Tuesday, October 19, 2010

Pdf or Word file to Jpeg image


မနေ့ညက သူငယ်ချင်းတစ်ယောက်မေးတာပါ။သူက ဒီလိုပါ ကျွှန်တော်တို့ pdf file ကနေ ပုံတွေကို Microsoft word ထဲ့ကိုထည့်ခြင်လို့တဲ့။တစ်ချို့က Microsoft word file .doc file တွေကို pdf to word converter တွေနဲ့ခံပြောင်းလေ့ရှိပါတယ်။အဲ့တော့ သူငယ်ချင်း မင်း Microsoft word ကိုအရင်ပြောင်းပြီးမှ ပုံတွေကို ကူးယူ ပါလားဆိုတော့ သူက”ငါလိုချင်တာ စာတွေမဟုတ်ဘူးတဲ့ ပုံချည်းသက်သက်ပဲ”ဆိုတော့ အခက်ခဲဖြစ်နေ တယ်။ဒီတော့ ကျွှန်တော် အဲ့လောက်တော့ ရေးပေးပါ့မယ်။ဒီလိုရှိပါတယ်။ကျွှန်တော်တို့ လက်၇ှိ ဝင်းဒိုး os က paint utility အသုံးဝင်ပုံကို သတိမထားမိလို့ဖြစ်တာပါ။လက်ရှိအနေထားလောက်နဲ့ .pdf file to .jpg image ပုံတစ်ပုံကို ပြောင်းပြပါ့မယ်။ပြောင်းတက်သွားလျှင် လက်ရှိ Microsoft word to .jpg လည်းပြောင်းတာ အလိုလိုတက်ပြီးသားပါ။အခက်ခဲတွေကို အရင်ချရေးပြပေးမယ်။




ဒီလိုအခက်ခဲ့ တစ်ခုရှိပါတယ်။လက်တလော ဇယားကွက်တစ်ကွက်ကို copy image ကို drag ဆွပြီး လုပ်ပါတယ်။ပြီးလျှင် run command box ကနေ mspaint လို့ရိုက်ပြီး window paint မှာ Cntrl + V ကိုနှိပ်လိုက်လျှင် ပုံကပေါ်မလာဘဲ အမည်းကြီးဖြစ်လာတက်တယ်။Pdf file တိုင်းကို မဆိုလိုပါ။အရင်ဘလော့လ် တုန်းက ကျွှန်တော် A++ စာအုပ်ကို ကိုလိုတဲ့နေ၇ာလောက်ကနေ ဆွဲထုတ်ပြီး ပို့စ်တစ်ပုဒ်အနေနှင့် ရေးသားခဲ့ ဖူးပါတယ်။ဆိုလိုချင်တာက အလားတူပုံအမည်းကြီး ဖြစ်သွားတယ်ဆိုတာ pdf file တိုင်းက ပုံတိုင်းကိုမဆိုဘူး ဆိုတာသိစေဖို့ပါ။ဒီတော့ ဒီနည်းနဲ့မရတော့ တစ်နည်းတော့ရှိတယ်။ကျွှန်တော်တို့ နေ့စဉ်တဂျောက်ဂျောက် ရိုက်နေတဲ့ keyboard လက်ကွက်တွေမှာ Print Screen Sys Rq ကီးလက်ကွက်ကို သတိမထားမိလို့ပါ။ဆိုလို ချင်တာက ကိုယ်လိုချင်သော ပုံကိုဖွင့်ထားပါ။ပြီးလျှင် ကီးဘုတ်ကနေ Print Screen Sys Rq ကီးကိုနှိပ်ပါ။ပြီလျှင် run ကနေ mspaint လို့ရိုက်ထည့်ပြီး cntrl + v ကိုနှိပ်ပြီး past ပေးခြင်းသဘောပါ။အောက်က ပုံကိုကြည့်ပါ။




အရင်ဆုံး keyboard Print Screen Sys Rq ကိုနှိပ်ပြီး cntrl + v ကီးနှိပ်လိုက်လျှင် window paint မှာ ပုံက ဝင်သွားမှာဖြစ်ပါတယ်။ပြီးလျှင် Select ဆိုတာ cutting picture လုပ်ဖို့ကိုနှိပ်လိုက်ပြီး ကိုယ်လိုချင်သောပုံကို mouse drag နဲ့ဆွဲပါ။လိုသလောက်ပေါ့။ပြီးမှာ r click ပေးပြီး Cut ကိုပေးလိုက်ပါ။




ပြီးလျှင် Paint menu ကနေ New ကိုခေါ်ယူပါ။ဒါဆို ပုံစံသစ်ကိုရောက်သွားမှာ ဖြစ်ပါတယ်။




ပြီးလျှင် ခုလက်ရှိနဂို pixels များမှ ကိုယ်လိုချင်သော ပုံထက် pixels ကိုနည်းလိုက်ပါ။ဆိုလိုချင်တာက pixels များနည်းလိုက်မှာ ကိုယ်က အပေါ်က cut လုပ်လိုက်သော ပုံကို cntrl + v ကိုနှိပ်လိုက်လျှင် ကွက်တိကျမှာပါ။


ဒီပုံလို ကွက်တိကျသွားမှာပါ။ပြီးလျှင်ကိုယ်လိုချင်သော ထားချင်သော output destination တစ်နေရာကို ထားလိုက်ပါ။ဆိုလိုချင်တာက paint menu ကနေ




ပြီးလျှင် Save ကနေ file name ကိုကြိုက်တာပေး Save as type ကိုတော့ ပုံတွေများစုက .jpg or jpeg file type နဲ့သုံးတာများလို့ ဓတ်ပုံများလည်း ဒီဖိုလ်အမျိုးအစားပါ။.jpg or jpeg ကိုေ၇ွှးပေးလိုက်ပီး Desktop မှာ save ပေးလိုက်လျှင် အဆင်ပြေပါပီ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်



0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: