Thursday, October 21, 2010

Hardware knowledge

အရင်တုန်းက ကြာတော့ကြာခဲပါပီ။ကျွှန်တော် ဒီကိုစစရောက်ချင်းက ဆိုပါတော့ သူငယ်ချင်းတစ်ယောက် အကူညီတောင်းပါတာ။မြန်မာက သူငယ်ချင်းဆိုပါတော့။Computer hardware ပိုင်းပုံတွေ ပို့ပေးလိုက်တယ်။ပုံ ၁၃၀ ကျော်လောက်ရှိမယ် ထင်တာပဲ။သူက ဒီလိုအကူညီတောင်းတာပါ။ခုပို့ပေးတဲ့ hardware ပိုင်းတပ်ဆင်ပုံ တွေကို တပ်နိုင်သလောက် ၇ှင်းလင်းအောင် ပုံတွေကို နာမည်နဲ့စာတွေကို နိုင်သလောက်လုပ်ပေးပါဆိုလို့ လုပ်ထားပေးတာပါ။အဲ့တုန်းက xp သုံးနေခိုက်ဆိုတာ့ os 7 paint လောက်တော့ လှပအောင် မပြင်ဆင်နိုင်ခဲ့ ပါဘူး။ဘယ်လိုဖြစ်ဖြစ် ကြည့်ရတာ အဆင်ပြေအောင်တော့ လုပ်ထားပေးပါတယ်။ကျွှန်တော်လည်း ကွန်ပျူတာကို လေ့လာဆဲ တစ်ယောက်ပါ။ဒီဘလော့လ်ရေးရခြင်းကလည်း သူငယ်ချင်းများ အချင်းချင်း knowledge ဖြန့်ဝေခြင်းသဘောသလို ကျွှန်တော်ထက်သိသော မောင်နှမများလည်းပါချင်ပါမှာပါ။




ဘယ်လို ပဲဖြစ်ဖြစ် သိတဲ့ အစ်ကိုများကလည်း သိသလောက်တော့ ပြောပြပေးခဲ့ပါ။ဥပမာ ဆိုပါတော့ ဒီဘလော့လ်ကို library တစ်ခုလို့သဘောထားလျှင် ကျွှန်တော်က writer and supervisor ရေးသားသူနှင့် ကြီးကြပ်သူ ဆိုပါတော့။စာဖတ်သူများက visitors to my library လို့ပဲဆိုရမှာပေါ့လေ။စာတွေကိုဖတ်မယ် ပြီးလျှင် ကောင်းသော စာတွေသိသမျှ ၇ှိတာလေးတွေ ၇ှိရင် ခြေရာချန်ထားခဲ့ပေးပါ။ထားခဲ့ပေးသော စာများကို နောင့်လူဖတ်လို့ရသလို ကျွှန်တော်လည်း အသိပညာဗဟုသုတ များစွာတိုးပါတယ်။နောင်ဖတ်သူများလည်း အကျိုးရှိသလို ကျွှန်တော်ရေးသားသူဖတ်ကလည်း မှတ်မိပါတယ်။စာရေးရခြင်းအတွက်လည်း များစွာ တိုးတက်မှုရှိပါတယ်။ဒီတိုင်းလေ့လာတာထက် ဒီလို သိသမျှမှတ်သမျှလေးတွေ ချရေးတာဟာ တော့ knowledge present % ပိုတိုးတက်တယ်လို့တော့ ယူဆမိပါတယ်။ဘယ်လိုဖြစ်ဖြစ် ဒီဘလော့လ်ကို လာရောက်တဲ့ သူငယ်ချင်းများဟာ ကိုယ်ရဲ့သူငယ်ချင်းများဖြစ်တာနှင့်အညီ ကောင်းသော စာများရှိလို့ ပို့စ်တစ်ခု အနေနှင့်တင်ပေးရမယ်ဆိုလျှင် ကျွှန်တော့် gmail ကို chat box အောက်မှာ ထားထားပေးပါတယ်။ပို့ပေးပါ။ကျွှန်တော်က blog menu bar မှာ my friends များဆိုပြီး menu bar တစ်ခု လောက်ထပ်ထည့်မယ်လို့တော့ စဉ်းစားမိတယ်။လေရှည်သွားပါတယ် အောက်မှာ downloading လုပ်လိုက်ပါအုံး။လာလည်တဲ့ သူငယ်ချင်းများလည်း ကျေးဇူးတင်ပါတယ်။ပုံတစ်ပုံကို အပေါ်မှာ နမူနာပြထားပေးပါတယ်။Media fire ကနေ Upload တင်ထားတာမို့လို့ အဆင်ပြေမှာပါ။ပျော်ရွှင်ပါစေ ခင်ဗျာ။Tile ကဘာပေးရမှန်းမသိလို့ hardware knowledge လို့ပေးထားပါတယ်။
http://www.mediafire.com/?eywxiywuxfimn0i
ဒီပို့စ်ကို PDF FILE လိုချင်ရင်



0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: