောင်မှတ်သွားပေးအုံး။အပေါ်ပုံမှာ အနီရောင်ပြထားတာကိုတွေ့လား?Keyboardကိုတဆင့် ခံထားတာလေ။အဲ့လိုမျိုး casing ပိုင်းကို keyboard port ကို keyboard cable တပ်ဆင်ဖို့ တဆင့်ခံပစ္စည်းများ တွေ့လျှင်မသုံးမိပါစေနှင့်။ကိုယ့် data/information များပါသွားနိုင်ပါတယ်။သိထားတော့ ကိုယ်ကရှောင်လို့ရတာ ပေါ့မဟုတ်လား။အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေဗျာ(အေးမင်း)

ဒီပို့စ်ကို PDF FILE လိုချင်ရင်

1 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

အောင်နိုင်,  August 18, 2011 at 7:49 AM  

အစ်ကို ရေးထားတာ ကောင်းပါတယ် ဆက်လက်ကြိုးစားပါ အစ်ကို