Friday, October 8, 2010

Microsoft Office Picture Manager

ကျွှန်တော်လည်း လက်တလောစက်က ဗိုင်းရပ်စ်ကိုက်နေတာနဲ့ လေးလံနေတာ။ဒီတော့ photo တစ်ပုံကို ပုံမှန် Microsoft office မှာပါတဲ့ Microsoft Office Picture Manager ကိုသုံးပြီး dark ness မှောင်နေတဲ့ပုံကို light ness and darkness အလင်းအမှောင် ချိန်ညှိပြမလို့ပါ။ပုံတစ်ပုံကို ကျွှန်တော်တို့ Microsoft office လောက် installation လုပ်ထားလျှင် ရှိတဲ့ Microsoft Office Picture Manager အသုံးဝင်ပုံကို သိစေချင်တာပါ။အရင်ကလည်း Micro soft One Note အသုံဝင်ပုံကို ရေးပြပေးဖူးပါတယ်။လေ ရှည်သွားတယ်။






ပုံမှန် desktop မှာရှိတဲ့ ကိုယ် light ness ချိန်ခြင်တဲ့ ပုံတစ်ပုံကို mouse pointer ထောင့်ပြီး ဆွဲထည့်ပါတယ်။




Microsoft Office Picture Manager က Picture ကိုသွားပြီး light ness လင်းအောင်ချိန်ပြပေးမည် ဖြစ်တဲ့အတွက် Brightness and Contrast… ကိုနှိပ်ပါတယ်။




Brightness မှာနဂို default က 0 ပါ။ဒါကိုကိုယ်က 36 ထိချိန်လိုက်ပါတယ်။ကိုယ်နဲ့ကိုက် လောက်မယ်ထင်နေ အနေအထား အချိန်ဆကို ချိန်ယူပါ။တကယ်လို့ မှားယွင်းသွား၇င် Auto Brightness ကိုပြန်နှိပ်လိုက်ပါ။နဂို default 0 အနေထားကို ပြန်ရောက်သွားပါမည်။





Dark ness မှောင်အောင် ပြန်ချိန်ချင်ရင်တော့ အပေါ်က Bright ness ကိုပဲ နောင့်သို့ပြန်ဆွဲလိုက်ပါ။-42 လောက်ထိတော့ ချိန်ပြထားပေးပါတယ်။ပြောချင်တာက သီးခြား softwares များသုံးစွဲစရာမလိုဘဲ ကိုယ့်စက်က မူပိုင် Microsoft office ကို installation လုပ်ထားလျှင်ကို ပုံတစ်ပုံကို light ness and dark ness အလင်းမှောင်လောက်တော့ ချိန်ညှိတက်အောင်ပါ။လုပ်ကြည့်ပါ ကျွှန်တော်ထက် အများကြီး ပြင်ဆင်နိုင်မှာပါ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: