Friday, October 15, 2010

22 year full birthday



ဒီနေ့က ကျွှန်တော့်ရဲ့ ၂၂ နှစ်ပြည့်တဲ့မွေးနေ့ပါ၊ထို့အတူ ဘလော့လ်ကလည်း တစ်နှစ်ပြည့် သက်တမ်းပေါ့။ ခုလိုမနက်စောစော စီးစီးမှာစာလာဖတ်သော ဘလော့လ်ဂါညီအစ်ကို မောင်နှမများနှင့် သူငယ်ချင်းများအားလုံး စိတ်ချမ်းသာခြင်း ကိုယ်ချင်းသာ ခြင်းနှင့်ပြည်စုံပြီးတော့ေ၇ှ့ဆက် တိုးတက်အောင်မြင်ပါစေ လို့ကျွှန်တော်ဆုတောင်းပေးလိုက်ပါတယ်။ထို့အတူ ကျွှန်တော့်ကို မွေးဖွားပေးခဲ့သော အဖေနှင့်အမေကို လည်းကျွှန်တော့်မွေးနေ့မှာ ကျန်းမာစွာရှိချင်စေသလို ကျန်သော ကိုယ့်ထက်အသက် ကြီးသော လူများအားလုံးကိုလည်း ကန်တော့လိုက်ပါတယ်။ကျွှန်တော်နာမည်ကို ပြောရရင်တော့ ပီးသားပေါ့ ဟီး။နေတာက ဘဘုန်းကြီးကျောင်းမှာ အမှီစွဲပြီးနေတာလေ
ဆက်သွယ်ရန်လိပ်စာကတော့ လမ်းမတော် ဘုန်းကြီးကျောင်းလို့သာ မှတ်ထားလိုက်နော် စနေတာ တကယ်လည်း နေတယ်မမှတ်နဲ့ဦး နာမည်ရင်းက အေးမင်းအောင်ပါ။လူမျိုးက မွန်ပါ။နေတာကတော့ ရန်ကုန် မြောက်ဒဂုံမှာနေတာဆိုပါတော့။ချစ်သူကတော့ ခုမှရှာတုန်း ဘယ်သူကကြိုက်မှာလည်း ကျွှန့်တော့်ကိုလေ ဒါကတော့ top secret လို့မှတ်ထားပေးနော်။ကျွှန်တော်ကတော့ မွေးနေ့ကိုရောက်တိုင်း ကောင်းမှုတစ်ခုလောက်တော့ ကျန်အောင်လုပ်တယ်။လူဘဝဆိုတာ တစ်ခနပါ။ရလာတဲ့ လူ့ဘဝတိုတိုလေးမှာ ကောင်းတာတွေနဲ့ပဲ ဘဝကိုပြီးပြည့်စုံသွားခြင်ပါတယ်။ခုလက်တစ်လော ကျွှန်တော်တို့တွေ တွေ့ကြဆုံကြဆို တာတစ်ခနတာတွင်းလေးပါ။လူဆိုသာက အားလုံးက ဒုက္ခသည်တွေ ချည်းပါဘဲ ဆရာတော်ဦးဇဝန ပြောသလိုပါဘဲ လူဆိုတာလည်း ထမင်းစားပြီးသေနေ့ကိုစောင့်နေရတယ် ရဟန်းလည်းဒီလိုဘဲ ဆွမ်းစားပြီး စောင့်နေရတယ် တခြားသောတိရစ္ဆာန်ဘုံသတ္တဝါများလည်း အလားတူပါဘဲ။ကျွှန်တော်ပြောချင်တာက ညီအစ်ကိုမောင်နှမများအားလုံး လူဘဝတွေ့ကြဆုံကြ တစ်ခနလေးအတွင်းမှာ ကျန်သော အစ်ကိုမောင်နှမ များနှင့်တခြားသော မိတ်ဆွေများကိုလည်း ကောင်းတာတွေဘဝမှာ ဖြစ်သွားစေချင်တာပါ။

