Friday, October 22, 2010

သီတင်းကျွှတ်လပြည့်


ဘဝတွေ ဘယ်လောက်ခက်ထန်ပါစေ ဒုက္ခလိုင်းတွေ ဘယ်လောက်တိုက်ခက်ပါစေ လောဘအပူတွေ ဘယ်လောက် လောင်ကျွှမ်းပါစေ ထိုအပူတွေနဲ့သားသမီးတွေကို စားဝတ်နေရေး မပျောက်အောင် စောင့်ရှောင့် ခဲ့တဲ့အဖေ။အသက်ပင်ရင်းပြီး ရင်ထဲနွယ်ပြီး မေတ္တာဖြင့် ဘဝလှမ်းကြောင်းဖြောင့်အောင် လမ်းပြပေးခဲ့သူ အမေ။မိဘသည် ဘယ်လိုပင်ဘာပင်ဖြစ်ဖြစ် မိဘဆိုတာ မိဘပါဘဲ။ဒီအရွှယ် ဒီပညာ ဒီပိုက်ဆံရအောင် ဒီအနေထား ခြေခိုင်အောင် ဘယ်သူလုပ်ပေးလည်းလို့ မေးလာလျှင် အဖေနှင့်အမေပါ။ဒီသီတင်းကျွှတ်လပြည့် မှာ မိဘနှစ်ဦး နှင့်အနန္တောအန္တာတငါးပါးအား ဦးထိပ်ထားပြီး ၇ှိခိုးကန်တော့လိုက်ပါသည်။
ဘုရားကဟောဖူးပါတယ်။မိဘကျေးဇူးဆိုတာ ဘယ်လောက်ဆပ်ဆပ်ကုန်တယ် ဟူပြီးမရှိပါ။ထို့အချက်နဲ့အတူ နည်းနည်းလေး ဆွေးနွေးပြမယ်နော်။ကျွှန်တော်တို့တွေ ဒီအလုပ်ဒီကိုင်နဲ့ ဒီအရွှယ် ထိရောက်အောင် ကျွှေးမွေး ခဲ့သူသည် မိဘနှစ်ပါးပင်ဖြစ်သည်။မိဘနှစ်ပါးသာ မပြုစုမစောင့်ရှောင့်ခဲ့လျှင် ဒီအရွှယ်ဒီထမင်းဒီဥစ္စာ ဒီပညာကို ရစရာ အကြောင်းကိုမရှိပေ။ထို့ကြောင့် မိဘကျေးဇူးသည် ပဦးဆုံးဆပ်သင့်သော ကျေးဇူးတစ်၇ပ်ပင် ဖြစ်သည်။ညအိပ်ခါနီးဆို တွေးလေ့တွေးထရှိသည့်အဖေ မနက်ဖြန်ငါ့သားသမီးတွေ ကျောင်းလခ ရှိသေးတာပဲ သူတို့ကို ရှင်ပြုပေးရမှာပဲ ဒီတော့ ငါတက်နိုင်သလောက် ငါရှိသရွှေ့ ငါ့သားမီး မငတ်စေရဖူးဆိုသည့် အတွေးသည် ဖခင်တိုင်းဧ။် စိတ်ထွင် ကိန်းအောင်းနေတက်သည်။မကိန်းအောင်းသည့် ဖခင်ဟူပြီးကမ္ဘာမှာမရှိပေ။

တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့ ဆိုရိုးစကားရှိခဲ့တယ်လေ။မိဘဆိုတာ ကျွှေးခဲ့သော ထမင်းသည် တစ်လုပ်မကပင် ရှိပါသည်။ရေတွက်လို့မရနိုင်ပါ။ထို့ကြောင့် မိဘသည်အချိန်တန် အိုကြသေကြဦးမည်။မိဘကျေးဇူးကို မသေခင် ဆပ်ပါ သေမှမငိုပါနဲ့ ဆိုတဲ့စကားသည်မှန်ပါသည်။ကျွှန်တော်တို့ အသက်အရွှယ်သည် နောင့်တွင် မိဘနေရာ ဝင်ဦးမည်ဖြစ်သည်။မိဘသည် အိုကြသည့်အခါ အမှီသဟဲဆိုလို့ သားသမီးအပေါ်တွင်သာ ရှိပါသည်။ထို့ကြောင့် ကျွှန်တော်တို့လည်း တစ်ချိန်အိုကြသည့်အခါ အမှီသဟဲဆိုလို့ ကျွှန်တော်တို့ သားသမီးသာရှိပါသည်။ထို့ကြောင့် မိဘကို တက်နိုင်သလောက် ကိုယ်အသက်ရှင်နေထိုင်သရွှေ့ကျွှေးမွေး စောင့်ရှောက်သင့်ပါသည်။လောကတွင် အကြီးမားဆုံး ကုသိုလ်တစ်ရပ်သည် မိဘကို ရဟန်းဝတ်ပေးသည့်ကုသိုလ်ပင်ဖြစ်သည်.တစ်နည်းဆိုရသော် ဓမ္မအမွေ ပေးခြင်းပင်ဖြစ်သည်။မိဘဆိုသည် အချိန်တန် သေကြရမည်ဖြစ်သည်။ထို့ကြောင့် မသေခင်ကျွှန်တော်တို့သည် တက်နိုင်သည့်အားနှင့် ကျွှေးမွေးစောင့်ေ၇ှာင့်သင့်ပါသည်။ခု ကျေးဇူးဆပ်လိုက်သော ကျေးဇူးသည် ငယ်စဉ်မွေး ဖွားကတည်းက ဒီအရွှယ်ရောက်အောင် မိဘစောင့်ရှောက် ခဲ့သည်ကျေးဇူးသည် သည်ထက်မက များပေသည်။ နိုင်းလို့မရပေ။နိုင်းလို့လည်းမရပါ။မိဘကျေးဇူး သိတက်သော သားသမီးသည် သေသည့်တိုင် ထမင်းမငတ်ပေ။ထို့အတူ နောင်ဘဝ သံသရာတွင်လည်း ကောင်းစားမည် ဖြစ်သည်။ထို့ကြောင့် ကျွှန်တော်တို့ အသက်ရှင်သေးသရွှေ့ ကိုယ့်မိဘအသက်ရှင်သေး သရွှေ့ တက်နိုင်သလောက် ကျေးဇူးဆပ်ကြပါ။ထို့အတူ တစ်ခြားအသက်ကြီးရွှယ်အိုများ လည်း ကျေးဇူးဆပ် နိုင်သော သားကောင်းသမီးများ ဖြစ်ကြပါစေ။ တခြားသက်ကြီးရွှယ် အိုသူမများသည်လည်း တစ်ချိန် တစ်ဘဝက ကိုယ့်မိဘတော်စပ်ဖူးပါသည်။လောကတွင် အမျိုးမတော်စပ်သူသည် မရှိပါ။ဗုဒ္ဓကဟောထားပါသည်။ထို့ကြောင့် အသက်ရှင်သေးသရွှေ့ ကိုယ့်ထက်ချို့တဲ့သော လူသားများနှင့် လောကတစ်ထောင့်တစ်နေရာတွင် လိုအပ် နေသော ဖြည့်စွက်ချက်များကို အကျိုးပြုနိုင်သော အမျိုးကောင်းသားသမီး များဖြစ်ထွန်းပါစေလို့ ကျွှန်တော်မှ ဆုတောင်းပေးလိုက်ပါသည်။အောင့်မှာ မိဘကျေးဇူး တရားလေး တင်ထားပေးပါသည်။ပျော်ရွှင်ပါစေ သူငယ်ချင်းများ posted by ပီးသား

0 ဒီပို့စ်ကို ဖြည့်စွက်ချက်ရေးသားရန်: