Sunday, October 3, 2010

Basic input / output system(standard cmos features)

ကျွှန်တော်တစ်ခါက bios အကြောင်းကို ရှင်းပြမယ်လို့ ပြောဖူးပါတယ်။လက်တလော့ ကျွှန်တော်လေ့လာခဲ့တဲ့ အခြေအနေဆိုတာ ကွာခြားကောင်းလည်းကွာ ခြားနိုင်ပါတယ်။လူတစ်ယောက် မတူညီနိုင်ပါဘူး။လက်တလော့ ကျွှန်တော်သိတဲ့ လေ့လာခဲ့တဲ့ ပညာကို မျှဝေခြင်းလို့ပဲ သတ်မှတ်ပေးပါ။ကျွှန်တော်လည်း တစ်ခေါက်လောက် revision ပြန်တယ်လို့ သဘောထားပေးပါ။ခု bios ဆိုတာက basic input output operation system ပါ။ဘယ်လိုကြောင့် ခေါ်ဆိုတာလည်း ဆိုလျှင် လက်ရှိသုံးနေတဲ့ window os system ကို bios ကနေထိန်းချုပ် လို့ရသလို လက်ရှိ သုံးနေတဲ့ ကွန်ပျူတာ hardware ပိုင်းပစ္စည်းအားလုံးကို ထိန်းချုပ်ထားခြင်း သဘောပါ။ဒါ ဆို bios ဆိုတာဘာလည်း ဘယ်နေရာမှာရှိတာလည်း ဆိုရင် motherboard ပေါ်ကိုကြည့်ပါ။လက်ရှိ foxcoon motherboard တစ်ခုကို နမှုနာတစ်ခုအနေနှင့်ပြပေးမယ်။