နည်းနည်းလောက် ပြေပြမယ်နော်။ဆရာကြီးလုပ်တယ်လို့သော စိတ်ထဲမမှတ်ထားပါနဲ့နော် လူဆိုတာ လက်ကျန် ဘဝကိုကျွှန်တော်တို့တို့ ဖြတ်သန်းကြတယ်လေ တစ်ချိန်အိုကြဦးမယ် သေကြဦးမယ် ဒါတွေက ဖြစ်လာမှာပါ။ပိုက်ဆံဆိုတာက သေရင်ပါမှာမဟုတ်ပါဘူး ထို့အတူကျွှန်တော်တို့ လက်၇ှိ ကိုယ်ပိုင်ပစ္စည်းမပြောနဲ့ ကျွှန်တော်တို့ ခန္တာတောင် သေရင်မပါပါဘူး။ထို့အတူပါရင် ကျွှန်တော်တို့ နဲ့အတူ ပါလာမှာက ကောင်းမှုတစ်ခုတည်းပါ။ဘယ်လိုပြောပြော အားလုံးဒီဘဝဒီတစ်ခနမှာ တွေ့ကြတဲ့လူတွေဆိုတာကလည်း အားလုံးက ညီအစ်ကိုမောင်နှမတွေချည်းပါဘဲ။ဒီထမင်းစား ဒီလမ်းသွားဆိုတာကြီးပါ။လက်ကျန်ဘဝကို ပျော်အောင်နေကြပြီး ကောင်းသော လောကကို အကျိုးပြုနိုင်သော လူများဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။လက်တလော ကျွှန်တော်ကပေးစရာတော့ ဘာမှတော့မ၇ှိဘူး။ကျွှန်တော့် ဘလော့လ်ကို လာလည်တဲ့သူငယ်ချင်းများအားလုံးနဲ့ မိတ်ဆွေအားလုံး ညီအစ်ကိုမောင်နှမအားလုံးကို ဓမ္မလက်ဆောင်တစ်ခုပေးပါရစေ။ဒါက ဆရာတော် အရှင်ဦးဇဝနဟောကြားတဲ့ လူဖြစ်ရခြင်းရည်၇ွှယ်ချက်ဆို တာလေးပါ။ကျွှန်တော် ညအိပ်တိုင်း အနည်းဆုံး တစ်ပါတ်ကို အဲ့တရားကို သုံးခါလောက် ဖွင့်ဖြစ်ပါတယ်။အသိတရားလေးဝင်ဖို့ နာတာပါ။လေရှည်သွားတဲ့ ကျွှန်တော့် စကားပြောတာကို စိတ်၇ှည်အောင် နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ပျော်ရွှင်ပါစေ။အပေါ်ကမွေးနေ့ကိတ်ပုံကြီးကတော့ ကိုယ်တိုင်ဆွဲ ကိတ်လေးပေါ့။ဗိုက်ဆာတက်ရင် ဖဲ့စားနော် မွေးနေ့လက်ဆောင်ပေးစရာမလိုဘူး။အဲ့ ကိတ်ကြီးက မကုန်ဘူးစိတ်ချ ကြိုက်သလောက်စား ဟီး။

10 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်:

khin oo may October 15, 2010 at 5:28 PM  

16 Oct 10, 03:27 AM
kom: မွေးနေ့မှာ ပျော်ရွင်ပါစေ။

norman October 15, 2010 at 5:41 PM  

happy birthdayပါ ညီလေးရေ။
ဆန္ဒနဲ့ဘဝ တသားတည်းကျပါစေ။

ပေတူး October 15, 2010 at 6:29 PM  

ဟတ်ပီ ဘတ်ဒေလ်ပါ ဖိုးသား။ တစ်ခါမှ မရောက်ဖူးဘူး။ ဒီနေ့မှ အမခင်ဦးမေ ဆိုဒ်မှာတွေ့လို့လာလည်သွားပါတယ်။

မွေးနေ့မှာ ပျော်ရွှင်ပါစေ....

Anonymous,  October 15, 2010 at 7:11 PM  

ကိုဖိုးသား ရေ

မွေးနေ့ပွဲကို စောစောစီးစီး လာသွားတယ်နော် ကိတ်မုံ ဖုတ်တတ် လိုက်တာ အဲ ဆွဲတတ်လိုက်တာ မကုန်အောင် စားသွားပါတယ်

ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

TYZ October 15, 2010 at 9:20 PM  

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ မောင်လေး ဖိုးသားရေ။ အေးချမ်းစွာနဲ့ ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကိတ်လေးတစ်ဖဲ့ပဲ စားသွားတယ်နော်။ စကားမစပ် အစ်မလည်း မွန်လူမျိုးပါ။ အိမ်အလည်လာတဲ့အတွက်လည်း ကျေးဇူး...။

ယွန်း October 15, 2010 at 11:11 PM  

မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်(ဘ၀မှာ) ပျော်ရွှင်ချမ်းမြေ့ ပါစေ

ခင်မင်တဲ့
ယွန်း

ဒေါင်းမင်း,  October 16, 2010 at 12:36 AM  

မွေးနေ့မှာပျော်ရွင်ပါစေဗျာ။ကိတ်မုန့်ကတစ်ခုထဲဆိုတော့မ၀ဘူးနော်.ဟင်းဟင်း..
ထပ်ကြွေးအုံး....
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ကိုဇော် October 16, 2010 at 6:29 PM  

ပျော်ရွှင်သော မွေးနေ့ ပွဲလေး ဖြစ်ပါစေ။
16.10.2010 မှာ ကျရောက်သော မွေးနေ့မှ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဗဟုသုတတွေ ဝေမျှရင်း အရာရာမှာ အောင်မြင်ပါစေ။

( အစ်ကို မိသားစု ကိစ္စတွေကြောင့် စိတ်ကပဲ ရောက်ပြီး လူက အရောက် နောက်ကျသွားတယ် ညီရေ။ ပျော်ရွှင်ပါစေကွာ.. )

Anonymous,  November 7, 2010 at 10:14 AM  

မင်္ဂလာ မွေးနေ့ပါ ဖိုးသားရေ
သေရင် ကောင်းမှုပဲ ကိုယ်နဲ့ပါမယ့်အကြောင်း ရှင်းပြထားတာ သဘောကျတယ်။ အဖိုးတန် သတိပေးစာအတွက် ကျေးဇူးအထူး

ဖိုးသား November 12, 2010 at 5:29 AM  

ဟုတ်ကဲ့ လာလည်သွားတဲ့ fris and readers များကို ကျေးဇူးတင်ပါတယ် ခင်ဗျာ