လက်တလော အပေါ်ကပုံမှာက foxcoon motherboard အမျိုးအစား PhoenixBiox အမျိုးစားဖြစ်ပါတယ်။ခုပြထားပေးတာက rom ထဲမှာ bios program ကိုရိုက်ထည့် ထားခြင်းဖြစ်ပါသည်။တစ်ချို့ motherboard တွေမှာဆို ကျွှန်တော်လက်တလော ပြထားတဲ့ပုံနေရာမှာ ထားလေ့မရှိဘဲ input output shields များရှိရာ မှာကပ်လျှက်ထားပြီး bios chip အပြားကို Rom ထဲမှာထည့်သွင်းလေ့ရှိပါတယ်။ဘယ်လို ကြောင့် Rom မှာထည့်သွင်းရတာလည်း?Ram မှာထည့်သွင်းရင် မီးပြတ်လို့ power off ဖြစ်သွားရင် လည်းပျက်တယ်လေ။Hardrive မှာထည့်သွင်းရင်ကော မဖြစ်နိုင်ဘူး။ဘာလို့လည်းဆိုတော့ computer ကိုဖွင့်လိုက်လို့ hardisk and floppy disk တို့အသိမှတ်မပြုခင် keyboard နဲ့ cpu ကြားမှာ အဆက်အသွယ် တစ်ခုရဖို့လိုအပ်နေပီ။ဒါကြောင့် rom ထဲမှာထည့်သွင်းခြင်းပါ။Rom ဆိုတာက ram လိုတော့မဟုတ်ဘူး။ဒီကောင်က မီးပျက်လည်း အထဲက details အချက်လက်များ ဟာပျက်မှာမဟုတ် ပါဘူး။Company ကချပေးထားသည့် အထိုင်း original ထည့်သွင်း ထားပေးခြင်းဖြစ်သည်။
ကဲ cmos အကြောင်းလေးကို ဆက်ကြည့်၇အောင်။လက်၇ှိ bios ဆိုတာ program တစ်ခု။မပျက်အာင် rom ထဲမှာ ထည့်သွင်းထားခြင်း ဖြစ်သလို သူနဲ့ တိုက်ရိုက်ဆက် သွယ်နေတဲ့ အုပ်စု နှစ်ခုရှိပါတယ်။Changeable group and unchangeable group ဆိုပြီး နှစ်အုပ်စုရှိပါတယ်။Changeable group ပြောင်းလည်းတဲ့ အုပ်စု ကဘယ်လို bios နဲ့ဆက်သွယ် မလိုလည်း ဆိုလျှင်တော့ လက်ရှိ keyboard and mouse ထားပါစို့။ဒီကောင်တွေက ဝယ်လာရင်လည်း သူ့ company တံဆိပ် သူ့ အမျိုးအစား series လိုက်ပေါ့။Hardware ပိုင်းပစ္စည်းတွေ မှာ တပ်လိုက်လို့ရှိ၇င် သူ့ရဲ့ information တွေလည်း ပြောင်းလည်း မှာ မဟုတ်သလို company တံဆိပ်တွေလည်း deatails အလိုက်ဝင်နေမှာ ဖြစ်ပါတယ်။Unchangeable group ပြောင်းလည်း တဲ့အုပ်စု ဘာကိုဆိုလိုတာဆိုတော့ ခုကျွှန်တော့်စက်က hardisk 320GB 7200 rpm လည်ပတ်နူန်း company က Seagate အမျိုးအစားက sata or serial ata လို့ခေါ်တယ်ဆိုတော့။နောက်တစ် လုံး ide hardisk 5600 rpm 500GB Hitachi company ထုတ်တစ်လုံးကို တပ်မယ် ဆိုလျှင် hardisk အသစ် တပ်ဆင်လိုက်သော hardisk က bios က အဟောင်း sata hardisk မှာအစားထိုးသွားဝင်မှာ ဖြစ်ပါတယ်။GB ဂစ်တွေ လည်းပြောင်းလည်းသွား မှာဖြစ်သလို rpm hardisk လည်ပတ်နူန်းတွေလည်း auto ဝင်ရောက်ချိန်း သွားမှာ ဖြစ်ပါတယ်။ဘယ်လိုကြောင့် ချိန်းပေးပြီး auto မှတ်ပေးထာလည်း။အပေါ်က ကျွှန်တော်ပြောတဲ့ cmos နဲ့သက်ဆိုင်ပါတယ်။Cmos ဆိုတာက chip အမျိုးအစား ရှိပါတယ် battery အမျိုးအစားရှိ ပါတယ်။။Motherboard မှာ ထည့်သွင်းထားခြင်း ဖြစ်တယ်။cmos setup utility ဆိုတာက program တစ်မျိုးပါ bios ထဲမှာထည့်သွင်း ထားခြင်း ဖြစ်ပါတယ်။ဒီ cmos chip utility program က အပေါ်ကပြောသလိုဘဲ bios ထဲကနေ ကျွှန်တော်ပြောင်းလိုက်တဲ့ harddisk က information and details များကို auto changing ပေးသွားခြင်းပါ။အဲ့လို အချက်အလက်တွေကို ဘယ်မှာ ထည့်ထားတာလည်း ဆိုတော့ cmos chip အပြားလေးထဲ မှာထည့်သွင်းထား ခြင်းဖြစ်ပါတယ်။ဒီအပြားလေးက ဘယ်မှာ ရှိတာလည်း။Cmos battery လေးတော့ ကြားဖူးလောက်မှာပါ။ဒီ battery လေးက cmos chip က ပြောင်းလည်းလိုက်တဲ့ အချက်အလက်တွေကို မပျောက်ပျက်သွားအောင် cmos battery ထည့်သွင်း ထားခြင်းပဲဖြစ်တယ်။ထိန်းချုပ် ထားခြင်းသဘော မျိုးလည်းဖြစ်ပါတယ်။Cmos Battery ကိုအပေါ်ဆုံးကပုံမှာပါပါတယ်။Cmos chip ကိုအောက် ကပုံမှာကြည့်ပါ။





ဒါက cmos chips များဖြစ်တယ်။Mother board အလိုက် company name အရ series အရ တစ်ခုနဲ့တစ်ခု ပြောင်းလည်းမှုရှိပါတယ်။ခုလက်တလော ကွန်ပျူတာကို စဖွင့်ပြီး post လုပ်ပြီး del key နဲ့တစ်ချို့ဘုတ်တွေဆို f10 ရှားသည် bios ထဲကိုဝင်ေ၇ာက်တယ် ဆိုပါတော့။ခုလက်၇ှိ တစ်ဆင့်ကိုရှင်းပြပေး ပါ့မယ်။သိသလောက် ပေါ့။အပေါ်က ပြောထားတဲ့ bios ထဲကိုထည့်သွင်းထားတဲ့ cmos set up utility ဆိုတာ ဘာလည်း ဘယ်လိုအ ပိုင်းတွေမှာ ပတ်သတ်တာလည်း ပုံကိုကြည့်ပါ




Standard CMOS Features ဆိုတာက အပေါ်ကပြောသလိုဘဲ cmos setup utility in bios ထဲက program အလုပ်လုပ်တဲ့နေရာပါ။Enter ခေါက်ကြည့်လိုက်ပါ။




ဒီပုံလေးကတော့ (IDE - Connector (၂) ခု(SATA - HARDISK တပ်တဲ့ SATA - Connector (၁))အဲလိုတပ်ထားတာပါ အနီရောင်လေးထောင့်ကွက်လေးကိုကြည့်ပေးပါ။ကျွှန်တော်သိသလောက်တော့ သူ မားသားဘုတ်က - ပါတာက IDE - Cable တပ်တဲ့ IDE - Connector (2) ခု(SATA - HARDISK တပ်တဲ့ SATA - Connector (1)ပါတယ်ဗျ။ ဘာကြောင့်အဲလိုပြောရတာလဲဆိုတော့ Mactor 6y160M0 ကိုတွေ့လားအဲဒါကသူကသူရဲ့မားသားဘုတ်-က SATA Connector ပေါ်မှာ(SATA -HARDISK)တပ်ထားလို့ဗျ ( SATA Connector ဆိုတာ SATA - Cable နဲ့တူဘူးဗျ” မားသားဘုတ်ပေါ်က ( SATA HARDISK ) တပ်ဖို့ထားပေးတဲ့SATAConnectorကိုပြောတာပါရှင်းသွားအောင်ပုံကိုထပ်ကြည့်ပေးပါ
အောက်ကပုံကိုထပ်ကြည့်ပေးပါ




နံပါတ် (1)(IDE – Hardisk တပ်တဲ့ IDE - Connector (2)ခု)

နံပါတ် (2)(SATA – Hardisk တပ်တဲ့ SATA - Connector (2)ခု)


အပေါ်က mother board နဲ့ကိုက်မယ်ထင်တဲ့ Stand Cmos Setup ပုံလေးကို google sever ကပဲ၇ှာလိုက်တာပါကျွှန်တော်





PHOTO - (1) သည် အပေါ်ပုံက နံပါတ် (1) နေရာမှာ ဟက်ဒစ်တပ်ရင်အဲနေရာမှာ ဟက်ဒစ် ဝင်ရင် ပြပါသည်။လောလောဆယ်ပုံမှာက(None)ဆိုတာကမတက်ထားလို့ပါ

PHOTO - (2)သည် IDE Channel 3 slave(SANSUNG HD 103UJ) အဲဒါက နံပါတ် (2) ရဲ့ SATA - Connector မှာ SATA -ဟက်ဒစ်လေး (1)လုံးတပ်ထားလို့ပေါ်တာဗျ {HL - DT - ST BDDVDRW - သည်ပုံ(2) မှာသူ့က DVD SATA ROM (RW)တပ်ထားလို့ပါ။ဒီကောင်တွေကို ကျွှန်တော်တို့ motherboard ပေါ်မှာ တပ်ဆင်မှု အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာကို enter ခေါက်ကြည့်ပါ။တကယ်လို့ auto detecting ဖြစ်နေပါတယ်ဆိုလျှင် ဒါဆို လက်ရှိ motherboard ပေါ်မှာ ခုပြထားပေးတဲ့ hardware ပစ္စည်းများအားလုံး တပ်ဆင်မှု အောင်မြင်ပါတယ်။ဥပမာ ဆိုလျှင်တော့ hardisk တစ်လုံးတပ်ဆင်ထား တယ်ဆိုလျှင် စက်မှာ တပ် ဆင်ပြီးဆိုလျှင် နောင့်တစ်ဆင့်က bios ပိုင်းကို ဝင်ပြီး ခုကျွှန်တော်ပြောပြထားတဲ့နေရာမှာ ကြည့်ကြည့်ပါ။တကယ် လို့ဒီနေရာမှာ ဝင်နေရင် auto detect ဖြစ်နေလျှင် ဒါဆိုလျှင် hardisk ထဲ့မှာ ဝင်းဒိုး တင်ထားလျှင် ဒါဆိုလျှင် window တက်သွားမှာဖြစ်ပါတယ်။Frist boot device နေရာမှာ hardisk တော့ဖြစ်ဖို့ လိုတာပေါ့။
လက်တလောက် အခြေအနေနှင့် အနည်းငယ် တီးခေါက်မိ လောက်ပါပြီ။နောင့်ပိုင်း setting ပိုင်းတွေကို ကျွှန်တော် အချိန်ရရင်ရသလိုရေးပေးပါ့မယ်။ကျွှန်တော့် ရေးတာ မရှင်းလင်းတာ ရိုင်းတာများရှိရင်ခွှင့်လွှတ်ပေးပါ သူငယ်ချင်းများ ပျော်ရွှင်ပါစေ ခင်ဗျာ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: